စစ်ကိုင်းတိုင်း ဇီးကုန်းမြို့အတွင်း အရက်ဝယ်ပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၄ ယောက် သေဆုံးခဲ့တယ်လို့ ဓူဝံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရေဦးမှ သတင်းထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၁၄ ရက် ယနေ့နေ့လယ်ပိုင်းက ဇီးကုန်းမြို့ အထကကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ လက်အောက်ခံ စစ်သားနဲ့ ပျူစောထီး ၅ ‌ယောက် အရက်ဝယ်ပြီး ပြန်လာချိန် တော်လှန်ရေးတပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ရာ ၄ ယောက် သေပြီး ၁ ယောက် ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရတာပါ။

ကာဘိုင်၂ လက်၊ AK ၁လက်နဲ့ အိုက်ကွန် ၂ လုံး သိမ်းဆည်းရရှိခဲ့ပြီး ရဲဘော်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ကန့်ဘလူခရိုင်လှုပ်ရှား ပ.က.ဖ. ဗိုလ်ရသ (ခ) ဗိုလ်ပိုင်ချဲ့အဖွဲ့နှင့် ရေဦးနယ် ဓူဝံ ပ.က.ဖ. ဂျာဂျာ တော်လှန်ရေးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရေစကြိုမြို့နယ် ရေလယ်ကျွန်းကို စစ်ကော်မရှင်တပ် ဗုံးကြဲ၊ ဒေသခံ ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ ငတရော်ကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

KNU ထံပို့မယ့် လက်နက်တချို့ ဘန်ကောက်မှာ ဖမ်းမိဟုဆို

ကရင်အမျိုးသားအစည်းအရုံး(KNU) ထံပေးပို့မယ်ဆိုတဲ့ လက်နက်ပစ္စည်းတွေကို ဘန်ကောက်မြို့က ကွန်ဒိုတခုမှာ ထိုင်းရဲတွေက ဧပြီလ ၂၅ ရက်မှာ ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်း Khaosod မှာ ဖော်ပြပါတယ်။
Read More

မွန်ပြည်တော်လှန်ရေးတပ် MSRF ရဲ့ အခြေခံစစ်သင်တန်း အပတ်စဉ် – (၂) သင်တန်းဆင်းပွဲ

မွန်ပြည်တော်လှန်ရေးတပ် (MSRF) က ဦးစီးပြုလုပ်တဲ့ အခြေခံစစ်သင်တန်း အပတ်စဉ် - (၂) သင်တန်းဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာလ ၉ ရက်က လွတ်မြောက်နယ်မြေတစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ MSRF က ထုတ်ပြန်ထားပါတယ်။
Read More

မောင်တောမှာ AA မိုင်းရှင်းလင်းရေး လုပ်ငန်းတွေ လုပ်ဆောင်နေ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ ဒေသတွင်းသတင်းဌာန Arakan Princess Media က သတင်းဖော်ပြထားပါတယ်။
Read More

စစ်တပ်၏ တရားမဝင် ရွေးကောက်ပွဲကို မယုံကြည်သူ ၉၈ ရာခိုင်နှုန်းရှိဟု စစ်တမ်းကောက်ယူမှုအရ သိရ 

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် အတုအယောင်‌ ရွေးကောက်ပွဲကို မယုံကြည်တဲ့သူဟာ ၉၈ ရာခိုင်နှုန်းရှိတယ်လို့ ပြည်သူ့လှုပ်ရှားမှုပလက်ဖောင်း (Platform for People Movement) ကနေ ကောက်ယူထားတဲ့ စစ်တမ်းတွေအရ သိရပါတယ်။ 
Read More

ဟုမ္မလင်းအခြေစိုက် ခမရ (၃၆၉) တပ်ရင်းက စစ်သား ၁ ယောက် လက်နက်မဲ့ အလင်းဝင်

စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင် ၊ ဟုမ္မလင်းမြို့နယ်အခြေစိုက် ခမရ(၃၆၉) တပ်ရင်းက စစ်သား ၁ ယောက် လက်နက်မဲ့အလင်းဝင်လာတယ်လို့ Earthquake People’s Defence  Force က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။