ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ စီတုန်းရွာက နေအိမ်တွေကို အကြမ်းဖက်စစ်အုပ်စုက မီးရှို့ဖျက်ဆီးနေသလို ဒေသခံတွေကိုလည်း ဖမ်းဆီးထားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။

ဇူလိုင်လ ၁၃ ရက် ဒီနေ့မနက် ၁၀ နာရီဝန်းကျင်လောက်မှာ စစ်ကောင်စီတပ်သားတွေက အင်အား ၈၀ ဝန်းကျင် နဲ့ ရောက်လာပြီး တော်လှန်ရေးတပ်ဖွဲ့တွေရှိမယ်အထင်နဲ့ ရေငံအုပ်စု၊ စီတုန်းကျေးရွာကို မီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။

“တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဆက်စပ်မှုရှိနေတဲ့ ရွာတွေတိုင်းကို သူတို့မီးရှို့လာတာပါ၊ လက်ရှိစီတုန်းမှာပါပဲ၊ မီးတင်နေတုန်းပါ၊ ရွာထဲဝင်လာချိန်လည်း လက်နက်ကြီးနဲ့ အဝေးကပစ်ကူပေးပြီးမှ တက်လာကြတာပါ” လို့ ရွှေတန်းမြေတပ်ဖွဲ့တာဝန်ခံက မောင်းကို ပြောပါတယ်။

စီတုန်းရွာကို အကြမ်းဖက်စစ်အုပ်စု မီးရှို့ဖျက်ဆီးနေစဥ်

လက်ရှိအချိန်ထိ ကျေးရွာထဲမှာ စစ်ကောင်စီတပ်သားတွေ ရှိနေဆဲဖြစ်တဲ့အတွက် မီးလောင်သွားတဲ့ နေအိမ်အရေအတွက်ကို မသိရှိရသေးဘူးလို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေ ရွာထဲဝင်လာချိန် ထွက်ပြေးလို့ မလွတ်တော့တဲ့ ပြည်သူတချို့ ဖမ်းဆီးခံထားရပြီး ထွက်ပြေးတိမ်းရှောင်လာကြတဲ့ ပြည်သူတွေကတော့ ရွှေတန်းမြေတပ်ဖွဲ့ထံ ရောက်ရှိနေကြတယ်လို့ သိရပါတယ်။

စီတုန်းရွာမှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကလည်း နေအိမ်တချို့ကို စစ်အုပ်စုက မီးရှို့ဖျက်ဆီးခဲ့ပြီး အခုတစ်ခါ မီးရှို့ခံရတာဟာ ဒုတိယအကြိမ်မြောက်ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

သပိတ်ကျင်းနှင့် စဉ့်ကူးမှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၅ ဦးထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရ…

မန္တလေးတိုင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ထိန်းချုပ်ထားတဲ့ သပိတ်ကျင်းမြို့နယ်နဲ့ စဉ့်ကူးမြို့နယ်တို့မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၅ ယောက်ထက်မနည်း သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Wetlet Informational Network က ထုတ်ပြန်ပါတယ်။
Read More

သရက်ချောင်းမြို့နယ်၊ ညောင်ဇင်ရွာနှင့် ရန်တောင်ရွာတွင် တပ်စွဲထားသည့် စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ ၁၃ ဦးခန့် ထိခိုက်ဒဏ်ရာရ

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ညောင်ဇင်ရွာနဲ့ ရန်တောင်ရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်တပ်က ၁၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေါင်းညီနောင်စစ်ကြောင်းက ထုတ်ပြန်ပါတယ်။
Read More

စာသင်ကျောင်းမှာ ‘ကျောင်းဆရာဆရာမများ စာသင်ရပ်ရန်’ ဆိုပြီး စာကပ်သွားလို့ အုပ်ကြီးက စစ်တပ်ကိုလှမ်းတိုင်၊ အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုး ဝင်ရောက်လာလို့ ဒေသခံတွေ ထွက်ပြေးရ

နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ မင်းပြားကျေးရွာစာသင်ကျောင်းမှာ ကျောင်းဆရာဆရာမများ စာသင်ရပ်ရန် ဆိုတဲ့ စာလာကပ်ထားလို့ဆိုပြီး အုပ်ချုပ်ရေးမှူးက ဓာတ်ပုံရိုက်ကာ အကြမ်းဖက်စစ်တပ်ကို အကြောင်းကြားခဲ့လို့ စစ်တပ်က ကား ၂စီးနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဒေသခံတွေလည်း ဘေးလွတ်ရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရပါတယ်။
Read More

ရိက္ခာဖြတ်တောက်ခံထားရသည့်အတွက် ရိက္ခာထွက်ရှာသည့် ပျူထောက်ခံသူ ၁ ဦး ဖမ်းဆီးခံရ

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း တပ်ကုန်းရွာရှိ ပျူစောထီးတွေ ရိက္ခာဖြတ်တောက်ခံထားရတဲ့အတွက် ပျူထောက်ခံသူတစ်ယောက် ရိက္ခာရှာထွက်လာချိန် ဖမ်းဆီးရမိခဲ့ကြောင်း ပေါက်တောင်ပိုင်း နဂါးပြောက်ကျားတပ်ဖွဲ့ (ပကဖ) ထံက သိရပါတယ်။
Read More

ရွှေဘိုခရိုင် အမှတ် (၂၆) တပ်ရင်းမှ ရဲဘော် ချက်ပြား ကျဆုံး

အမှတ် (၁) စစ်ဒေသ၊ ရွှေဘိုခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၂၆ တပ်ရင်းက ကျဆုံး ရဲဘော် ချက်ပြား (ခေါ်) ပြည့်ဖြိုးကျော်အတွက် အမိန့်ပြန်တမ်း ထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်ကိုင်းငလျင်ကြီးအပြီး ၅ လနီးပါး ကြာမြင့်ချိန် Sky Villa ကွန်ဒိုမှ ရုပ်အလောင်း ၁ လောင်း တွေ့ရှိ…

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်ရှိ စစ်ကိုင်းငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့တဲ့ Sky Villa ကွန်ဒိုမှ အလောင်း ၁ လောင်း ထပ်မံ တူးဖော်ရရှိကြောင်း စစ်ကော်မရှင်ရဲ့ မီးသတ်ဦးစီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။