ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့ရဲစခန်းက‌နေ ပေါင်းတလည်မြို့ဘက်ကို လာတဲ့ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ရာ ၃ ယောက် သေဆုံးပြီး ၁ ယောက် ဒဏ်ရာရရှိသွားတယ်လို့ ၃၆၀၁ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၁ ရက်၊ နေ့လယ် ၂ နာရီခွဲအချိန်မှာ ပေါက်ခေါင်းမြို့နယ် မြို့မရဲစခန်းကနေ ဆိုင်ကယ် (၄) စီး၊ Hijetကား (၁)စီးနဲ့ ပေါင်းတလည်ဘက်ကို ထွက်လာတဲ့ စစ်ကောင်စီရဲတပ်ဖွဲ့ဝင် ၁၃ ယောက်ကို ရေဦးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုမှာ ဗျူဟာ (၂၁) ကွပ်ကဲမှုအောက်ရှိ (၃၆၀၁) တပ်ရင်း တပ်ခွဲ (၅) ကနေ ရှေ့ထွက်မိုင်းကြီး (၃) လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ရာ (၃) ယောက် သေဆုံးပြီး (၁) ယောက် ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

“သေဆုံးတွေကတော့ မျက်မြင်ပါပဲ။ အလောင်းတွေကို ပြည်ဘက်ကို သယ်သွားတာကိုလည်း ကျနော်တို့ကို သတင်းအမြဲစုံစမ်းပေးတဲ့ ရဲဘော်တွေဆီကနေ သတင်းရထားပါတယ်။ သူတို့က ပေါက်ခေါင်းရဲစခန်းကနေ အစည်းအဝေးတက်ပြီး ပေါင်းတလည်ကို ပြန်လာတာပါ။ အဲ့ဒါကို ရေဦးရွာ ရထားလမ်းအနီးမှာ မိုင်းဆွဲတိုက်ခိုက်လိုက်တာပါ” လို့ ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားရေး တာဝန်ခံ ရဲဘော် Shadow က မောင်းကို ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံ လက်နက်ခဲယမ်းနဲ့ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ထိုက်တန်စွာ ဂုဏ်ပြုပေးနေပြီဖြစ်တာကြောင့် စစ်ကောင်စီတပ်ဖွဲဝင်တွေအနေနဲ့ အမြန်ဆုံး အလင်းဝင်ကြဖို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီနေ့ မနက်အစောပိုင်းမှာလည်း ပေါက်ခေါင်းမြို့နယ် ကြို့ပင်ဝိုင်းကျေးရွာကို စစ်ကောင်စီတပ်တွေ သေနတ်ဖောက်ဝင်ရောက်လာတာကြောင့် ရွာသားတွေမှာ တိမ်းရှောင် ထွက်ပြေးနေရတယ်လို့ ကနဦး သိထားရပါတယ်။

0 Shares:
You May Also Like
Read More

အမျိုးသမီးတွေကို စစ်မှုထမ်းဖို့စာရင်းကောက်နေတဲ့ စစ်ကောင်စီက အမျိုးသမီးတွေကို ခေါ်ယူဖို့ အစီအစဉ်မရှိသေးဘူးလို့ ဇော်မင်းထွန်းကငြင်းဆို

"ပြည်သူ့စစ်မှုထမ်းဥပဒေမှာရော နည်းဥပဒေမှာရော အမျိုးသမီး အသက်ဘယ်လောက်၊ အမျိုးသား အသက်ဘယ်လောက် ဆိုတာပြောခဲ့ပြီးဖြစ်ပါတယ်။ ဒါကို မူတည်ပြီးတော့ အမျိုးသမီးတွေကို ခြိမ်းခြောက်နေမျိုးတွေရှိကြောင်းလည်း တွေ့ရှိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျနော်အနေနဲ့ အတိအလင်း ပြောကြားလိုတာကတော့ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေမှာ အမျိုးသမီးတွေကို စစ်မှုထမ်းဖို့ အတွက် အကျုံးဝင်သော်လည်း အမျိုးသမီး ပြည်သူ့စစ်မှုထမ်းတွေကို ဆင့်ခေါ်ရန် အစီအစဉ် မရှိသေး”
Read More

မင်းလှမြို့နယ်ရှိ မဲရုံနှစ်နေရာကို တော်လှန်ရေးတပ်များ မိုင်းခွဲတိုက်ခိုက်

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်းက အကြမ်းဖက်စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတဲ့ မဲရုံနေရာ ၂ ခုကို  တော်လှန်ရေးတပ်ဖွဲ့တွေက မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က သတင်းထုတ်ပြန်လာပါတယ်။ 
Read More

တောင်သာနှင့် ကျောက်ပန်းတောင်းတွင် ၂ရက်ဆက် တိုက်ပွဲဖြစ်ပြီး စစ်အုပ်စုဘက်က ရဲတပ်ကြပ်အပါ ၅ ဦး သေ၊ ၂ ဦး အရှင်ဖမ်းမိ

မန္တလေးတိုင်း၊ တောင်သာနဲ့ ကျောက်ပန်းတောင်းမြို့နယ်တွေမှာ အင်အားအလုံးအရင်းသုံးပြီး ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို ၂ရက်ဆက်ကြားဖြတ်တိုက်ခိုက်ရာ စ​စ်သားအလောင်း ၅လောင်း၊ သုံ့ပန်း၂ယောက်နဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ Popa Guerilla Force(PGF) တပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

မိုးကုတ်တွင် စစ်ကော်မရှင်တပ် လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ဦး ထိမှန်ဒဏ်ရာရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်း၊ ရေထွက်ကြီးကျေးရွာမှာ အကြမ်းဖက်စစ်တပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

AA ထိန်းချုပ်နယ်မြေများအား စစ်အုပ်စု အပြင်းအထန် ထိုးစစ်ဆင်လာသဖြင့် စစ်ရေးအထူးသတိထားကြရန် AA ထုတ်ပြန်… ကျောက်ဖြူအပါ ပင်လယ်ကမ်းစပ်မြို့များတွင် စစ်အုပ်စု ထိုးစစ်အတွင်း စစ်အုပ်စုမှ ထိခိုက်သေဆုံးမှု များပြားဟု ဆို…

အာရက္ခတပ်တော် AA ရဲ့ ထိန်းချုပ်နယ်မြေတွေမှာ အကြမ်းဖက်စစ်အုပ်စုက ရေကြောင်း၊ လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်လာတာကြောင့် စစ်ရေးအန္တရာယ် သတိထားဖို့ AA က အောက်တိုဘာ ၁၀ ရက် မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။