တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ရှပ်ပုံရွာအနီး ရောက်ရှိနေတဲ့ အကြမ်းဖက်စစ်အုပ်စုက ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာကြောင့် တော်လှန်ရေးရဲဘော် ၁ ယောက် သေဆုံးပြီး ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း (၁) ဆီက သိရပါတယ်။

ဇူလိုင်လ ၁၂ ရက် မွန်းလွဲပိုင်းက တော်လှန်ရေးတပ်ဖွဲ့တွေ စစ်ကြောင်းထွက်လာချိန် စစ်အုပ်စုင ဒရုန်းဗုံးသီးနဲ့ တိုက်ခိုက်ခဲ့ရာ ရဲဘော်တစ်ယောက် ကျဆုံးခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှု ၁၀ မိနစ်ခန့်ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

” ဒရုန်း နဲ့ ဗုံးသီးလာချတယ် ၊ ဗုံးသီးကျပြီးတော့ ကျနော်တို့ ရဲဘော် ခြေထောက်ပြတ်တယ်၊ ပြီးတော့ မျက်နှာတစ်ခြမ်းမီးလောင်သွားတယ်၊ ချက်ချင်းတော့ကျသွားတာမျိုးမဟုတ်ဘူး၊ ဒဏ်ရာကြောင့်ပဲကျသွားတယ်လို့ ပြောရမယ်၊ ဒဏ်ရာတော်တော်ပြင်းထန်တယ်ဆိုတော့လေ” လို့ မြိတ်အရိုင်အမှတ် (၁) တပ်ရင်းသတင်း နဲ့ ပြန်ကြားရေးတာဝန်ခံရဲဘော်အာနိုးက မောင်းသတင်းဌာနကို ပြောပါတယ်။

ဒရုန်းထိမှန်ပြီး ကျဆုံးသွားတဲ့ ရဲဘော်ကိုတော့ ဇူလိုင်လ ၁၃ ရက် မနေ့က သင်္ဂြိုဟ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒရုန်းထိမှန်ပြီးကျဆုံးသွားတဲ့ မြိတ်ခရိုင်တပ်ရင်း(၁)မှ တပ်ဖွဲ့ဝင်

ဒါ့အပြင် ဇူလိုင်လ ၁၃ ရက်ကလည်း အဆိုပါ စစ်ကောင်စီတပ်သားတွေဟာ ဒရုန်း နဲ့ ထပ်မံပစ်ခတ်ခဲ့လို့ ရှပ်ပုံရွာက ဒေသခံအမျိုးသားတစ်ယောက် ထိမှန်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

ရှပ်ပုံကျေးရွာဟာ ရွာကြီးတစ်ရွာဖြစ်ပြီး အဆိုပါရွာကို စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တစ်ဝက်စီ ထိန်းချုပ်ထားတဲ့အခြေအနေမျိုးဖြစ်တယ်လို့ သိရပါတယ်။

” အခြေအနေက ပြောရရင် နည်းနည်း ရှုပ်ထွေးတယ်၊ ရှပ်ပုံက မြို့တခုနီးပါးလောက်ရှိတဲ့ ရွာကြီးဆိုတော့လေ၊ နားလည်လွယ်အောင် ပြောရရင် ရွာကို သူ့ဘက် ၅၀ ကိုယ့်ဘက် ၅၀ ထိန်းချုပ်ထားတဲ့ အနေအထား” လို့ သတင်း နဲ့ ပြန်ကြားရေးတာဝန်ခံရဲဘော်အာနိုးက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ မကြာခဏဆိုသလို ရှပ်ပုံရွာထဲကို ဝင်လာလေ့ရှိပြီး အခုအချိန်ထိလည်း ရှပ်ပုံရွာထဲက ဘုန်းကြီးကျောင်းမှာ အထိုင်ချတပ်စွဲထားပေမယ့်လည်း ဒေသခံတွေက ထွက်ပြေးတိမ်းရှောင်တာမျိုးမရှိဘူးလို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မင်္ဂလာဒုံက စစ်ကောင်စီ အိမ်ထောင်သည် ဝန်ထမ်းအိမ်ရာ လုံခြုံရေးဂိတ်ကို မိုင်းခွဲတိုက်ခိုက်ရာ ၄ ယောက် ထိခိုက်ဒဏ်ရာရ

