ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ယူမာကျေးရွာရှိ အဲဗားဝင်းနားကုမ္ပဏီ‌ ရွှေမျောခြံအတွင်း စခန်းချနေတဲ့ စစ်အုပ်စုဟာ ဇူလိုင်လ ၁၂ ရက် ညနေပိုင်းမှာ ကားနဲ့ လှည့်ပတ်လာစဥ် KIA/KPDF တပ်ဖွဲ့တွေက ပစ်ခတ်ခဲ့တယ်လို့ ဖားကန့်နယ်ခံတွေဆီက သိရပါတယ်။

အခုလို ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားတွေနဲ့အတူ လိုက်ပါလာတဲ့ ဖားကန့် အမှိုက်ပုံကျေးရွာရဲ့ ဥက္ကဋ္ဌဟောင်းဖြစ်သူ ကိုမင်းစိုးဦး ထိမှန်သေဆုံးခဲ့တဲ့အတွက် သူ့ရဲ့ရုပ်အလောင်းကို ကားပေါ်က တွန်းချပြီး မောင်းပြေးသွားတယ်လို့ ဆိုပါတယ်။

“စကစ ကားကို KIA/KPDF ပူးပေါင်းအဖွဲ့က ပစ်ရာမှာ ဥက္ကဋ္ဌဟောင်း မင်းစိုးဦး ထိမှန်ပြီး စကစတွေက သူ့အလောင်းကို ကားပေါ်က တွန်းချထားခဲ့ပြီး မောင်းပြေးသွားတာပါ” လို့ ဖားကန့်နယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

သေဆုံးသူ စစ်ကောင်စီဥက္ကဋ္ဌဟောင်း ကိုမင်းစိုးဦး

Lucky Men Hotel တိုက်ပွဲအပြီး ပြန်ဆုတ်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဆိပ်မူကျေးရွာအုပ်စု၊ ဆိပ်မူ-ဖားကန့်သွား လမ်းပေါ်က ယူမာကျေးရွာ အဲဗားဝင်းနားကုမ္ပဏီ ရွှေမျောခြံအတွင်း စခန်းချနေခဲ့ပြီး မနေ့က ညနေပိုင်းမှာ ကားနဲ့လှည့်ပတ်နေချိန် KIA/KPDF တပ်ဖွဲ့တွေနဲ့ ရွှေမြန်မာဆီဆိုင်ရှေ့မှာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားတွေနဲ့ အတူလိုက်ပါလာတဲ့ အမှိုက်ပုံရွာ ဥက္ကဌဟောင်း ထိမှန်သေဆုံးခဲ့ပြီး အပြင်ကနေ ကားမောင်းပြီးပြန်လာတဲ့ ဦးဘရန်မွန်းဆိုသူလည်း ထိမှန်သေဆုံးခဲ့ပါသေးတယ်။

“ဦးဘရန်မွန်းက လမ်းသွားနေရင်း နှစ်ဖက်ပစ်ခတ်ကျည်ထိမှန် သေဆုံးခဲ့တာပါ” လို့ အထက်ပါနယ်ခံက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၀ ရက်နေ့ကလည်း SKY Hotel ရှေ့မှာ အချဥ်ပေါင်းရောင်းနေတဲ့ ကိုဇော် (၄၀) နှစ် ဆိုသူတစ်ယောက် သေနတ်ဒဏ်ရာ ၂ ချက်နဲ့ သေဆုံးခဲ့ပသေးတယ်။

လမ်းသွားလမ်းလာ ဦးဘရန်မွန်း
0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်အုပ်စု၏ တရားမဝင်ရွေးကောက်ပွဲ မကျင်းပနိုင်ရေး အစွမ်းကုန် တားဆီးသွားမည်ဟု DMO Local PDF ထုတ်ပြန်

မကြာခင် ကျင်းပပြုလုပ်တော့မယ့် အကြမ်းဖက်စစ်အုပ်စုရဲ့ တရားမဝင် ရွေးကောက်ပွဲ မကျင်းပနိုင်ရေးအတွက် အစွမ်းကုန် တားဆီးသွားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆိုက ထုတ်ပြန်လိုက်ပါတယ်။
Read More

မြွေနှစ်ရဲ့ ကိုယ်စားပြုမှုဟာ နွေဦးတော်လှန်ရေးရဲ့ လက္ခဏာတွေကို ထင်ဟပ်နေတယ်လို့ NUG ယာယီသမ္မတ တရုတ်နှစ်ကူးဆုတောင်းမှာ ထည့်သွင်းပြောကြား

ဇန်နဝါရီ ၂၉ ရက် ဒီနေ့မှာ ကျရောက်တဲ့ မြွေနှစ်ကိုကူးပြောင်းတဲ့ တရုတ်နှစ်သစ်ကူးနေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက တရုတ်နှစ်သစ်ကူးအခါသမယ ဆုတောင်းစကား ပြောကြားခဲ့ပါတယ်။
Read More

မြိုင်မြို့ပေါ်အထိတက်မည့် စစ်တပ်စစ်ကြောင်းကို ပိတ်ဆို့တိုက်ခိုက်၊ စစ်သားအလောင်း ၈ လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ မြိုင်မြို့ပေါ်အထိတက်မယ့် အကြမ်းဖက်စစ်ကြောင်းကို ပြန်လည်ဆုတ်ခွာသွားအောင် ခုခံတိုက်ခိုက်ရင်း လက်နက်ခဲယမ်းတွေနဲ့ အကြမ်းဖက်စစ်သားအလောင်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ အညာမြေတပ်ပေါင်းစု တာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကို ပြောပါတယ်။
Read More

ကလေးမှာ စစ်မှုထမ်းဖို့ လူငယ် ၁၈၀ ကျော် ဖမ်းဆီးခံရ

ကလေးမြို့နယ်မှာ စစ်မှုထမ်းဥပဒေဖြင့် မတရားဖမ်းဆီးခံရသူ လူငယ် ၁၈၅ ဦးရှိပြီး တိုက်ပွဲဖြစ်ပွားရာ ရှေ့တန်းစစ်မြေပြင်များသို့ ပို့ဆောင်ခံနေရတယ်လို့  ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ထုတ်ပြန်ပါတယ်။
Read More

စလင်းမြို့နယ်မှာ သံချပ်ကာယာဥ်တွေ ပါဝင်တဲ့ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်၊ အကြမ်းဖက်စစ်သား ၂ ဦး သေ

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ သံချပ်ကာယာဥ်တွေ ပါဝင်တဲ့ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၂ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဗမာ့တပ်တော်က မနေ့က ထုတ်ပြန်ပါတယ်။
Read More

၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်လည်နေ့မှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က စစ်ဆင်ရေးအတွင်း ပါဝင်တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းတွေကို ထုတ်ပြန်လာ

မြန်မာနိုင်ငံမှာ လက်နက််ကိုင်တော်လှန်ရေးနဲ့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးတို့မှာ သမိုင်းသစ်ရေးထိုးနိုင်ခဲ့ပြီး စစ်အုပ်စုကို အထိနာစေခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး တစ်နှစ်တင်းတင်းပြည့်ခဲ့တဲ့ အောက်တိုဘာ ၂၇ ရက် မနေ့က ညပိုင်းမှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - People’s Liberation Army - PLA က စစ်ဆင်ရေးအတွင်း ပါဝင်တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းတွေကို သတင်းထုတ်ပြန်ထားပါတယ်။