မြိတ်-ထားဝယ်ခရိုင်၊ လေဒိုစိုးမြို့နယ် နတ်အိမ်တောင် နယ်စပ်စစ်စခန်းကို စစ်ကူလာတဲ့ စစ်အုပ်စု နဲ့ KNLA (ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်) ပူးပေါင်းတပ်တို့ ၂ ရက်တိုင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ KNU မြိတ် – ထားဝယ်ခရိုင်အတွင်းရေးမှူးဆီက သိရပါတယ်။

ဇူလိုင် ၁၁ ရက်နေ့မှာ ခလရ ၂၈၂၊ ၂၇၃၊ ၄၀၈၊ ၄၀၉၊ ၄၁၀ တို့မှ ထုတ်နှုတ်အင်အား ၅၀ ဝန်းကျင် နဲ့ အင်အားဖြည့်ဖို့ စစ်ကူလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ နဲ့ KNLA ပူးပေါင်းတပ်တို့ အမှတ် (၈) လမ်းမကြီး နဲ့ နတ်အိမ်‌တောင်ကြား ဂတ်‌ပိုက်လိုင်းနားက ဇင်းဘန်ချောင်းနားမှာ ထိတွေ့မှုဖြစ်ပွါးခဲ့ကာဖြစ်ပြီး စစ်ကောင်စီတပ်သား ၂ ‌ဦးသေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင်လ ၁၂ ရက်နေ့မှာလည်း အဆိုပါစစ်အုပ်စုဟာ ထပ်မံစစ်ကြောင်းထိုးလာတဲ့အတွက် ၁၁ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ နေရာတစ်ဝိုက်မှာပဲ ထပ်မံထိတွေ့ပစ်ခတ်မှု ဖြစ်ပွါးခဲ့ပြီး တပ်ခွဲမှူး(ဗိုလ်မှူး) အောင်ကိုဟိန်း သေဆုံးကာ စစ်သား ၂ ဦး ထိမှန်ဒဏ်ရာရရှိပြီး လက်နက် ၂ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ် ။

အဲဒီနေ့ ညနေ ၅ နာရီကျော်လောက်မှာလည်း ထိတွေ့မှု ထပ်မံဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီတပ်သား (၁)ဦး ထပ်မဲသေဆုံးသွားခဲ့ပါတယ်။

နတ်အိမ်တောင်တိုက်ပွဲအတွင်း သိမ်းဆည်းရရှိတဲ့လက်နက်များ

“သေဆုံးတာက ခန့်မှန်း ၃၊ ၄ ယောက်၊ လက်နက် ၂ လက်ရတာဆိုတော့ သေချာတာကတော့ ၂ ယောက်ကတော့ သေချာတယ်၊ ဗိုလ်မှူးအောင်ကိုဟိန်းလည်း သေတယ်လို့ကြားတယ်၊ အရှင်ဖမ်းဆီးရမိတာမျိုးတော့ မရှိဘူး” လို့ KNU မြိတ် – ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက မောင်းကို ပြောပါတယ်။

ပစ်ခတ်မှုတွေဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားတွေဟာ လာရာတပ်စခန်းတွေထဲကို ပြန်လည်ဆုတ်ခွာသွားပြီး အခုချိန်ထိ နတ်အိမ်တောင်စခန်းထဲကို လူအင်အားဖြည့်တင်းနိုင်ခြင်း မရှိသေးဘူး လို့ဆိုပါတယ်။

ဇူလိုင်လ ၁၃ ရက်နေ့ကလည်း စစ်ကောင်စီရဲ့လောင်းလုံး နတ်အိမ်တောင်နဲ့ အမြှောက်ကုန်းလှုပ်ရှားတပ်ခွဲ တပ်ခွဲမှူး ဗိုလ်ကြီး ဇော်ဇော်အောင်ဟာ စစ်အုပ်စု လက်ရှိကျင့်သုံးနေတဲ့စနစ်နဲ့ လုပ်ကိုင်ဆောင်ရွက်ပုံ နည်းလမ်းတွေကို လက်မခံနိုင်တော့တဲ့အတွက် KNU ကရင်အမျိုးသားအစည်းအရုံး မြိတ် – ထားဝယ်ခရိုင် ကော်သူးလေထံ အလင်းဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ထိုင်း-မြန်မာနယ်စပ်ရှိ ဝ နှင့် စစ်ကောင်စီ ပူးပေါင်းထိန်းချုပ်ထားသည့် မိုင်းဆတ်မြို့နယ်မှာ မြေရှားသတ္တု တူးဖော်နေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ထုတ်ပြန်

ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်းက ဝပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) ရဲ့ ထိန်းချုပ်နယ်မြေဖြစ်တဲ့ မိုင်းဆတ်မြို့အနီးမှာ မြေရှားသတ္တုတူးဖော်နေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က မနေ့က ထုတ်ပြန်ပါတယ်။ 
Read More

ငလျင်ဒဏ်ကြောင့် အကြီးအကျယ် ပျက်စီးခဲ့သည့် နေပြည်တော် လွှတ်တော်အဆောက်အဦ

ပြီးခဲ့တဲ့ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားအလွန်ပြင်းထန်တဲ့ ငလျင်ဒဏ်ကြောင့် နေပြည်တော်မှာရှိတဲ့ လွှတ်တော်အဆောက်အဦများ အကြီးအကျယ် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
Read More

ရေစကြို၊ ပျူရွာကို တော်လှန်ရေးတပ်တွေ Drone တွေနဲ့ တိုက်ခိုက်ခဲ့…

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ မင်းရွာ (ပျူစောထီရွာ) ကို တော်လှန်ရေးတပ်ဖွဲ့တွေက Drone တွေနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger (MBT) အဖွဲ့ကနေ သတင်းထုတ်ပြန်ထားပါတယ်။
Read More

NUG ဝန်ကြီးနှင့် ဒုဝန်ကြီးနေရာအချို့ ပြောင်းလဲဖွဲ့စည်း၊ ဝန်ကြီးဌာနအချို့ကို ဖျက်သိမ်း

အခုနှစ်မကုန်ခင်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အစိုးရအဖွဲ့ အပြောင်းအလဲတွေရှိမယ်လို့ ထုတ်ဖော်ပြောဆိုထားတဲ့အတိုင်း ဒီကနေ့မှာ အစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းပုံကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်း သင်တန်း ပို့ချ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ရပ်ရွာလူထုကို လူ့အခွင့်အရေးတာဝန်ခံ ဦးဆောင်ပြီး စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်း ကမ်းသင်တန်းကို ပို့ချပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ပါတယ်။
Read More

ထိုင်းနယ်စပ်နှင့် ၁ ကီလိုမီတာခန့်သာ အကွာအဝေးရှိ စစ်ကောင်စီ၏ မယ်လတပ်စခန်းကို KNU ဦးဆောင်သည့် တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်

ထိုင်းနယ်စပ်အနီးက ကရင်အမျိုးသားအစည်အရုံး - KNU တပ်မဟာ ၇ နယ်မြေအတွင်းရှိ အကြမ်းစစ်ကောင်စီတပ်ရဲ့ မယ်လတပ်စခန်းကို မေလ ၁၆ ရက် ဒီနေ့ မနက်ပိုင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - KNLA နဲ့ ပူးပေါင်းတပ်တွေ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။