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် ရန်ကုန်-မန္တလေး အဝေးပြေးလမ်းမဘေး၊ နိုင်ငံရေးမှတ်တိုင်အနီးက စစ်ကောင်စီ အိမ်ထောင်သည်ဝန်ထမ်းအိမ်ရာ လုံခြုံရေးဂိတ်ကို မနေ့က နိုဝင်ဘာ ၇ရက် ညပိုင်းမှာ မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

မောင်းမကန်ရဲစခန်းအနီးက စစ်ကောင်စီတပ်ကို ၄၀ မမ ဗုံးသီးနဲ့ ပစ်ခတ်တိုက်ခိုက်

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ရှိ မောင်းမကန်ရဲစခန်းအနီးက စစ်ကောင်စီတပ်ကို ၄၀ မမ ဗုံးသီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲ ဆက်လက်ပြင်းထန်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ ကျောက်ကြမ်း၊ ကျောက်တော၊ နမ့်ပါတက်၊ကျောက် ပြုတ်၊ နားမုံနဲ့ ရေမောင်းတန်းကျေးရွာကြားမှ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLAတို့ တိုက်ပွဲ အပြင်းအထန် ဆက်လက်ဖြစ်ပွားနေတယ်လို့ TNLA က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က ပခုက္ကူမြို့နယ်ထဲက ဇောက်ဂျမ်းကုန်းကျေးရွာကို ရွာလုံးကျွတ်နီးပါး စစ်ကြောင်းထိုးမီးရှို့

အကြမ်းဖက်စစ်အုပ်စုစစ်‌ကြောင်းဟာ ပခုက္ကူမြို့နယ်၊ ဖေါင်းကွဲအုပ်စု ၊ ဇောင်ဂျမ်းကုန်းရွာကို ရွာလုံးကျွတ်နီးပါး မီးရှို့ ဖျက်စီးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံမှ သိရပါတယ်။ အဆိုပါစစ်တပ်နဲ့ ပျူစောထီးပူးပေါင်းစစ်ကြောင်းဟာ မနေ့ ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ အဆိုပါ ဇောင်ဂျမ်းကုန်းကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် အခုလို မီးရှို့မှုတွေကို လုပ်ဆောင်ခဲ့တာလို့ သိရတာပါ။ ဒါ့အပြင် ဇော်ဂျမ်းကုန်းကျေးရွာရှိ ပြည်သူပိုင် စားနပ်ရိက္ခာတွေကိုလည်း အဆိုပါစစ်ကြောင်းက သယ်ဆောင်သွားတယ်လို့ သိရပါတယ်။
Read More

အကြမ်းဖက်စစ်ကြောင်းကို ထွက်ပြေးတိမ်းရှောင်ရင်း သက်ကြီးရွယ်အို ၃ ဦး အအေးမိ သေဆုံး

မြိုင်မြို့နယ်မှာ အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးနေမှုကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး အဆိုပါ စစ်ရှောင်တွေထဲက သက်ကြီးရွယ်အို ၃ ယောက် ရာသီဥတုဒဏ်ကြောင့် အအေးမိပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
Read More

ခွင့်ယူပြီး ​KTV လာရောက်ပျော်ပါးသည့် ကပစ ၂၄ ဗိုလ်မှူး သော်ဇင်ဦး ပစ်ခတ်ရှင်းလင်းခံရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်မှာ ခွင့်ရက်ယူပြီး KTV လာတဲ့ ကပစ (၂၄) က ဗိုလ်မှူး သော်ဇင်ဦးနဲ့ အပေါင်းအပါတွေကို သွားရောက်ပစ်ခတ်ရှင်းလင်းရာ နေရာတင် ​၂ယောက် သေဆုံးကြောင်း Earthqauke People's Defence Force တာဝန်ရှိသူက မောင်းကို ပြောပါတယ်။