အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဇွန်လအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၃၄၃.၃၅) သန်းကို အမှန်တကယ်အကူအညီ လိုအပ်နေသူတွေဆီ ပံ့ပိုးပေးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူနဲ့စစ်ဘေးရှောင်ပြည်သူ ၄၅,၉၅၄ ယောက်ရဲ့ အရေးပေါ်စားနပ်ရိက္ခာအတွက် ငွေကျပ် ၇၅.၇၆ သန်း၊ ထိတွေ့တိုက်ပွဲတွေမှာ ကျဆုံးခဲ့ရတဲ့ တော်လှန်ရေးရဲဘော် ၅၆ ယောက်နဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၁၁၆ ယောက်အတွက် အရေးပေါ်လူသားချင်းစာနာမှု အကူအညီအဖြစ် ငွေကျပ် ၁၃.၄၀ သန်း၊ နိုင်ငံရေးအကျဉ်းသားတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေအတွက် အရေးပေါ် လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် ၀.၄၀ သန်း ကူညီ ထောက်ပံ့ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သဘာဝဘေးအန္တရာယ် ထိခိုက်ခံစားရသူတွေအတွက် ငွေကျပ် ၂၄၇.၇၇ သန်း၊ CDM ဝန်ထမ်းနဲ့ မိသားစုဝင်တွေအတွက် ငွေကျပ် ၀.၇၀ သန်း၊ အထွေထွေ လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် ၄.၃၂ သန်း ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။

NUG လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနအနေနဲ့ တော်လှန်ရေး (၄) နှစ်ကျော်ကာလအတွင်း တော်လှန်ရေးအောင်မြင်နိုင်ရေးကိုသာ ရှေးရှုပြီး အဖက်ဖက်က အကြပ်အတည်းတွေက ကြံ့ကြံ့ခံကာ ပါဝင်တော်လှန်နေတဲ့ ပြည်သူတစ်ဦးချင်းစီတိုင်းရဲ့ လုပ်ဆောင်ချက်တွေ၊ ထားရှိတဲ့စိတ်ဓါတ်တွေ လေးစားဂုဏ်ယူသလို ရှေ့ဆက်ပြီးတော့လည်း အခုလို ညီညီညွတ်ညွတ် လက်တွဲဆောင်ရွက် သွားဖို့ တိုက်တွန်းထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ကျုံပျော်မှာ ကိုယ်မြို့ကိုယ်ကာကွယ်ဖို့ဆိုပြီး အကြမ်းဖက်စစ်တပ်က ဒေသခံတွေကို စစ်သင်တန်းပေးနေ

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်အတွင်း ကိုယ့်မြို့ကိုယ် ကာကွယ်ဖို့ဆိုပြီး အသက် ၃၅ နှစ်ကနေ အသက် ၆၀ နှစ်အတွင်း ဒေသခံတွေကို တစ်ရွာ အယောက် ၅၀ နှုန်းနဲ့ အာဏာသိမ်းစစ်တပ်က စစ်သင်တန်းတွေ ပို့ချနေတယ်လို့ သိရပါတယ်။
Read More

ရန်ကုန်တိုင်း ပကဖ တပ်ဖွဲ့ (၁) က ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ လုပ်ဆောင်နေ… (ဓာတ်ပုံသတင်း)

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ဖွဲ့ (၁) အနေနဲ့ အခြေစိုက်ရာနယ်မြေ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းတွေမှာ လုပ်အားပေး ကူညီဆောင်ရွက်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

လေယာဉ်ဗုံးထိမှန်ကျဆုံးခဲ့သည့် မိုးကုတ်ပကဖ ရဲဘော် (၂) ဦးအတွက် အမိန့်ပြန် အခမ်းအနား

အကြမ်းဖက်စစ်ကောင်စီရဲ့ လေယာဉ်ဗုံး ထိမှန်ကာ ကျဆုံးခဲ့တဲ့ ပကဖ ရဲဘော် (၂) ယောက်အတွက် မိုးကုတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပကဖက အမိန့်ပြန်တမ်းထုတ် အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စလင်းမြို့နယ်မှူးရုံးတွင် ဒုမြို့နယ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် စစ်ကောင်စီလက်အောက်ခံ ဒုရဲမှူး ၁ ဦး အလင်းဝင်

မကွေးတိုင်း၊ စလင်းမြို့နယ်၊ မြို့နယ်မှူးရုံးမှာ ဒုမြို့နယ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ဒုရဲမှူး ၁ ယောက် အလင်းဝင်လာတယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မွန်လူငယ်နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကနေ ဘုံသဘောတူညီချက် ထုတ်ပြန်

"ဒီလိုပွဲတွေက မွန်လူငယ်တွေ ကြားထဲမှာ အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ တခြားဒေသနဲ့စာရင် မွန်တွေက ဘာမှမလုပ်ဘူးဆိုပြီး ဖြစ်တယ်ပေါ့နော်။ တကယ်တော့ အဲ့လိုမဟုတ်ပါဘူး။ တော်လှန်ရေးအစပိုင်းမှာ မွန်လူငယ်တွေကို ဦးဆောင်မှုပိုင်း ကောင်းကောင်းမပေးနိုင်ခဲ့တာပါ။ ဘာလုပ်ရမှန်းမသိ လမ်းပျောက်သွားကြတယ်ပေါ့နော်။ တချို့ကလည်း နိုင်ငံခြားထွက်သွားတယ်။ အခုတော်လှန်ရေးမှာ ပညာတတ်လူငယ်တွေ လိုအပ်လာတော့ သူတို့အနေတဲ့ ဒီကိုလာဖို့က ခက်သွားပြီ။ အဲဒီတော့ ဒီလိုလူငယ်တွေ တော်လှန်ရေးမှာ ပြန်ပြီး ပါ၀င်နိုင်ဖို့က ဒီလိုဆွေးနွေးပွဲတွေကနေပဲ ဆွဲခေါ်ရမှာဖြစ်တယ်။ နောက်ထပ်လည်း ဒီလိုဆွေးနွေးပွဲတွေ ထပ်လုပ်သွားဖို့ရှိပါတယ်။"
Read More

ကယန်းအမျိုးသားတပ်မတော် KNA  ဦးစီးပြုလုပ်တဲ့ ၂၅ ကြိမ်မြောက် ငွေရတု ကယန်းအမျိုးသားနေ့အခမ်းအနား (ဓာတ်ပုံသတင်း)

ကယန်းအမျိုးသားတပ်မတော် KNA  ဦးစီးပြီး ကယန်းဒေသ တစ်နေရာမှာ ၂၅ ကြိမ်မြောက် ငွေရတု ကယန်းအမျိုးသားနေ့ကို  အကျဉ်းချုံး ပြုလုပ်ခဲ့တယ်လို့ KNA က ထုတ်ပြန်ပါတယ်။