”ကျနော် ၁/၂၀၂၄ က သင်တန်းဆင်းပါတယ်။ သင်တန်းမှာ သင်တန်းသားဦးရေ ၆၉၉ ယောက် ရှိပါတယ်။ ကျနော်တို့လည်းပဲ သူတို့လည်း ပေါ်တာဆွဲခံရတာများပါတယ်။ ထွက်ပြေးတဲ့သူလည်း များပါတယ်။ ပြန်ဖမ်းမိရင် ရုံးထဲမှာ ထိပ်တုံးခတ်ထားပြီး ရိုက်နှက်ပါတယ်။ လက်ကျိုးခြေကျိုးဖြစ်တာတွေလည်း တွေ့ခဲ့ရပါတယ်”

အကြမ်းဖက်စစ်ကောင်စီဟာ မြန်မာပြည်နေရာအနှံ့စစ်ရှုံးပြီး စခန်းပေါင်းများစွာကို လက်လွှတ်ဆုံး ရှုံးလာတာနဲ့အမျှ စခန်းတွေကို လက်ပူတိုက် သင်တန်းပေးထားတဲ့ တပ်ဖွဲ့ဝင်သစ်တွေနဲ့ ပြန်လည်သိမ်းပိုက်နိုင်ဖို့ အပြင်းအထန်ကြိုးစားလာတယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

တပ်သားသစ်တွေဟာ အထက်တပ်မှူးတွေရဲ့ ဗိုလ်ကျအနိုင်ကျင့်မှု၊ ညှင်းပန်းနှိပ်စက်မှုနဲ့ တိုက်ခိုက် လိုစိတ်မရှိတာတွေကြောင့် တပ်ထဲကနေ ထွက်ပြေးလျက်ရှိတယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အတင်းအဓမ္မစစ်သားစုဆောင်းခြင်းခံရပြီး ညှင်းပန်းနှိပ်စက်ခံနေရတဲ့ မြန်မာပြည်အနှံ့က လူငယ်တွေအနေနဲ့ အာရက္ခတပ်တော်ထံ ဘက်ပြောင်းချင်ရင် မိမိတပ်ရှိရာနေရာ မည်သည့်နေရာကနေမဆို အချိန်မရွေးဘက်ပြောင်းလာနိုင်ပြီး အလင်းဝင် ဘက်ပြောင်းလာသူတွေရဲ့ အသက်နဲ့ လုံခြုံမှုရရှိစေရေးကို အာရက္ခတပ်တော် (AA) က အာမခံကြောင်း ထုတ်ပြန်ထားပါတယ်။

Video – AAInfoDesk

0 Shares:
You May Also Like
Read More

KNU-ညောင်လေးပင်ခရိုင် KNLA-တပ်မဟာ(၃)နယ်မြေမှ ထွက်ပြေးလွတ်မြောက်လာသည့် တပခ လက်အောက်ခံ ခမရ(၂၀) – ပစ/ တပ်သား- ညီလွင်၏ ပြောကြားချက် (ရုပ်/သံ)

''စစ်မှုထမ်းဥပဒေဆိုတာ ရှိတာ တိုးတက်တဲ့နိုင်ငံတွေမှာလည်းလုပ်တာပဲ။ အခုဟာက လူသားတံတိုင်းလုပ်တယ်ပေါ့။ လူသားစားနေသလိုပဲ။ အဲလိုပဲမြင်တယ်။ ဒီလိုမျိုးစစ်ပွဲကြီးတွေထဲမှာ ကျွန် တော်တို့လိုစစ်ပွဲအကြောင်းနားမလည်တဲ့ သူတွေ ရှေ့တန်းပို့တာတို့၊ သေတဲ့သူတွေကလည်း သေကုန်ကြပြီ ကျွန်တော်တို့နဲ့ တစ်ပတ်စဉ်ထဲလူတွေ။ သူတို့ဆိုလည်း သာမန်ပြည်သူဘဝကနေပြီးတော့ အိမ်ပြင်ခဏလေးထွက်လိုက်တာ ပါလာတာတို့၊ ခရီးသွားနေရင် ပါလာတာတို့၊ အိမ်ထဲထိ ဝင်ဖမ်းတာတို့၊ အချို့ကလည်း ပိုက်ဆံနဲ့ လူစားလိုက်လာတာပေါ့''
Read More

