စစ်ကိုင်းတိုင်း၊ မင်းကင်းမြစ်ရိုးဒေသမှာ နေထိုင်ကြတဲ့ ပြည်သူတွေ သွားလာမှု လွယ်ကူစေရေး၊ ကုန်စည် ကူးသန်းမှု မြန်ဆန်စေရေးအတွက် မြစ်ရိုးအောက်ပိုင်းမှာ လမ်းသစ် တစ်လမ်းကို အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ရှိ ပကဖ နဲ့ ပအဖတို့က ပြုပြင်ဖောက်လုပ်ပေးနေတယ်လို့ သိရပါတယ်။

အဆိုပါ လမ်းဖောက်လုပ် ပြီးစီးမှုကို မြို့နယ်တာဝန်ခံက ဇူလိုင်လပိုင်းအတွင်း သွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်ချက်တွေ မှာကြားခဲ့တယ်လို့ သိရပါတယ်။

စိုးမိုးဒေသ ကုန်ထုတ်လုပ်ရေး လုပ်ငန်းတွေ ခိုင်မာအားကောင်းလာစေရေးနဲ့ အများပြည်သူ ကူးသန်းသွားလာမှု မြန်ဆန်စေရေးအတွက် ပကဖ အဖွဲ့တွေ စီမံဆောင်ရွက်နေတယ်လို့ ဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

လက်ပန်လှရွာ ရဲစခန်းကို စစ်တပ်ဗုံးကြဲမှုကြောင့် အကျဥ်းသားနှင့် သံသယတရားခံ ၂၂ ဦး သေဆုံးပြီး အယောက် ၃၀ ဝန်းကျင် ဒဏ်ရာရ၊ ရွှေပန်းတောရွာတွင်လည်း ၂ ဦး အသက်ဆုံးရှုံး

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာနဲ့ ရွှေပန်းတောကျေးရွာကို အကြမ်းဖက်စစ်ကောင်စီ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၂၄ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အယောက် ၃၀ ဝန်းကျင် ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်ပါတယ်။
Read More

ဝက်လက်မှာ ကင်းတံခါးလာပိတ်တဲ့ စစ်အုပ်စုတွေ ပစ်ခတ်ခံရပြီး ၃ ယောက်သေ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ ကင်းတံခါးပေါက် လာပိတ်တဲ့ စစ်ကောင်စီတပ်​ဖွဲ့ဝင်တွေတိုက်ခိုက်ခံရပြီး ၃ယောက်သေဆုံးသွားကြောင်း ကြောင်လက်သည်းအဖွဲ့ထံက သိရပါတယ်။
Read More

မင်းတပ်မြို့တွင် အစုပြုံလိုက်ဗုံး (Cluster Bomb) များ အသုံးပြုကာ စစ်ကောင်စီ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်၊ အရပ်သား ၂ ဦး သေဆုံးပြီး ၁၁ ဦးဒဏ်ရာရ

ချင်းပြည်နယ်၊ မင်းတပ်မြို့၊ တိုက်နယ် အမှတ် (၁) အတွင်းက ကျေးရွာတွေမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ယောက် သေဆုံးပြီး ၁၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။
Read More

မိုးကုတ်ဗျူဟာ၏ လက်နက်ကြီးသင်တန်းအပတ်စဉ်(၃) သင်တန်းဆင်းပွဲ အခမ်းအနား (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်လက်အောက်ရှိ မိုးကုတ်မြို့နယ်နဲ့ ထိစပ်နေတဲ့ မြို့နယ်တွေက တပ်ရင်းတွေ စုဖွဲ့ထားတဲ့ မိုးကုတ်ဗျူဟာက လက်နက်ကြီးသင်တန်းအပတ်စဉ်(၃) သင်တန်းဆင်းပွဲ အခမ်းအနားပြုလုပ်ခဲ့တယ်လို့ မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ထီးချိုင့်မြို့နယ်အတွင်း ပြည်သူများကို လေကြောင်းအန္တရာယ် အသိပညာပေး

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ထဲက ကျေးရွာတချို့ရှိ စာသင်ကျောင်းတွေနဲ့ စစ်ရှောင်နေရာတချို့မှာ ဇူလိုင်လအတွင်း လေကြောင်းရန်နဲ့ ပတ်သက်တဲ့ အသိပညာပေးမှုတွေနဲ့အတူ လေကြောင်း အန္တရာယ်ကို ကာကွယ်ဖို့ သရုပ်ပြ၊ ဇာတ်တိုက်လေ့ကျင့်မှုတွေကို ကျေးရွာလူ့အခွင့်အရေးတာဝန်ခံတွေက ဦးဆောင်ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

ခရီးသွားရင်း ပေါ်တာဆွဲခံခဲ့ရသည့် စစ်မှုထမ်းတပ်သားတစ်ဦး အလင်းဝင်

စစ်ကိုင်းမြို့နယ်အတွင်း ခရီးသွားရင်း စစ်ကိုင်းတံတားပေါ်မှာ ပေါ်တာဆွဲခံခဲ့ရတဲ့ စစ်မှုထမ်းတပ်သား တစ်ယောက်ဟာ ဇူလိုင်လ ၁၄ရက်မှာ အလင်းဝင်ရောက်လာတယ်လို့ ဆိပ်ဖြူတစ်ကိုယ်တော် ကျားဇိုးက မောင်းကို ပြောပါတယ်။