စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် အလ္လကပ္ပကျေးရွာမှာ ဂိတ်ဖွင့်ပြီး ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၁၁ ရက်က မြင်းမူမြို့နယ် အလ္လကပ္ပကျေးရွာ ကိုးဆူးဘုရားအနီး ဂိတ်ဖွင့်ပြီး အင်အား ၂၀ ခန့်နဲ့ ဆက်ကြေး ကောက်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ၄၀ မမ ဗုံးသီးနဲ့ ပစ်ခတ်ပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ ဂိတ်ရှိ စစ်ကောင်စီတပ်သား ၃ ယောက် အပြင်းအထန်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မြင်းမူမြို့နယ်အတွင်း အိမ်စီးကား ၅ စီးနဲ့ အလ္လပ္ပရွာတောင်ဘက်သို့ ထွက်လာတဲ့ စစ် ကောင်စီတပ်သားတွေကို မိုင်း ၃ လုံးပွိုင့် ၄ ပွိုင့်နဲ့ မိုင်းဆွဲပြီး ၄၀ မမ ဗုံးသီး ၃ လုံး၊ လက်နက်ငယ် တွေနဲ့ အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုမှာလည်း စစ်ကောင်စီတပ်သားအများအပြား ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကျောက်ဆည်ခရိုင်တပ်ရင်း2 BlackEagleDefenceForce(MMU)၊ အလ္လကပ္ပတိုက်နယ်ပကဖ၊ မြင်းမူမြို့နယ်ပလဖ၊ ရေနဂါး(ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ဒေသခံတော်လှန်ရေးအဖွဲ့များက ပူးပေါင်းတိုက် ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

0 Shares:
You May Also Like
Read More

ငလျင်ဘေးသင့်ပြည်သူများအတွက် ရှေ့တန်းစစ်မျက်နှာပြင်ရောက် PDF ရဲဘော်များ ဆုတောင်းပွဲပြုလုပ် (ရုပ်/သံ)

တောင်ပိုင်း​စစ်ဒေသ​၊ စစ်​ဆင်ရေးနယ်မြေ (၁)၊ အမှတ်(၂၇) စစ်ဗျူဟာ ကွပ်ကဲမှုအောက်ရှိ‌ ဖာပွန်ရှေ့တန်းစစ်မျက်နှာပြင်မှာ ရောက်ရှိနေတဲ့ PDF ရဲဘော်တွေက ငလျင်သေးသင့်ပြည်သူတွေအတွက် ဆုတောင်းပွဲပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

နယ်မြေစိုးမိုးနိုင်ရေး ရေနံချောင်း-မကွေး ကားလမ်းပေါ် မှာ ခရီးသွားယာဉ်တွေကို PDF များ ရှောင်တခင်စစ်ဆေး (ရုပ်/သံ)

မကွေးတိုင်း ရေနံချောင်း-မကွေး ကားလမ်းပေါ်မှာ ဇန်နဝါရီ ၂၁ ရက် နေ့လယ်ပိုင်းက နယ်မြေစိုးမိုးနိုင်ရေးအတွက် ခရီးသွားယာဉ်တွေကို ရှောင်တခင်စစ်ဆေးခဲ့တယ်လို့ မြေလတ်လင်းပိုင်စစ်ကြောင်းထံက သိရပါတယ်။
Read More

လက်နက်ခဲယမ်းတွေ တင်ဆောင်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကောင်စီရဲ့ ရိက္ခာ၊ လက်နက်ခဲယမ်း တင်ဆောင်လာတဲ့ ယာဉ်တန်းနဲ့ လမ်းကင်းယူပေးတဲ့ အကြမ်းဖက် စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)က ထုတ်ပြန်ပါတယ်။
Read More

ဖြူးမြို့နယ် ဝဲဒေါင့်ဝဲကြီးကျေးရွာ စစ်ကောင်စီကင်းစခန်းကို တော်လှန်ရေးတပ်များ စီးနင်းတိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေ (ရုပ်/သံ)

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဝဲဒေါင့်ဝဲကြီးကျေးရွာရှိ စစ်ကောင်စီကင်းစခန်းကို စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ဖြူးမြို့နယ် ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲပြီး မပေါက်ကွဲသေးတဲ့ ဗုံးကို အရပ်သားပြည်သူများ အန္တရာယ်ကင်းစေဖို့ ဖယ်ရှားပေး (ရုပ်/သံ)

ကရင်နီပြည်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မပေါက်ကွဲသေးတဲ့ ဗုံးကို ဖယ်ရှားပေးခဲ့တယ်လို့ KNDF B - 05 မှ ဒီဇင်ဘာ ၁၂ ရက်က ထုတ်ပြန်ထားပါတယ်။
Read More

တောကျီးကန်းတပ်ရင်း ရဲဘော်များ၏ နေထိုင်လှုပ်ရှားမှုပုံရိပ်များ ထုတ်ပြန် (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ်(၂) စစ်ဆင်ရေးနယ်‌မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၆) ကွပ်ကဲမှုအောက်မှာရှိတဲ့ တောကျီးကန်းတပ်ရင်း ရဲဘော်တွေရဲ့ နေထိုင်လှုပ်ရှားမှုပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။