ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့နယ် နယ်စပ်စခန်းတွေ သိမ်းပိုက်ခံနေရတဲ့ စစ်ကောင်စီတပ်ဟာ KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကို ကာမီကာဇေဒရုန်းတွေ အသုံးပြုပြီး တိုက်ခိုက်နေတဲ့ ရုပ်သံဖိုင်တစ်ခုကို ထိုင်းသတင်းဌာနတွေက ဖော်ပြနေကြပါတယ်။

မနေ့က ဇူလိုင် ၁၃ ရက်ညနေပိုင်းမှာပဲ စစ်ကောင်စီတပ်က ကာမီကာဇေဒရုန်း ၄ စီးအထိ အသုံးပြုတိုက် ခိုက်ခဲ့ပြီး စစ်တပ်အားပေးထောက်ခံသူတွေကတော့ ထိုင်း-မြန်မာနယ်စပ်အနီး ဝေါလေက KNLA စခန်းတစ်ခုကို တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ရေးသားပြောဆိုကြပါတယ်။

လက်ရှိ KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ စစ် ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်လျက်ရှိရာ စစ်ကောင်စီတပ်စခန်း ၂ ခုသာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။

Video – လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ ကျိုက်ထိုမြို့နယ် စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ စုံမှူးအပါအဝင် ၃ ယောက် တိုက်ခိုက်ခံရပြီး စုံမှူးဒဏ်ရာရကာ ဒုစုံမှူးနဲ့ လ/ထစုံမှူး သေဆုံး (ရုပ်/သံ)

မွန်ပြည်နယ် သထုံခရိုင် ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ ကျိုက်ထိုမြို့နယ်စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ စုံမှူးအပါအဝင် ၃ ယောက် တိုက်ခိုက်ခံရပြီး စုံမှူးဒဏ်ရာရကာ ဒုစုံမှူးနဲ့ လ/ထစုံမှူး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း - ၇၈၀၅၊ တပ်ခွဲ ၄ ၊ UGထံက သိရပါတယ်။
Read More

လန်ဒန်မြို့မှာ ဆန္ဒပြသူတစ်ဦးက အီရန်သံရုံး‌အဆောက်အအုံပေါ်တွယ်တက်ကာ လက်ရှိအီရန်အလံကို ဖြုတ်ချပြီး အလံအဟောင်းဖြင့် အစားထိုးကာ ဆန္ဒပြ (ရုပ်/သံ)

အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာ ဇန်နဝါရီ ၁၀ ရက် စနေ့က ပြုလုပ်ခဲ့တဲ့ဆန္ဒပြပွဲအတွင်း ဆန္ဒပြသူတစ်ဦးက အီရန်သံရုံးမှာ လွှင့်တင်ထားတဲ့ အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံရဲ့ အလံကိုဖြုတ်ချပြီး၊ ယခင် အစ္စလာမ္မစ်တော်လှန်ရေးမတိုင်ခင်က သုံးခဲ့တဲ့ အလံဟောင်းနဲ့ အစားထိုးဆန္ဒပြမှု ဖြစ်ပွားခဲ့ပါတယ်။
Read More

ကျောက်ပန်းတောင်းတွင် နေအိမ်များကို မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ ‌ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Taung Tha People Defense Force က သတင်းထုတ်ပြန်ပါတယ်။
Read More

ချောင်းဦးမြို့နယ်အတွင်း ကျေးရွာများ မီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဗိုလ်အပါအဝင် ၄ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်အတွင်း ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ Revolutionary Air Force – RAF အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကမ္မမြို့ပေါ် ထမင်းထုပ်လာပို့သည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး ၁ ဦး သေ၊ ၃ ဦး ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့ပေါ်မှာ ထမင်းထုပ်လာပို့တဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ရာ ၁ ယောက် သေပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Tiger Warrior Force က သတင်းထုတ်ပြန်ထားပါတယ်။
Read More

အမေရိကန်ရောက် မြန်မာနိုင်ငံသားများ ၈ လေးလုံးထီးသပိတ်လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင် (ရုပ်/သံ)

အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေ ၈ လေးလုံးအထိမ်းအမှတ်အကြို ထီးသပိတ်လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ခဲ့တဲ့ မှတ်တမ်းဗီဒီယိုကို ရန်ကုန်လူထုသပိတ်က Facebook လူမှုကွန်ရက်ကနေ မျှဝေခဲ့ပါတယ်။