စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တောင်ခြမ်းမှာ အရက်ဝယ်ပြီးပြန်လာတဲ့ ပျူစောထီးတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တချို့ကို သွားရောက်တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ ရေဦးမြို့နယ် ဓူဝံ ပကဖ ဂျာဂျာ တော်လှန်ရေးအဖွဲ့ထံက သိရပါတယ်။

ဇူလိုင်လ ၁၄ရက် မနေ့က နေ့လယ် ၁နာရီခွဲလောက်မှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ဇီးကုန်းမြို့ အ.ထ.က (၁) ကျောင်းမှာ အထိုင်ချတပ်ဆွဲထားတဲ့ စစ်အုပ်စုကို ဝင်ရောက်တိုက်ခိုက်ဖို့ သွားတဲ့အချိန် အရက်ဝယ်ပြီး ပြန်လာတဲ့ ပျူစောထီးတွေနဲ့ စစ်ကောင်စီတပ်သား ၅ယောက်ကို တွေ့ရှိခဲ့ပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။

ပစ်ခတ်မှုအတွင်း စစ်အုပ်စု ၅ယောက်ထဲက ၄ယောက် သေဆုံးပြီး ၁ယောက် ထွက်ပြေးလွတ်မြောက်သွားကာ ကာဘိုင် ၂လက်၊ AK ၁လက်၊ အိုက်ကွန် ၂လုံးတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

“သွားပြီး ပစ်ခဲ့တာတော့ အ.ထ.က(၁) မှာ အထိုင်ချထားတဲ့သူတွေရော.. သူတို့တွေ အရက်သွားဝယ်တယ်ဆိုတာ အမြဲ သတင်းရနေလို့ရော တစ်ခုမရ တစ်ခု အကုန်ရရင်ရသလို လုပ်ဖို့ပါ” လို့ ရေဦးမြို့နယ် ဓူဝံ ပကဖ ဂျာဂျာ တော်လှန်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ အာဏာသိမ်းပြီးကတည်းက အဆိုပါ ဇီးကုန်းမြို့ အ.ထ.က(၁) ကျောင်းမှာ တပ်စွဲထားတာဖြစ်ပါတယ်။ အထက်ပါ တိုက်ခိုက်မှုကိုတော့ ကန့်ဘလူခရိုင် လှုပ်ရှား ပကဖ ဗိုလ်ရသ(ခ) ဗိုလ်ပိုင်ချဲ့အဖွဲ့နဲ့ ရေဦးနယ် ဓူဝံ ပကဖ ဂျာဂျာ တော်လှန်ရေးအဖွဲ့တို့ ပူးပေါင်းဖော်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

“ပစ်ခတ်မှုဖြစ်တာက မြို့အလယ်ခေါင် အ.ထ.က (၁) အနားမှာပါ။ သူတို့အထိုင်နဲ့ အနီးနားမှာပါ။ သူတို့ရဲ့ အလောင်းတွေကို ထွက်ပြီး တန်းမကောက်ခဲ့ပါဘူး။ အချိန်အတော်ကြာမှ လာကောက်တာပါ။ သွားပစ်တဲ့အချိန် အခက်အခဲကတော့ ဘာမှမရှိပါဘူး” လို့ အထက်ပါ တာဝန်ရှိသူက ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ (YRF) ဗဟိုကော်မတီဝင် ဘဏ္ဍာရေးဌာန ဌာနမှူး ရဲဘော်ကိုသန်းထိုက် (ခ) ညီညီ ကျဆုံးခြင်း ‌(၁) နှစ်ပြည့် ကျန်ရစ်သူ ရဲဘော်ရဲဘက်များ ဦးညွှတ်အလေးပြု

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့(YRF) က လွန်ခဲ့တဲ့ (၁) နှစ်က ကြွေလွင့်သွားခဲ့ရတဲ့ ဗဟိုကော်မတီဝင် ဘဏ္ဍာရေးဌာန ဌာနမှူး ရဲဘော်ကိုသန်းထိုက် (ခ) ညီညီ ကျဆုံးခြင်း‌(၁)နှစ်ပြည့်မှာ ကျန်ရစ်သူ ရဲဘော်ရဲဘက်တွေက ဦးညွှတ်အလေးပြုခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဖာပွန် – ဘီးလင်း လမ်းပိုင်းရှိ စစ်ကောင်စီရဲ့ လှဂွန်းပျိုတပ်စခန်းက ဗိုလ်မှူး (၁) ယောက် အပါ (၁၆) ယောက် လက်နက်ချ အလင်းဝင်

ကရင်ပြည်နယ်၊ ဖာပွန် - ဘီးလင်း ကားလမ်းမအနီးမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ လှဂွန်းပျိုတပ်စခန်းက ဗိုလ်မှူး (၁) ယောက် အပါအဝင် တပ်ဖွဲ့ဝင် (၁၆) ယောက်ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲ၊ PDF အမှတ်(၂၇) ဗျူဟာတာဝန်ခံနဲ့ ချိတ်ဆက်ကာ မဟာမိတ် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေထံ အလင်းဝင်လာတယ်လို့ သိရပါတယ်။
Read More

ငါတို့နိုင်မှ လွတ်မယ့်သူတွေအတွက် သံတိုင်အုတ်ရိုးကို လှုပ်နှိုးကြ” ခေါင်းစဉ်နဲ့ ဆန်ဖရန်စစ္စကိုက လူထုလှုပ်ရှားမှု (ဓာတ်ပုံသတင်း)

ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့မြို့တော်ခန်းမရှေ့တွင် “ငါတို့နိုင်မှ လွတ်မယ့်သူတွေအတွက် သံတိုင်အုတ်ရိုးကို လှုပ်နှိုးကြ” ခေါင်းစဉ်ဖြင့်  အမေရိကန်ရောက်မြန်မာပြည်သူတွေက  စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ရပ်ကို ပြုလုပ်ခဲ့ကြပါတယ်။
Read More

စစ်သုံ့ပန်းဟောင်း စစ်ကိုင်းတိုင်း စစ်တိုင်းမှူး မျိုးမင်းထွေး ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းတစ်နေရာမှာ စစ်ကိုင်းတိုင်း၊ စစ်တိုင်းမှူး လိုက်ပါစီးနင်းလာတဲ့ ကားတန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Royal Tiger Force ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဆားတောင်မြို့မှာ စစ်ကောင်စီတပ်စခန်းတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂ ယောက် ဒဏ်ရာရ…

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့မှာ ပြည်သူတွေဆီက ဆက်ကြေး ကောက်နေတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေကို ၂ ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Royal Falcon Guerilla Force (Sadaung Falcon) က ထုတ်ပြန်ပါတယ်။
Read More

မြိုင်မှာ ညောင်ဂျစ်ပင်ပျူရွာကနေထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေ မိုင်းနင်းမိလို့ ၅ ယောက်သေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေထောင်ထားတဲ့ နင်းမိုင်း နင်းမိလို့ ကင်းပုန်းထွက်လာတဲ့ စစ်ကောင်စီတပ်သား ၅ယောက်သေဆုံးခဲ့ပြီး နယ်မြေရှင်းလင်းရေး သွားရောက်လုပ်ဆောင်ရာ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ မြိုင်ပကဖ က ထုတ်ပြန်ပါတယ်။