မကွေးတိုင်း မြိုင်မြို့နယ်အတွင်း စစ်ကောင်စီရဲ့ တပ်သားသစ်တွေကို သင်တန်းပေးနေတဲ့ စခန်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပွဲတိုင်းကျော် လက်နက်ကြီးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဇူလိုင်လ ၁၁ ရက် မနက်ပိုင်းမှာ မြိုင်မြို့နယ်အတွင်း စစ်ကောင်စီရဲ့ စစ်မှုထမ်းတပ်သားသစ်တွေကို သင်တန်းပေးနေတဲ့ စခန်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ ထိခိုက်မှုကို မြေပြင်အခြေအနေအရ အတည်ပြုနိုင်ခြင်းမရှိသေးဘဲ တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

Video – ပွဲတိုင်းကျော် လက်နက်ကြီးတပ်ဖွဲ့

0 Shares:
You May Also Like
Read More

မောင်းသူမပါဘဲ ထိန်းချုပ်မောင်းနှင်နိုင်တဲ့ စက်လှေငယ်ကို KLG Drone Team ထုတ်ပြန်ပြသ (ရုပ်/သံ)

မောင်းသူမပါဘဲ ထိန်းချုပ်မောင်းနှင်နိုင်တဲ့ စက်လှေငယ်ကို KLG Drone Team က ထုတ်ပြန်ပြသလိုက်ပါတယ်။
Read More

မြိုင်မြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်တဲ့အတွက် ကလေးငယ် ၁ ယောက်အပါအဝင် ၂ ယောက်သေဆုံးကာ ၃ ယောက်ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့နယ်အတွင်း စစ်ကောင်စီက ဂျက်ဖိုက်တာတွေ၊ စက်တပ်လေထီးယာဉ်တွေ နဲ့ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၁ ယောက်အပါအဝင် ၂ ယောက် သေဆုံးကာ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုမှ သတင်းထုတ်ပြန် ထားပါတယ်။
Read More

အရေးပေါ်လိုအပ်နေသည့် ယာဉ် ၁ စီး ဖြည့်တင်းနိုင်ဖို့ “Project Buffalo” သိန်း(၅၀၀) “ကား” ကမ်ပိန်း (ရုပ်/သံ)

စစ်ရေးပြင်းထန်နေတဲ့ ရှမ်းပြည်နယ်(‌တောင်ပိုင်း)-ကယား(ကရင်နီ)အစပ်က မိုးဗြဲမြို့အတွင်း ရဲဘော်တွေအတွက် လျင်မြန်စွာ စစ်ဆင်ရေးတွေ လက်ဦးမှုရယူနိုင်ဖို့၊ သတ်မှတ်ပွိုင့်တွေဆီ အချိန်မှီရောက်ရှိဖို့၊ စစ်ရိက္ခာတွေသယ်ယူဖို့၊ ကင်းချိန်းတဲ့ ရဲဘော်တွေနဲ့ အသက်လု‌နေရတဲ့ ထိခိုက်ရဲဘော်တွေကို အချိန်မှီဆေးရုံပို့ဆောင်နိုင်ဖို့ ယာဉ် ၁ စီးအရေးပေါ်လိုအပ်နေတယ်လို့ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ထံက သိရပါတယ်။
Read More

လေထီးမပွင့်ဘဲ သေဆုံးမှုတွေ ရှိခဲ့တဲ့ စစ်ကောင်စီရဲ့ လေထီးခုန် အင်အားဖြည့်တင်းမှု (ရုပ်/သံ)

ကရင်ပြည်နယ် မြဝတီမြို့က ကုန်သွယ်ရေးဇုန်အတွင်းကို အောက်တိုဘာ ၂၀ ရက် နေ့လည်ပိုင်းမှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ စစ်သားတွေချပေးကာ အင်အားဖြည့်တင်းလျက်ရှိတယ်လို့ သိရပါတယ်။
Read More

မောတောင်တိုက်ပွဲမှာ စစ်ကော်မရှင်တပ်သား ၄၀ ကျော် ဖမ်းဆီးမိ (ရုပ်သံ)

တနင်္သာရီတိုင်း ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သား ၄၀ ကျော် ဖမ်းဆီးရမိခဲ့တယ်လို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က သတင်းထုတ်ပြန်ထားပါတယ်။ ဖမ်းဆီးမိထားတဲ့ စစ်သုံ့ပန်းတွေရဲ့ ရုပ်သံဖိုင်ကို CDM ဗိုလ်မှူး တင်လင်းအောင်က လူမှုကွန်ရက်မှာ ဒီကနေ့ ဖော်ပြထားပါတယ်။ မောတောင်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက နိုဝင်ဘာ ၁၄ ရက် မနေ့မှာ အပြီးသတ်သိမ်း ပိုက်နိုင်ခဲ့တာဖြစ်ပြီး၊ စစ်သုံ့ပန်းတွေအပြင် ၁၂၀ မမ လက်နက်ကြီး ၂လက်၊ ကျည် ၁၈၇ တောင့်၊ .5 စက်သေနတ် ၁လက်၊ ၆၀ မမ ၃လက်၊ RPG ၂လက်၊ ငါးကြင်းမြီး ၁လက်၊ လက်နက်ငယ် ၃၆လက်နဲ့ တခြားလက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့တာလည်းဖြစ်ပါတယ်။
Read More

မုံရွာ-ပုသိမ်လမ်းပိုင်းမှာ ကြေးနီတင်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု ယာဉ် ၃ စီး ထိခိုက်ပျက်စီး ပြီး စစ်ကောင်စီတပ်သား ၃ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်အတွင်း ဧပြီ ၂ ရက် ညပိုင်းက ကြေးနီတင်ယာဉ် ၆ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ယာဉ် ၃ စီး ထိခိုက်ပျက်စီးပြီး စစ်ကောင်စီတပ်သား ၃ ယောက် သေခဲ့တယ်လို့ မဲမှောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံက သိရပါတယ်။