အကြမ်းဖက်စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ရှိ သာဝတ္ထိနယ်မြေ ရဲစခန်းထဲကို 79 (40)mm ရှော့တိုက်ဒုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်မှုမှာ စစ်အုပ်စုဘက်က ထိခိုက်မှုတွေရှိနိုင်ကြောင်း မစ်ရှင်ဖော်ဆောင်ခဲ့တဲ့ Black Leopard UG အဖွဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။

ဇူလိုင်လ ၁၀ရက်၊ ညပိုင်းမှာ လယ်ဝေးမြို့နယ်၊ သာဝတ္ထိနယ်မြေရဲစခန်းထဲကို မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေက ကိုယ်တိုင်လုပ် 79 (40)mm ရှော့တိုက်ဒုံး ၁၀လုံးနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၉လုံးဟာ ရဲစခန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

“ရန်သူ့နယ်မြေထဲမှာ လှုပ်ရှားရတာဆိုတော့ ရဲဘော်တွေအတွက် တော်တော်လေးခက်ခဲခဲ့ပါတယ်။ ရဲစခန်းက အထဲမှာ ၃ထပ်တိုက်ပါ။ ၁၀လုံးပစ်တာမှာ ၁လုံးက မကွဲတော့ ၉လုံးပဲ စခန်းထဲရောက်ခဲ့ပါတယ်။ ရဲစခန်းထဲကျခဲ့တာဆိုတော့ ထိခိုက်မှုတွေရှိနိုင်ပါတယ်။ လုံခြုံရေးကြောင့်သာ ထိခိုက်စာရင်း အတိအကျမသိရသေးတာပါ” လို့ Black Leopard UG အဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အခုလိုမျိုးစစ်ကောင်စီရဲ့ အရေးပါ အချက်အချာကျတဲ့ နယ်မြေအတွင်း ဝင်ရောက်တိုက်ခိုက်မှုကို Black Leopard UG တပ်ဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး 31 UG အဖွဲ့ကလည်း လူအင်အားနဲ့ လက်နက်ခဲယမ်းတွေ ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

UG တပ်ဖွဲ့ဝင်များ အသုံးပြုခဲ့သည့် ကိုယ်တိုင်လုပ် 79(40) mm ရှော့တိုက်ဒုံး

“အဲ့နေ့က မိုးတော်တော်ရွာတော့ လုပ်ရကိုင်ရ ခက်ခဲခဲ့ပါတယ်။ ရဲတွေလည်း စခန်းထဲမှာပါ။ ရဲစခန်းဘေးပတ်ချာလည်ကလည်း ဆိုင်ခန်းတွေနဲ့ဆိုတော့ ကျနော်တို့မှာ ပစ်မှတ်လေးလွဲသွားရင်တောင် ပြည်သူထိခိုက်မှာစိုးလို့ အတတ်နိုင်ဆုံး သေချာပစ်ခဲ့ပါတယ်။ ကျနော်တို့ စောင့်ကြည့်ရသလောက် အဲ့ရဲစခန်းပတ်ဝန်းကျင်ကို ရဲတွေကထွက်ထွက်ပြီး ဟိုတစ်စုဒီတစ်စုနဲ့ ဆိုင်ကယ်နဲ့ကားတွေဆီကနေ ဆက်ကြေးကောက်တတ်ပါတယ်” လို့ 31 UG အဖွဲ့ တာဝန်ရှိသူကလည်း မောင်းကိုပြောပါတယ်။

မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေရဲ့ တိုက်ခိုက်မှုအပြီး စစ်ကောင်စီနဲ့ ရဲတပ်ဖွဲ့ဝင်တွေက အခင်းနေရာကို လုံခြုံရေးတိုးမြှင့်ရင်း မဆိုင်တဲ့အရပ်သားတွေကိုပါ လိုက်လံဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

“ရဲဘော်တွေပစ်ပြီးနောက်ပိုင်းမှာ လုံခြုံရေး ပိုပြီးတင်းကြပ်သွားတယ်။ မဆိုင်တဲ့ပြည်သူတွေပါ လိုက်ဆွဲနေတယ်ပေါ့။ စခဘက်တော့ တော်တော်လေး တုန်လှုပ်သွားတယ်ပြောရမယ်။ ဘာလို့ဆို သူတို့ရဲ့ အဓိကနယ်မြေနားအထိ သွားပစ်ခဲ့တာကြောင့်ပါ။ ပစ်ခတ်မှုအပြီး လုံခြုံရေးက တင်းကြပ်တော့ ကျနော်တို့လည်း ပြန်ဆုတ်ခဲ့လိုက်ပါတယ်” Black Leopard UG အဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောခဲ့ပါတယ်။

