ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်းအမှတ် (၁၅) က ရဲဘော် ခွန်းဟဲဒီလင်း(ခ)ဂျေဆန်နဲ့ ရဲဘော် စောဆာဘွယ်မူး(ခ)ခူးထျိုးရယ်တို့ဟာ ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်နဲ့ ဖားဆောင်းမြို့နယ် ရှေ့တန်းစစ်မြေပြင်တွေမှာ တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့တယ်လို့ KNDF တပ်ရင်း ၁၅ က ဒီနေ့ ထုတ်ပြန်ပါတယ်။

ရဲဘော် ခွန်းဟဲဒီလင်း(ခ)ဂျေဆန်ဟာ ဘောလခဲ စစ်ဆင်ရေးတစ်ခုအတွင်း အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ချေမှုန်းနေချိန် စစ်ကောင်စီရဲ့ လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြီးခဲ့တဲ့ မတ်လ (၂၀) ရက်မှာ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ရဲဘော် ခွန်းဟဲဒီလင်း(ခ)ဂျေဆန်ဟာ KNDF တပ်ရင်းအမှတ်(၁၅)စတင်တည်ထောင်ချိန်ကစလို့ တပ်ရင်းရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ၊ နိုင်ငံရေးမှူးနဲ့စည်းရုံးရေးမှူးအဖြစ် တပ်ရင်းတပ်ဖွဲ့အတွက်သာမက အများပြည်သူတွေရဲ့ အကျိုးအတွက် စွမ်းစွမ်းတမံ ကိုယ်ကျိုးမငဲ့ဘဲ ကျရာကဏ္ဌမှာ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့တယ်လို့ သိရပါတယ်။

ရဲဘော် စောဆာဘွယ်မူး(ခ)ခူးထျိုးရယ်ကတော့ ဖားဆောင်းစစ်ဆင်ရေးမှာ တာဝန်ထမ်းဆောင်နေချိန် အကြမ်းဖက်စစ်ကောင်စီရဲ့ ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် ဇွန်လ (၂၃)ရက်မှာ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ဘောလခဲနဲ့ ဖားဆောင်းက (၄)လတာ စစ်ဆင်ရေးအတွင်း KNDF တပ်ရင်းအမှတ်(၁၅)မှ ရဲဘော် (၂) ယောက် ကျဆုံးခဲ့ပြီး ကိုယ်လက်အင်္ဂါဆုံးရှုံးသူ(၁) ယောက်နဲ့ ထိခိုက်ဒဏ်ရာရရှိသူ (၁၂) ယောက် ရှိတယ်လို့ သိရပါတယ်။

ရဲဘော် ခွန်းဟဲဒီလင်း(ခ)ဂျေဆန်နဲ့ ရဲဘော် စောဆာဘွယ်မူး(ခ)ခူးထျိုးရယ်တို့ဟာ တော်လှန်ရေးအပေါ် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ရင်း ကျဆုံးခဲ့တာကြောင့် ကျန်ရစ်သူ မိသားစုဝင်တွေနဲ့ထပ်တူ များစွာဝမ်းနည်းပူဆွေးရပြီး အာဇာနည်သူရဲကောင်းအဖြစ် အစဥ်အမြဲ လေးစား အသိမှတ်ပြု မှတ်တမ်းတင်ကြောင်း KNDF တပ်ရင်းအမှတ် (၁၅) က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မုံရွာမြို့ပေါ် စစ်ကောင်စီတပ်သား ၂ ဦး ရှင်းလင်းခံရမှုအတွက် မြို့ခံ အယောက် ၆၀ ကျော်ကို စစ်အုပ်စု ဖမ်းဆီးသွား

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီ တပ်သား ၂ ယောက် ပစ်ခတ်ရှင်းလင်းခံရတာနဲ့ ပတ်သက်ပြီး အကြမ်းဖက်စစ်အုပ်စုဟာ မြို့ခံပြည်သူများစွာကို နေ့တွင်းချင်းပဲ မတရားဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ကန့်ဘလူ၊ ကာဘိုးရွာက စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရပြီး ၃ ယောက်ထက်မနည်း သေ

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ကာဘိုးကျေးရွာမှာအင်အား၅၀နီးပါးနဲ့တပ်စွဲထားတဲ့စစ်ကောင်စီတပ်စခန်းကိုတော်လှန်ရေးရဲဘော်တွေကပြီးခဲ့တဲ့ရက်ပိုင်းမှာဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
Read More

အတင်းအဓမ္မ တပ်သားစုဆောင်းခံခဲ့ရသည့် ခမရ ၅၅၈ က တပ်ကြပ်ကြီး အပါအဝင် တပ်သား (၇) ဦး လက်နက်များနှင့် အလင်းဝင်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခမရ ၅၅၈ မှာ  တာဝန်ကျနေတဲ့ တပ်ကြပ်ကြီး ၁ ယောက် အပါအဝင် စစ်ကောင်စီတပ်သား ၇ ယောက် လက်နက်တွေနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

၂ ပတ်ကြာ စစ်အုပ်စု စစ်ကြောင်းထိုးနေသည့် ရေစကြိုတွင် ခေါင်းဖြတ်မီးရှို့သတ်ခံထားရသည့် အလောင်း ၁ လောင်း ထပ်မံတွေ့ရှိ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်က မြေတော်ရွာမှာ ခေါင်းဖြတ်မီးရှို့သတ်​ဖြတ်ခံထားရတဲ့ ရုပ်အလောင်းတစ်ခု ထပ်မံတွေ့ရှိခဲ့ပြီး စစ်အုပ်စုတွေက အရပ်သား​ပိုင်ပစ္စည်းတွေကိုလည်း နည်းမျိုးစုံနဲ့ ခိုးယူသယ်ဆောင်နေကြတယ်လို့ ရေစကြိုသတင်းအချက်အလက်ကော်မတီ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်အာဏာသိမ်း ၃ နှစ်ခွဲကျော်အတွင်း အစုအလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ၃၂၀ ကျော်အထိရှိလာ

စစ်တပ်က အာဏာသိမ်းထားတဲ့ ၃ နှစ်ခွဲကျော်ကာလအတွင်း အစုအလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုဖြစ်စဉ် ၃၂၀ ကျော် ဖြစ်ပွားခဲ့ပြီး  အရပ်သားပြည်သူ ၃၁၀၀ ကျော် သတ်ဖြတ်ခံခဲ့ရကြောင်း ညဏ်လင်းသစ် သုတေသနအဖွဲ့ ရဲ့ အစီရင်ခံစာက ဆိုပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ် လှိုင်းဘွဲ့မြို့နယ်မှာ စစ်ကောင်စီ ၃၆ နှစ်ကြာ တပ်စွဲခဲ့တဲ့ ခလယ်ဒေးတပ်စခန်း သိမ်းပိုက်ရရှိမှု KNU တရားဝင် ထုတ်ပြန်… စစ်သားအလောင်း ၂ လောင်းနှင့် ပွိုင့် ၅ သေနတ်အပါ လက်နက်ခဲယမ်းများ သိမ်းဆည်ရမိ…

ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ လှိုင်းဘွဲ့မြို့နယ်အတွင်း ဝင်ရောက်ကျူးကျော်တပ်စွဲထားတဲ့ ခလယ်ဒေး စစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ (၇) တပ်မဟာ လုံခြုံရေးစစ်ကြောင်း၊ တပ်ရင်း (၁၉)၊ တပ်ရင်း (၂၁)၊ တပ်ရင်း (၂၂) နဲ့ တပ်ရင်း (၂၄) တို့ ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) က ဒီနေ့ နေ့လယ်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။