ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက အရပ်သားဆေးခန်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ‌‌‌၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ The Coordination Team for Emergency Relief (Karenni) က ထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၁၄ ရက် ဒီနေ့ မနက် ၁ နာရီဝန်းကျင်မှာ အကြမ်းဖက်စစ်ကောင်စီက ပေါင် ၂၀၀ ဝန်းကျင်ရှိ ဗုံးတွေ အသုံးပြုပြီး ဒီးမော့ဆိုမြို့နယ်ကို လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်ပြုလုပ်ခဲ့ရာ ဆေးခန်းအပါအဝင် အဆောက်အအုံနှစ်ခုနဲ့ ယာဉ်တစ်စီး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်ကလည်း ကရင်နီပြည်နယ်၊ မော်ချီးဒေသ၊ လိုလော်ထီးကျေးရွာကို  အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး က‌လေး ၂ ယောက်အပါအဝင် ပြည်သူ ၅ ယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အရာတော်မြို့နယ်တွင်း စီးပွားဖြစ် ဆေးခြောက် (ဝိ) စိုက်ပျိုးမှုကို ပအဖ၊ ပကဖ၊ ပလဖ တို့ အရေးယူ ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အတွင်း စီးပွားဖြစ် ဆေးခြောက် (ဝိ) စိုက်ပျိုးမှုကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ - ပအဖ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ၊ ပြည်သူ့လုံခြုံရေးအဖွဲ့ - ပလဖ တို့က စက်တင်ဘာ ၂၅ ရက်မှာ ကွင်းဆင်းပညာပေးခြင်း၊ အရေးယူခြင်း၊ မီးရှို့ဖျက်ဆီးခြင်းတို့ လုပ်ဆောင်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

အပြစ်မဲ့ အရပ်သား (၂) ဦးကို ARSA သတ်ဖြတ်ခဲ့ဟု AA ထုတ်ပြန်

ရခိုင်ပြည်နယ်အတွင်း အစွန်းရောက် ARSA အကြမ်းဖက်အဖွဲ့က ခရီးသွားပြည်သူလူထုကို ခြုံခိုတိုက်ခိုက်ပြီး အကြမ်းဖက်သတ်ဖြတ်ကာ ဖမ်းဆီးခေါ်ဆောင်သွား တာတွေ ရှိတယ်လို့ ရက္ခိုင့်တပ်တော် (AA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဖလမ်းမြို့သိမ်းတိုက်ပွဲပြန် အောင်ပွဲရ CDF-Mindat တပ်ဖွဲ့ဝင်တွေကို ဒေသခံပြည်သူများ လှိုက်လှိုက်လှဲလှဲ ကြိုဆို (ဓတ်ပုံသတင်း)

ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်)/ CDF- Mindat တပ်ဖွဲ့ဝင်တွေ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်အဖွဲ့ဝင်များနဲ့ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ပေါင်း ၁၇ဖွဲ့ ပါဝင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊၂၀၂၅ ခုနှစ် ဧပြီ ၉ ရက်‌နေ့မှာ ဖလမ်းမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
Read More

ညောင်လေးပင်တွင် စစ်ကောင်စီတပ်အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ စစ်သား ၄ ဦးသေဆုံး

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ရေဖြူကန်ကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ တောကျီးကန်း(၇)ကောင်တပ်ရင်းရဲ့ ဒရုန်းတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ၏ မီးလောင်ဗုံးများကြောင့် လင်မယားနှစ်ယောက် ရှေ့ဆင့်နောက်ဆင့် သေဆုံး၊ ဒဏ်ရာပြင်းထန်တဲ့ ၁၀ တန်းကျောင်းသားလည်း ထပ်မံသေဆုံး

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းက ကန်ကျေးရွာကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုမှာ အရပ်သား ၃ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာ အပြင်းအထန်နဲ့ ဆေးကုသနေရသူ ၃ ယောက်ရှိကြောင်း ယောအလင်းတန်းအဖွဲ့ဝင် ကိုဘကောင်းက မောင်းကို​ ပြောပါတယ်။
Read More

ငါးသရောက်က စစ်​ကောင်စီရဲ့ ဌာနဆိုင်ရာရုံးတွေကို ​တော်လှန်ရေးတပ်တွေ ဝင်ရောက်စီးနင်း

မန္တလေးတိုင်း၊ ညောင်ဦးခရိုင် ၊ ညောင်ဦးမြို့နယ်မှာ ငါးသရောက်မြို့က စစ်ကောင်စီရဲ့ လျှပ်စစ်ရုံး၊ ဆောက်လုပ်ရေးရုံးနဲ့ ပြန်/ဆက်ရုံးတွေကို ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီး ဖျက်ဆီးနိုင်ခဲ့ကြောင်း Popa Guerrilla Force (PGF) ဒုတာဝန်ခံ ကိုဗျတ္တက မောင်းကိုပြောပါတယ်။