Loikaw Local PDF ထံသို့ လက်နက်နှင့် အလင်းဝင်ရောက် ခိုလှုံခဲ့သည့် တပ်သား မျိုးသက်ဦး၏ ရင်ဖွင့်စကားသံ (ရုပ်/သံ)

"အိမ်ကို စာရောက်လာတယ်၊ မဲပေါက်တယ်ဆိုပြီးတော့၊ အိမ်ကလည်း အရမ်းစိုးရိမ်တယ်။ လာပြီး ခြိမ်းခြောက်တယ်၊ အိမ်ကို ချိတ်ပိတ်မယ်၊ မလိုက်လို့ရှိရင် ဖမ်းမယ်ဆိုပြီး မိဘတွေကို ခြိမ်းခြောက်တယ်။ အဲဒါနဲ့ ဒီဘက်ကို ရောက်လာတာပါ''
Read More

စစ်ကောင်စီ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး မြင့်ထွေးက တပ်သားများကို စစ်ဆင်ရေး စရိတ်နဲ့ လစာ မပေးဘဲ စစ်တိုက်ခိုင်း (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဗန်းမော်တိုက်ပွဲအတွင်း အမှတ် ၃ ဝန်တင်တပ်ရင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မြင့်ထွေးက တပ်သားတွေကို စစ်ဆင်ရေး စရိတ်နဲ့ လစာတွေ မပေးဘဲ စစ်တိုက်ခိုင်းကြောင်း ဝန်တင်တပ်ရင်းကနေ အလင်းဝင်လာတဲ့ လုပ်သက်ရင့် တပ်ကြပ် ၃ ယောက်က ပြောခဲ့ကြပါတယ်။
Read More

ခြေတစ်ဖက် စွန့်ခဲ့ရပေမယ့် ဧရာဝတီကိုပြန်ပြီး ကြမ်းဖို့ ရည်ရွယ်ချက်နှင့် ဧရာဝတီသား ရဲဘော်အောင်ဟိန်း (ရုပ်/သံ)

"ခြေထောက်ပြတ်တဲ့ကိစ္စက ကျနော်က စစ်တပ်ရဲ့ M14 မိုင်းကိုနင်းတာ၊ ကျွန်တော် ဘာခံစားရလဲဆိုတော့ ကျနော့်စိတ်က ဧရာဝတီမှာပြန်ပြီးတော့ ကြမ်းဦးမှာ၊ ဧရာဝတီမှာရှိတဲ့ 6ခွးတွေကို ကျနော်ပြန်သတ်ဦးမှာ ကျနော်ပြန်ပြီးတော့ လုပ်ဦးမှာ။ အဲဒါ့ကြောင့်မို့လို့ ကျနော် တပ်မဟာ ၆ ကနေ ၅၊ ၅ ကနေပြီးတော့ ဧရာဝတီနဲ့နီးပါတယ်ဆိုတဲ့ ပဲခူးထိကို ကျနော် ပြန်ဆင်းတယ်။ ရောက်အောင်ပြန်သွားခဲ့တယ်။ အဲ့ကနေတဆင့် ဧရာဝတီကို ပြန်ဝင်မယ်ပေါ့"
Read More

၁၆ ပေါင်ခန့်လေးသည့် စနိုက်ပါကို ထမ်းပြီး အမျိုးသားများနှင့်တန်းတူ တိုက်ပွဲဝင်နေသည့် ရဲဘော် မိကောက် (ရုပ်/သံ)

၁၆ ပေါင်ခန့်လေးတဲ့ စနိုက်ပါထမ်းပြီး ယောက်ျားလေးတွေနဲ့ တန်းတူတိုက်ပွဲဝင်နေတဲ့ ရဲဘော် မိကောက်ရဲ့ လူငယ်ဘဝကို စွန့်ပြီး တောထဲ ဖြတ်သန်းနေရတဲ့ ဘဝတစ်စိတ်တစ်ပိုင်းအကြောင်းကို အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ မှာ မှတ်တမ်းရုပ်သံအဖြစ် ထုတ်ပြန်ခဲ့ပါတယ်။