မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်က စစ်ကောင်စီတပ်တွေတပ်စွဲထားရာ ကျောက်တိုင်ကျေးရွာ၊ တိုက်နယ်ဆေးရုံဝန်းအတွင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုမှာ စစ်အုပ်စုဘက်က အရာရှိအပါအဝင် ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့ကြောင်း သရက်ခရိုင် အမှတ် (၄) တပ်ရင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က မောင်းကို ပြောပါတယ်။

ဇူလိုင်လ ၁၁ ရက် နေ့လယ်ပိုင်းက မင်းတုန်းမြို့နယ်၊ ပုသိမ်-မုံရွာလမ်းမကြီးဘေး၊ တိုက်နယ်ဆေးရုံမှာ အင်အား ၃၀ ကျော်နဲ့တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက တိုက်ခိုက်ရေး ဒရုန်းနဲ့ ၆၀ မမ ဗုံးသီးတွေ သွားရောက်ကြဲချ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

သရက်ခရိုင်အမှတ် – ၄ တပ်ရင်းရဲ့ တပ်ခွဲ-၁ ခွဲမှူး ဦးဆောင်တဲ့ Drone တပ်စိပ်နဲ့အတူ မင်းတုန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်တဲ့ ဒီတိုက်ခိုက်မှုမှာ တော်လှန်ရေးတပ်တွေပစ်ခတ်လိုက်တဲ့ ၆၀ မမ လက်လုပ်ဗုံးသီး ၄ လုံးစလုံး ပစ်မှတ်ကို ကျရောက်ခဲ့တယ်လို့ ကိုမြတ်ကပြောပါတယ်။

“လက်လုပ် ၆၀ မမ ဗုံးသီးတွေ ကြဲခဲ့တာပါ။ နေ့လယ် ၁ နာရီနဲ့ ၂၂ မိနစ်မှာ တစ်ခေါက်၊ ၁နာရီနဲ့ မိနစ် ၅၀ မှာ တစ်ခေါက်ဆိုပြီး နှစ်ခေါက်ကြဲခဲ့တာပါ။ တစ်ခေါက်ကို ဗုံးသီး၂ လုံးဆိုတော့ စုစုပေါင်း ၄ လုံး ကြဲခဲ့တာပါ။ ဒရုန်းရဲ့မှတ်တမ်းတွေပြန်ကြည့်တဲ့အခါ ကျနော်တို့ပစ်မှတ်ထားတဲ့ အရာရှိနေတဲ့ အဆောင်အပါအဝင် အဆောင်ကို ဆက်သွယ်ထားတဲ့ ဆက်သွယ်ရေးမြောင်း၊ ဘန်ကာတွေထဲကို ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ ၄ ယောက်နဲ့ ၄ ယောက်အထက်ကို ထိခိုက်ဒဏ်ရာရရှိနိုင်ချေရှိပါတယ်။ နောက်ဆက်တွဲ ထိခိုက်သေဆုံးမှုတွေကတော့ စုံစမ်းအတည်ပြုနေဆဲပါ”လို့ သရက်ခရိုင် အမှတ် (၄) တပ်ရင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က မောင်းကို ပြောပါတယ်။

တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုအပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်ကနေလည်း လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့သလို ပုသိမ်-မုံရွာလမ်းပိုင်းအတွင်း လုံခြုံရေးတင်းကြပ်တာတွေ လုပ်ဆောင်လာကြောင်း၊ အရပ်သားခရီးသွားတွေကို လိုတာထက် ပိုစစ်ဆေးတင်းကြပ်ခဲ့ကြောင်း သရက်ခရိုင် အမှတ် ၄ တပ်ရင်းက ထုတ်ပြန်ပါတယ်။

သရက်ခရိုင် အမှတ် ၄ တပ်ရင်းနှင့် မင်းတုန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဒရုန်းစစ်ဆင်ရေး လုပ်ဆောင်နေစဥ် (ဓာတ်ပုံ အမှတ် ၁ စစ်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင် အမှတ် – ၄ တပ်ရင်း)

