ကရင်နီပြည်နယ် ဖားဆောင်းမြို့သိမ်းတိုက်ပွဲအတွင်း တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုတွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

မြို့သိမ်းတိုက်ပွဲအတွင်း အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့က ရဲဘော် ၁၀ ယောက်ခန့် ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူလျက်ရှိကာ ကျဆုံးခဲ့ရတဲ့ ညီနောင်မဟာမိတ်တပ်ပေါင်းစု ရဲဘော်တွေကိုလည်း အလံနီပြုပါကြောင်း ထုတ်ပြန်ထားပါတယ်။

အလယ်ပိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့ဟာ ၂၀၂၄ နှစ်ကုန်ပိုင်းကစတင်ပြီး ဘောလခဲ၊ ဖားဆောင်း စစ်ဒေသတွေမှာ ဒေသခံညီနောင်မဟာမိတ်တပ်ဖွဲ့တွေနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်လျက်ရှိပြီး စစ်အာဏာရှင်အမြစ်ပြတ် ကျရှုံးအထိ တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။ 

Video – အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့

0 Shares:
You May Also Like
Read More

မဲဆောက်ဈေးအတွင်း မြန်မာဈေးသည်အချင်းချင်း ရန်ဖြစ်ပြီးနောက် ထိုင်းအာဏာပိုင်များ ဝင်ရောက် စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ ဈေးအတွင်း ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာဈေးသည်အချင်းချင်း ရန်ပွဲဖြစ်ပွားပြီးတဲ့နောက် ထိုင်းအာဏာပိုင်တွေက ဝင်ရောက်ဖမ်းဆီးစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြပါတယ်။
Read More

အာဏာရှင် အကြမ်းဖက်စစ်တပ်ကို တော်လှန်ရင်း ရေးပြောက်ကျားတပ်ဖွဲ့ဝင် ရဲဘော် ၂ ဦး ကျဆုံးခဲ့ရ (ရုပ်/သံ)

ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ရင်း မတ်လ ၁၅ ရက်မှာ ရေးပြောက်ကျားတပ်ဖွဲ့ (YGF) ရဲဘော် ၂ ယောက် ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။
Read More

တောင်သာမြို့နယ်အတွင်း ပြည်သူနေအိမ်များတွင် ဝင်ရောက်တပ်စွဲထားသည့် စစ်အုပ်စုကို လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်း ပြည်သူနေအိမ်တွေမှာ ဝင်ရောက်တပ်စွဲထားတဲ့ စစ်ကော် မရှင်တပ်သားတွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၆ ယောက် သေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် (၃)တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဥပုသ်သီလယူဖို့ လူအများအပြားရှိနေတဲ့အချိန် ဘုန်းကြီးကျောင်းကို ဗုံးကြဲလို့ ပြည်သူ ၆ ဦး သေဆုံး၊ သံဃာတော်များ အပါအဝင် အများအပြားဒဏ်ရာရ (ရုပ်/သံ)

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ ကမ်းနီကျေးရွာဘုန်းကြီးကျောင်းကို ဒီနေ့ ဧပြီလ ၁၅ ရက် သင်္ကြန်အကြတ်နေ့ မနက်ပိုင်းမှာ အကြမ်းဖက်စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၆ ယောက်သေဆုံးပြီး သံဃာတော်များ အပါအဝင် လူအများအပြားထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ကော့ကရိတ်တွင် တပ်စွဲထားသည့် စစ်ကော်မရှင်တပ်စခန်းကို ၆၀ မမ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ကရင်ပြည်နယ်၊ ကော့ကရိတ်မှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်စခန်းကို ၆၀ မမ လက်နက်ကြီး နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Federal Revolution Force-FRF အဖွဲ့က သြဂုတ် ၁၇ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

တန့်ဆည်မြို့နယ် ကျီးကုန်းရွာအတွင်းရှိ စစ်အုပ်စု ထောင်သွားသည့် မိုင်းများကို ဖယ်ရှားရှင်းလင်း (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ကျီးကုန်းရွာအတွင်း စစ်တပ် ထောင်ထားတဲ့ မိုင်းတွေကို ပြည်သူတွေ အန္တရာယ်မဖြစ်စေဖို့ ဖယ်ရှားရှင်းလင်းပေးခဲ့တယ်လို့ Chaung U People's Defence Force က ဒီဇင်ဘာ ၃၀ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။