ဒါ့အပြင် 31 UG အဖွဲ့ တာဝန်ရှိသူကလည်း “ကျနော်တို့ရဲဘော်တွေက တော်လှန်စိတ်ဓာတ် အပြည့်ရှိကြတဲ့သူတွေပါ။ သူတို့ကိုယ်သူတို့ ကာကွယ်ဖို့ လက်နက်တောင်မရှိဘဲ ရရာနဲ့လုပ်နေကြတာပါ။ UG ရဲ့ သဘောတရားအရ လက်နက်ခဲယမ်းမရှိကြတော့ ကိုယ့်ဘာသာပါထုတ်ပြီး ပစ်ကြရတာပါ။ မြို့ပြအမြဲရှိနေပြီး စစ်ကောင်စီ အမြဲကြောက်လန့်နေရပါမယ်။ UG တွေကို ထောက်ပံ့ပေးပါ။”လို့ ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

နွားထိုးကြီး PDF က မြေပြင်မှာ လိုက်နာစောင့်ထိန်းရမယ့် စည်းကမ်းချက်များကို ထုတ်ပြန်

မြင်းခြံခရိုင်၊ အမှတ် (၄-၁၀) တပ်ရင်း၊ နွားထိုးကြီး PDF က တပ်ဖွဲ့ဝင်များ မြေပြင်မှာ လိုက်နာစောင့်ထိန်းရမယ့် စည်းကမ်းချက်တွေကို အသိပေးထုတ်ပြန်လိုက်ပြီး တပ်ဖွဲ့ဝင်များအားလုံး မဖြစ်မနေလိုက်နာရမှာဖြစ်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်မှုထမ်းလုပ်သက် နှစ် ၄၀ ကျော်ရှိ အရာခံဗိုလ် စစ်အာဏာရှင်လက်အောက် မနေချင်တော့တာကြောင့် အလင်းဝင်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခမရ (၅၃၁) တပ်က အရာခံဗိုလ်တစ်ယောက် ဇန်နဝါရီလ (၂၇) ရက်မှာ လက်နက်နဲ့အတူ ထွက်ပြေးကာ အလင်းဝင်လာတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

TNLA ထိန်းချုပ်ရာဒေသတွေက အမျိုးသမီးတွေရဲ့ လူမှုဘဝဖွံ့ဖြိုးတိုးတက်ဖို့ ကွင်းဆင်း အသိပညာပေး

TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနက တစ်လတာအတွင်း ကျေးရွာပေါင်း ၃၀ကျော်မှာ လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းအသိပညာပေးမှုတွေပြုလုပ်ခဲ့ကြောင်း TNLA က အသိပေးထုတ်ပြန်ပါတယ်။
Read More

ကသာတွင် စစ်သင်္ဘောများ၏ လုံခြုံရေးအတွက် ဗုံးကြဲမှုကြောင့် ‌ဒေသခံ ၂ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ၊ ဘုရားစေတီများ ပျက်စီး

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

မတ္တရာမှာ စစ်အုပ်စုတွေကို လက်လုပ်စိန်ပြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ၂ ယောက်သေ…

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုတွေကို လက်လုပ်စိန်ပြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ၂ ယော​​က်သေဆုံးခဲ့တယ်လို့ Never Give Up Fox Force :NGUFF အဖွဲ့ဆီက သိရပါတယ်။
Read More

ကျောက်ကြီးမြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့် ကျေးရွာ (၈၀) ရေနစ်မြုပ်၊ လယ်ဧက (၃၀,၀၀၀)ကျော် ပျက်စီး၊ စာသင်ကျောင်း (၃၇) ကျောင်း ယာယီရပ်နားထားရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်မှာ ရေကြီးရေလျှံမှုကြောင့် ကျေးရွာပေါင်း(၈၀) ရေနစ်မြုပ်ပြီး လယ်ဧက (၃၀,၀၀၀)ကျော် ရေလွှမ်းမိုးခဲ့ရတဲ့အပြင် စာသင်ကျောင်း (၃၇)ကျောင်း ကျောင်းတက်မရဘဲ ယာယီကျောင်းပိတ်ထားရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။