0 Shares:
You May Also Like
Read More

စစ်မှုထမ်းဥပဒေကြောင့် စစ်သင်တန်းတက်ရောက်ခဲ့ရသူ အယောက် ၁၀၀၀ ကို ကမ်းရိုးတန်း ဘတ်တံဆိပ်တွေတပ်ပေးပြီး ရှေ့တန်းပို့

ဧရာဝတီတိုင်းထဲက မြို့နယ်တွေမှာ မတရားစစ်မှုထမ်းဥပဒေကြောင့် စစ်သင်တန်းတက်ရောက်ခဲ့ရတဲ့ တပ်သားသစ် အယောက် ၁၀၀၀ ကို ပုသိမ်အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) က ကမ်းရိုးတန်း ဘတ်တံဆိပ်တွေ တပ်ပေးပြီး စစ်ဆင်ရေးနယ်မြေတွေဆီ ပို့လိုက်တယ်လို့ နတခ နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

ABSDF မကွေးတိုင်းဆက်ဆံရေးရုံးမှ Gender, CEDAW, Women Peace and Security (WPS) ‎အမြင်ဖွင့် အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် စစ်ဘေးရှောင်စခန်းတစ်နေရာမှာ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မကွေးတိုင်းဆက်ဆံရေးရုံးက Gender, CEDAW(The Convention on the Elimination of All Forms of Discrimination Against Women), Women Peace and Security (WPS) အမြင်ဖွင့် အလုပ်ရုံဆွေးနွေးပွဲကို (၃)ရက်တာ ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
Read More

နွေဦးဘဏ်မှာ ရင်းနှီးမြှုပ်နှံသူ အစုရှယ်ယာ အမေရိကန်ဒေါ်လာ ၅သန်းကျော်အထိ စံချိန်တင်ပြည့်မှီ

NUG ရဲ့နွေဦးဘဏ်က ရင်းနှီးမြှုပ်နှံသူ အစုရှယ်ယာ အမေရိကန်ဒေါ်လာ ၅ သန်းကျော်စံချိန်တင်ပြည့်မှီခဲ့ကြောင်း Spring Development Bankက ဒီနေ့ နို၀င်ဘာ ၂၅ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ရွာငံမှာ ပျူခေါင်းဆောင်နေအိမ်ကို ဝင်ရောက်စီးနင်းရာ သေနတ် ၁ လက်နဲ့ ကျည်ဆံတွေ သိမ်းဆည်းရမိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ ရေလှကျေးရွာက ပျူစောထီးခေါင်းဆောင်ဆိုသူ ဌေးလွင်ရဲ့ နေအိမ်ကို ဝင်ရောက်စီးနင်းခဲ့ရာ သေနတ်  ၁ လက်နဲ့ ကျည်ဆံတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် - DSNDA က ထုတ်ပြန်ထားပါတယ်။
Read More

MNDAA က လားရှိုးမှာ ကုန်စည်ဝယ်ယူရောင်းချမှုတွေ ကုန်ကျစရိတ်သက်သာစေဖို့ ဆောင်ရွက်နေ

MNDAA က လားရှိုးမှာ ကုန်စည်ဝယ်ယူရောင်းချမှုတွေ အဆင်ပြေလွယ်ကူစေဖို့ ရေရှည်အစီအမံတွေ ချမှတ်ဆောင်ရွက်သွားမယ်လို့ နိုဝင်ဘာ ၂၈ ရက် မနေ့က ထုတ်ပြန်ပါတယ်။
Read More

ရေးမြို့နယ်တွင် စစ်တပ်အလိုကျ ပေါ်တာဆွဲမှုများ ထဲထဲဝင်ဝင် လုပ်နေသည့် ပြည်သူ့စစ် ၁ ဦးကို YGF ရှင်းလင်း 

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာမှာ ပြည်သူတွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ ပြည်သူစစ် ၁ ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ရေးပြောက်ကျားတပ်ရင်း (YGF) တာဝန်ရှိသူတွေထံက သိရပါတယ်။