ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့နယ် နယ်စပ်စခန်းတွေ သိမ်းပိုက်ခံနေရတဲ့ စစ်ကောင်စီတပ်ဟာ KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကို ကာမီကာဇေဒရုန်းတွေ အသုံးပြုပြီး တိုက်ခိုက်နေတဲ့ ရုပ်သံဖိုင်တစ်ခုကို ထိုင်းသတင်းဌာနတွေက ဖော်ပြနေကြပါတယ်။

မနေ့က ဇူလိုင် ၁၃ ရက်ညနေပိုင်းမှာပဲ စစ်ကောင်စီတပ်က ကာမီကာဇေဒရုန်း ၄ စီးအထိ အသုံးပြုတိုက် ခိုက်ခဲ့ပြီး စစ်တပ်အားပေးထောက်ခံသူတွေကတော့ ထိုင်း-မြန်မာနယ်စပ်အနီး ဝေါလေက KNLA စခန်းတစ်ခုကို တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ရေးသားပြောဆိုကြပါတယ်။

လက်ရှိ KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ စစ် ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်လျက်ရှိရာ စစ်ကောင်စီတပ်စခန်း ၂ ခုသာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။

Video – လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

PDF Zoland ရဲ့ အတန်းမြှင့်သင်တန်း အောင်မြင်စွာပြီးဆုံး (ရုပ်/သံ)

ချင်းပြည်နယ်အခြေစိုက် PDF Zoland က ရဲဘော်တွေရဲ့ အတန်းမြှင့်သင်တန်း အပတ်စဉ် (၁) အောင်မြင်စွာပြီးဆုံးခဲ့ပြီဖြစ်ကြောင်း PDF Zoland က ထုတ်ပြန်ပါတယ်။
Read More

ယင်းမာပင်မြို့နယ်အတွင်း အကြမ်းဖက်စစ်သားများကို ၂ ကြိမ်တိုက်ခိုက်မှု စစ်သား ၉ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်း အင်အား ၂၀၀ ခန့်ရှိ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၉ ယောက် သေဆုံးခဲ့တယ်လို့ Black Vote Fighter Local PDF က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကချင်ပြည်နယ်ရှေ့တန်းတွင် တိုက်ပွဲဝင်နေသည့် ရဲဘော်များ၏အသက်ကို ကာကွယ်ပေးနိုင်ရန် ကျည်ကာကမ်ပိန်း ပြုလုပ် (ရုပ်/သံ)

ကချင်ပြည်နယ် ရှေ့တန်းတစ်နေရာမှာ စစ်ဆင်ရေးတာဝန် ထမ်းဆောင်နေတဲ့ ရဲဘော်တွေရဲ့ အသက်ကို ကာကွယ်နိုင်ဖို့ မုံရွာခရိုင်အမှတ် - ၂၇ တပ်ရင်းက "ကာကွယ်လုံခြုံ ကျည်ကာတစ်စုံ" ကမ်ပိန်းပြုလုပ် ထားတယ်လို့ သိရပါတယ်။
Read More

ပူပူနွေးနွေး သိမ်းပိုက်ထားသည့် အင်းတော်မြို့မှာ PDF များကို အိုးစည်ဒိုးပတ်များဖြင့် ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

ဒီရက်ပိုင်းအတွင်း အောင်မြင်စွာ သိမ်းပိုက်ထားပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ ကင်းစင်သွားတဲ့ အင်းတော်မြို့မှာ PDF ရဲဘော်တွေကို ပြည်သူလူထုက အိုးစည်ဒိုးပတ်တွေနဲ့ ကြိုဆိုကခုန်ကာ ဂုဏ်ပြုခဲ့ကြတယ်လို့ သိရပါတယ်။
Read More

ရွာငံ-အောင်ပန်းလမ်းပိုင်းမှာ DSNDA ရဲဘော်များ စစ်ဆေးရေးလုပ်နေချိန် ထွက်ပြေးသည့် စစ်ကောင်စီဗိုလ်ကြီး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး (ရုပ်/သံ)

ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ ရွာငံ-အောင်ပန်း မိုင်းလမ်းမဘေး လမ်းခွဲတစ်နေရာမှာ ဧပြီ ၁၁ ရက် ဒီနေ့ မနက်ပိုင်း DSNDA ရဲဘော်တွေ စစ်ဆေးရေးလုပ်ဆောင်နေချိန် ယာဉ် ၁ စီးကို မသင်္ကာတဲ့အတွက် ကားပေါ်က ဆင်းခိုင်းရာ ပြန်လည်ဆုတ်ခွာထွက်ပြေးတဲ့အတွက် ပစ်ခတ်ရှင်းလင်းခဲ့ပါတယ်။
Read More

ရေဦးမြို့တွင်း အတုအယောင်ရွေးကောက်ပွဲ ကျင်းပနေချိန် မြို့အဝင် ဂါဝီဂိတ်ကို ၄၀ မမ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ရေဦးမြို့အဝင်ရှိ ဂါဝီဂိတ်ကို ၄၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင် တပ်ရင်း ၂၄ ဆီက သိရပါတယ်။