ထိုင်းနိုင်ငံ၊ နခွန်ပထုန်ခရိုင်ရှိ Earth Environmentai Protection Technology စက္ကူအိတ်ထုတ်စက်ရုံက အလုပ်ထုတ်ခံရတဲ့ အလုပ်သမားခေါင်းဆောင်တွေကို ကူညီပြီး အမှုဖွင့်တိုင်ကြားပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

Earth Environmentai Protection Technology စက္ကူအိတ်ထုတ်စက်ရုံက အလုပ်သမားတွေအနေနဲ့ အလုပ် ဆင်းရတဲ့ရက် မမှန်ခြင်း၊ လစာမမှန်ခြင်း၊ ကိုယ်ထိလက်ရောက် ရိုက်နှက်ခိုင်းစေခံရခြင်း စတဲ့ အလုပ်သမားအခွင့်အရေးတွေ ချိုးဖောက်ခံရတာတွေကြောင့် အလုပ်သမားတွေအတွက် စက်ရုံတာဝန်ရှိသူဆီ အလုပ်ပုံမှန်ဆင်းခွင့်ပြုဖို့နဲ့ လစာပုံမှန်ပေးဖို့ တောင်းဆိုခဲ့ရာ ဦးဆောင်တောင်းဆိုတဲ့ အလုပ်သမားခေါင်းဆောင်တွေကို အလုပ်ကနေ ထုတ်ပယ်လိုက်တယ်လို့ ဆိုပါတယ်။ 

ဖိနှိပ်ခံရတဲ့ အလုပ်သမားတွေက MHAC မဟာမိတ်အဖွဲ့ဆီ တိုင်ကြားလာရာ NUG အလုပ်သမားဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ MHAC မဟာမိတ်အဖွဲ့က အဖွဲ့ဝင်တွေဟာ ဇူလိုင်လ ၃ ရက်က အလုပ်သမားတွေနဲ့ တွေ့ဆုံဆွေးနွေးပြီး လိုအပ်တာတွေ မှာကြားခဲ့တယ်လို့ သိရပါတယ်။ 

အဲ့ဒီနောက် NUG အလုပ်သမားဝန်ကြီးဌာနရဲ့ တာဝန်ရှိသူတွေနဲ့ MHAC မဟာမိတ်အဖွဲ့တို့ ပူပေါင်းပြီး ဇူလိုင်လ ၇ ရက်မှာတော့ နခွန်ပထုန်ခရိုင်ရှိ ဆာဝါဒီကန်ရုံးမှာ တိုင်ကြားပေးခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူတွေက အမြန်ဆုံး ညှိနှိုင်းဆောင်ရွက်ပေးမယ်လို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။

စက်ရုံဘက်ကလည်း လုပ်အားခတွေကို လစာထုတ်ရက်မှာ ပုံမှန်ပေးမယ်လို့ ညှိနှိုင်းလာတာကြောင့် အလုပ်ကနေထုတ်ပယ်ခံရတဲ့ အလုပ်သမား ၂ ယောက်အတွက် ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကျားဖြန့်မှာ အသုံးပြုသည့် ထောင်ချီတဲ့ မိုဘိုင်းဖုန်းဆင်းကဒ်တွေကို ထိုင်းအာဏာပိုင်များ ဖမ်းဆီးရမိ

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ပြည်နယ်၊ မဲရမတ်ခရိုင်မှာ တယ်လီကွန်းနဲ့ အွန်လိုင်းလိမ်လည်မှုမှာ အသုံးပြုတဲ့ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းနဲ့ ဆင်းကဒ်တွေအမြောက်အမြား သယ်ဆောင်လာတဲ့ အမျိုးသားတစ်ယောက်ကို အာဏာပိုင်တွေက စနေနေ့မှာ ဖမ်းဆီးခဲ့ကြကြောင်း ဘန်ကောက်ပို့စ်သတင်းစာမှာ ရေးသားထားပါတယ်။
Read More

စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို ပယ်ချပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးကို ထောက်ခံရန် သံအမတ်ကြီး ဦးကျော်မိုးထွန်း နိုင်ငံတကာကို တိုက်တွန်း

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာပြုလုပ်တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်၊ အလိမ်အညာ ရွေးကောက်ပွဲကို နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ပြတ်သားစွာ ပယ်ချကြဖို့ တိုက်တွန်း လိုက်ပါတယ်။
Read More

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ဂျပန်နိုင်ငံရေးပါတီအမတ်များ တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ဂျပန်နိုင်ငံရှိ နိုင်ငံရေးပါတီတွေက လွှတ်တော်အမတ်တွေ တွေ့ဆုံခဲ့တယ်လို့ NUG က သတင်းထုတ်ပြန်ပါတယ်။ ဂျပန်နိုင်ငံရောက်ရှိနေတဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ ဒီဇင်ဘာ ၁ ရက်နဲ့ ၂ရက်နေ့မှာ ဂျပန်နိုင်ငံက လက်ရှိအာဏာရ နိုင်ငံရေးပါတီအပါအဝင် ပါတီ ၄ခုနဲ့ တွေ့ဆုံပြီး မြန်မာ့အရေး ဂျပန်လွှတ်တော်အတွင်း တင်ပြနိုင်ဖို့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
Read More

One Friday Fight ပွဲစဉ်တွေမှာ မြန်မာလက်ဝှေ့ကစားသမား ၅ယောက်အထိပါဝင်မယ်

ဩဂုတ်လ ၂၃ ရက် ဒီနေ့ညမှာ ကျင်းပမယ့် One Friday Fight 76 ပွဲစဉ်တွေထဲမှာ မြန်မာကစားသမား ၅ ယောက် ပါဝင်ထိုးသတ်သွားမယ်လို့ သိရပါတယ်။
Read More

လွှတ်တော်အမတ် အီဂန်းအီလ်နဲ့ တောင်ကိုရီးယား NUG ကိုယ်စားလှယ်ရုံးတို့ မြန်မာ့အရေး တွေ့ဆုံဆွေးနွေးခဲ့

တောင်ကိုရီးယားနိုင်ငံ၊ အမျိုးသားလွှတ်တော် အမျိုးသားမူဝါဒကော်မတီအဖွဲ့ဝင် အမတ် အီဂန်းအီလ် (Lee Kang-il) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးတို့ဟာ ဒီနေ့ ဒီဇင်ဘာ ၃၀ ရက်မှာ မြန်မာ့တော်လှန်ရေးနဲ့ ပတ်သက်တဲ့ ရှေ့လုပ်ငန်းစဉ်တွေအတွက် အချိန် ၁ နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
Read More

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးနေရာ ပြောင်းမယ်လို့ ထိုင်းအာဏာပိုင်တွေ ပြော

ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးကို ဘုရားသုံးဆူနဲ့ ဆက်သွယ်ထားတဲ့ ကန်ချနဘူရီ နယ်စပ်ဂိတ်မှာ ဆောင်ရွက်နေရာကနေ ထားဝယ်မြို့နဲ့ ချိတ်ဆက်ထားတဲ့ Ban Pu Nam Ron ဂိတ်ကို နေရာပြောင်းရွှေ့မယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောဆိုကြောင်း Thai PBS World သတင်းက ဖေဖော်ဝါရီလ ၁၇ ရက်မှာ ဖော်ပြခဲ့ပါတယ်။