မကွေတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ်ရှိ စစ်ကောင်စီရဲ့ နတ်ရေကန်စခန်းကုန်း ကာကင်းစခန်းမှာ တာဝန်ကျနေတဲ့ စစ်မှုထမ်းသင်တန်းဆင်း စစ်သား ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင်အမှတ် ၄ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။

အသက် (၂၄) နှစ်အရွယ် စစ်မှုထမ်းသင်တန်းဆင်း စစ်သားဟာ ဇွန်လ ၂၅ ရက်က နတ်ရေကန်စခန်းကုန်း ကာကင်းစခန်းမှာ ရှေ့တန်းကင်းကျချိန် MA1 (၁)လက်၊ MAကျည်ဘောက် (၃)ခု ၊ 5.56ကျည် (၁၀၀)တောင့် ၊ အီကွစ်မန့်  (၁) ခု နဲ့အတူ အလင်းဝင်လာတယ်လို့ ဆိုပါတယ်။

သရက်ခရိုင်အမှတ် ၄ တပ်ရင်း အနေနဲ့ အလင်းဝင်ရောက်လာသူကို ကောင်းမွန်စွာ လက်ခံကြိုဆိုပြီး ဆုကြေးငွေကျပ်သိန်း (၃၀) ကို ဂုဏ်ပြုချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

အလင်းဝင်စစ်သားဟာ မကွေးတိုင်း ၊ သရက်ခရိုင် ၊ သရက်မြို့မှာ အကြမ်းဖက်စစ်တပ်က စစ်မူထမ်းဖို့ မတရားဖမ်းဆီး ပေါ်တာဆွဲခံရပြီးနောက် စစ်ကောင်စီရဲ့နတ်ရေကန်စခန်းကုန်း ကာကင်းစခန်းဆီ ပို့ဆောင်ခံခဲ့ရတာဖြစ်ပါတယ်။

သရက်ခရိုင် အမှတ် ၄ တပ်ရင်းအနေနဲ့ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ကနေ ရုန်းထွက်ပြီး ပြည်သူ့ဘက် ကူးပြောင်းလာသူတွေကို အကောင်းဆုံးချိတ်ဆက်ပြီး ခေါ်ယူပေးနေတယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မွန်မှာ အာဏာသိမ်းစစ်တပ်ရဲ့ သန်းခေါင်စာရင်းကောက်ယူမှု အပြည့်အ၀ မအောင်မြင်ခဲ့

မွန်ပြည်နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ သန်းခေါင်စာရင်းကောက်ယူမှုဟာ အပြည့်အ၀ မအောင်မြင်ခဲ့ဘူးလို့  ရာမညဖက်ဒရယ်အင်အားစုသစ် - NRFF က ထုတ်ပြန်ပါတယ်။
Read More

ကော့ကရိတ် မြောက်ပိုင်းနှင့် ဖလူးဒေသတွင် တိုက်ပွဲပြင်းထန်နေ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ မြောက်ပိုင်းနဲ့ မြဝတီမြို့တောင်ဘက် ဖလူးဒေသမှာ အကြမ်းဖက်စစ်တပ်နဲ့ KNLA/PDF ပူးပေါင်းတပ်ဖွဲ့တွေ အကြား တိုက်ပွဲတွေ ဆက်တိုက် ပြင်းထန်နေပြီး စစ်တပ်ဘက်က လေကြောင်းနဲ့ လက်နက်ကြီးတွေကိုပါ အသုံးပြုတိုက်ခိုက် နေတယ်လို့ မြေပြင် သတင်း အရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ကမ္မမြို့ကို စစ်တပ်က အလုံးအရင်းနဲ့ စစ်ကြောင်းဝင်နေလို့ ဒေသခံ သောင်းနဲ့ချီ ထွက်ပြေးနေရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့မှာ အကြမ်းဖက်စစ်တပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ပြီး စစ်ကြောင်းထိုးနေတဲ့အတွက် ဒေသခံ သောင်းနဲ့ချီထွက်ပြေးတိမ်းရှောင်နေရကြောင်း ကမ္မဒေသ တော်လှန်ရေးတပ်ပေါင်းစု တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မြောင်က ကျေးရွာတချို့ကို CDSOM အဖွဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးနေ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်က ကျေးရွာတချို့ကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) တပ်ဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
Read More

ငလျင်ဒဏ်သင့် ပြည်သူတွေဆီ အကူအညီတွေ ရာနှုန်းပြည့်ရောက်ဖို့ လုပ်ဆောင်မည်ဟု NUG အသိပေး

ငလျင်ဒဏ်သင့် ပြည်သူတွေဆီ အကူအညီရာနှုန်းပြည့် ရောက်ရှိနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းဆောင်ရွက်သွားမယ်လို့  NUG ယာယီသမ္မတက ပြောကြားလိုက်ပါတယ်။
Read More

၁၀၂၇ စစ်ဆင်ရေး အောင်ပွဲရ  PLA ရဲဘော်တွေကို အညာဒေသခံတွေ ဂုဏ်ပြုကြိုဆို 

၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းနဲ့ ဒုတိယပိုင်းတို့မှာ အောင်ပွဲတွေ ရယူနိုင်ခဲ့တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရဲဘော်တွေကို အညာဒေသတစ်နေရာမှာ ဒေသခံပြည်သူလူထုက သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။