မန္တလေးတိုင်းရှိ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ သပိတ်ကျင်းမြို့နယ်ရှိ လိပ်ကျကျေးရွာနဲ့ ဇရပ်ကွင်းကျေးရွာတို့မှာ စစ်ကောင်စီရဲ့ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၆ နှစ်အရွယ် မိန်းကလေးငယ်အပါအဝင် အရပ်သားပြည်သူ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၁၂ ရက် မနေ့က ညပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ မိတ္ထီလာရှမ်းတဲလေတပ်က လာတဲ့ ဂျက်ဖိုက်တာက သပိတ်ကျင်းမြို့နယ်၊ လိပ်ကျကျေးရွာကို ပေါင် ၂၅၀ ဗုံးသီးတစ်လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၆ နှစ်အရွယ် အရပ်သား အမျိုးသမီး(၁) ယောက် ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)ရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါဗုံးကြဲမှုအပြီး ၅ မိနစ်ခန့်အကြာမှာ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာကိုလည်း စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာက ပေါင်၂၅၀ ဗုံးတစ်လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပကဖ က ဆိုပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူပိုင်နေအိမ် ၄ လုံးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အရပ်သားပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ ဝေးရာမှာ နေထိုင်ဖို့နဲ့ လေကြောင်းရန်ကာကွယ်ရေးအတွက် ဗုံးခိုကျင်းတွေ တူးထားဖို့ကိုလည်း ပြင်ဦးလွင်ခရိုင် ပကဖ က တိုက်တွန်းထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

NUG ဆက်သွယ်ရေး၀န်ကြီးဌာနနဲ့ Federal Wings လမ်းခွဲ

Federal Wings နဲ့ NUG ဆက်သွယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းမှု ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း Federal Wings ဒရုန်းတပ်ဖွဲ့က ဒီနေ့ ဒီဇင်ဘာ ၃ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းမှာ စစ်ကောင်စီ ရဲတပ်ကြပ်ကြီးကို PDF က နေအိမ်ထဲ ဝင်ရောက်ဖမ်းဆီး၊ ခဲယမ်းတွေပါ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်မှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ကြပ်ကြီး ၁ ယောက်ကို နေအိမ်အထိ ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ ရတနာပုံတပ်ဦးက ဒီဇင်ဘာ ၉ ရက် ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

ပွင့်ဖြူတွင် အင်အား ၂၀၀ပါ စစ်ကောင်စီကားတန်းတိုက်ခိုက်ခံရ ၊ စစ်သားနှင့်ပျူစောထီး ၆ ဦးသေပြီး ထိခိုက်ဒဏ်ရာရသူများလည်း ရှိ…

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ အင်အား ၂၀၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီကားတွေကို မိုင်းဆွဲပစ်ခတ်ရာမှာ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီး ၆ယောက်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပွင့်ဖြူမြို့နယ်က သတင်းထုတ်ပြန်ပါတယ်။
Read More

ရသေ့တောင်မြို့နယ်၊ ထွန်းရဝေရွာဟောင်းနှင့်ကျောက်တော်မြို့မှာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု ၁၀ နှစ်အောက် ကလေးငယ် ၂ ဦးအပါ ၁၄ ဦး သေဆုံးကြောင်း AA ထုတ်ပြန်

ရခိုင်ပြည်နယ်၊ ရသေ့တောင်နဲ့ ကျောက်တော်မြို့တို့မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၀ နှစ်အောက် ကလေးငယ် ၂ ယောက်အပါအဝင် အရပ်သား ၁၄ ယောက် သေဆုံးခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

လွတ်ရက်စေ့ပြီး ပြန်လွတ်လာသည့် နိုင်ကျဥ်း ၅ ဦးကို ထောင်ဗူးဝတင် စစ်အုပ်စု ပြန်ဖမ်း၊ မတရား အမှုထပ်ကပ်ကာ အကျဉ်းထောင် ပြန်ပို့ထား

ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်၊ သာယာဝတီအကျဉ်းထောင်မှာ လွတ်ရက်စေ့ပြီး ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား ၅ ယောက်ကို စစ်အုပ်စုက ထောင်ဗူးဝမှာတင်ပြန်လည်ဖမ်းဆီးပြီး အကြမ်းဖက်ပုဒ်မနဲ့ ထပ်မံတရားစွဲဖို့ လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက မောင်းကို ပြောပါတယ်။
Read More

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်၏ ဆဲဗင်းဂျူလိုင် (၆၃)နှစ်ပြည့် အထိမ်းအမှတ် ဓာတ်ပုံကမ်ပိန်း (ဓာတ်ပုံသတင်း)

ကျောင်းသားပေါင်း ရာနဲ့ချီ အသက်ပေးခဲ့ရတဲ့ 7 July (ဆဲဗင်းဂျူလိုင်) (၆၃)နှစ်ပြည့် အထိမ်းအမှတ်အတွက် မြောင်းမြကျောင်းသား ကိုကျော်ဝင်းရဲ့ သွေးနဲ့ ရေးသားခဲ့တဲ့ "၇.၇.၆၂ကို မမေ့ကြနဲ့" ကြွေးကြော်စာကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က ဓာတ်ပုံကမ်ပိန်းအဖြစ် ပူးပေါင်းပါဝင်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။