ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၂) ယောက် သေဆုံးခဲ့ပြီး (၅) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၁၄ ရက် မနေ့က ညနေပိုင်းက သီပေါမြို့၊ တောင်မြို့ရပ်ကွက်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် (၂၅၀) ဗုံး (၄) လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား (၂) ယောက် ပွဲချင်းပြီးသေဆုံးခဲ့ပြီး အမျိုးသမီး (၁) ယောက်နဲ့ အမျိုးသား (၄) ဦးတို့ ထိမှန်ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ် (၅) လုံးလည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ (၁၃) ရက်ကလည်း မိုးကုတ်မြို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် (၂) ယောက် အပါအဝင် ပြည်သူ (၆) ယောက် ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် (၆) လုံးလည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

တိုက်ပွဲပြင်းထန်နေတဲ့ ပုလဲမှာ စစ်တပ်ရဲ့လေကြောင်းရန်ကြောင့် အရပ်သား တစ်သောင်းနီးပါး စစ်ဘေးရှောင်နေရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်မှာ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေရာ အရပ်သား ၁သောင်းနီးပါး စစ်ဘေးတိမ်းရှောင်နေရကြောင်း စစ်ကိုင်းပြည်သူ ဖေးမကူ ကွန်ရက်ထံက သိရပါတယ်။
Read More

ကျောက်မဲမြို့နယ် စစ်ဘေးရှောင် ပြည်သူများအတွက် SSPP/SSA စားနပ်ရိက္ခာများ ထောက်ပံ့ကူညီ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာတွေ ထောက်ပံ့ကူညီခဲ့တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီက လူငယ်တွေကို အပျော်အပါးနဲ့ ဖျက်ဆီးကာ စစ်မှုထမ်းဖို့ ဆွဲဆောင်နေ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်မှာ ပေါ်တာဆွဲဖမ်းဆီးခံရတဲ့ လူငယ်တွေကို စစ်ကောင်စီက ပျော်ပါးခွင့် အပြည့်ပေးထားကာ စစ်မှုထမ်းဖို့ ဆွဲဆောင်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
Read More

လက်ပံတန်း ကျောက်တွင်းရွာလမ်းဆုံ စစ်တပ်ဂိတ် တိုက်ခိုက်ခံရပြီး စစ်ကော်မရှင်တပ်သား ၅ ဦး သေ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်မှာ စစ်ကော်မရှင်တပ်ရဲ့ ဂိတ်စခန်းတစ်ခုကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ပဲခူးရိုးမ PDF - ဗျူဟာ ၂၂ က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကိုင်းနှင့် ညောင်ဦးရှိ တော်လှန်ရေးအင်အားစုများထံ စစ်မှုထမ်းတပ်သား ၂ ဦး ထွက်ပြေးအလင်းဝင်

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နဲ့ မန္တလေးတိုင်း ညောင်ဦးမြို့နယ်တို့မှာ ပေါ်တာဆွဲဖမ်းဆီးခံထားရတဲ့ စစ်မှုထမ်းတပ်သားတွေ တော်လှန်ရေးတပ်ဖွဲ့တွေဆီ ကိုယ်စီထွက်ပြေးအလင်းဝင်ရောက်လာကြောင်း သက်ဆိုင်ရာအဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။
Read More

တောင်သာမြို့ပေါ် ဌာနဆိုင်ရာရုံးများကို ပြည်သူ့ကာကွယ်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်၊ စစ်တပ်လက်​အောက်ခံဝန်ထမ်းများ ထွက်ပြေးသွားသည့် မြေစာရင်းရုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့

မန္တလေးတိုင်း၊ မြင်းခြံခရိုင်မှာ ၉/အညာမြေစစ်ဆင်ရေးအဖြစ် တောင်သာမြို့ပေါ်က စစ်ကောင်စီ ဌာနဆိုင်ရာရုံးတွေကို တပြိုင်နက်တည်းဝင်ရောက်တိုက်ခိုက်ရင်း မြေစာရင်းရုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်း-၃ သတင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။