ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA တို့ရဲ့ တိုက်ပွဲတွေကြောင့် ကျောက်မဲမြို့နယ်ကို စစ်ဘေးရှောင်လာတဲ့ ပြည်သူတွေအတွက် စားနပ်ရိက္ခာတွေ ကူညီထောက်ပံ့ပေးခဲ့တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

နောင်ချိုမြို့နယ်က ဒေသခံပြည်သူတချို့ဟာ ကျောက်မဲမြို့နယ်ဘက် ထွက်ပြေးတိမ်းရှောင်လာကာ စားနပ်ရိက္ခာ အကူအညီလိုအပ်နေတဲ့အတွက်ကြောင့် SSPP/SSA က ရိက္ခာဆန်တွေ သွားရောက်ကူညီထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ (၁၁)ရက် မနက်ပိုင်းမှာ SSPP/SSA ရဲ့ ကျောက်မဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနက မြို့နယ်ကော်မတီအဖွဲ့တို့က ကျောက်မဲမြို့နယ် ပန်ပေါင်းကျေးရွာအုပ်စု၊ နောင်ပိန်ကြီးကျေးရွာ အုပ်စု၊ ဟဲကွီ ကျေးရွာအုပ်စုကို ရောက်ရှိလာတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို သွားရောက် တွေ့ဆုံပြီး လိုအပ်တဲ့ စားနပ်ရိက္ခာအကူအညီတွေအတွက် ဆန် (၂၅)အိတ် ကူညီထောက်ပံ့ ပေးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင်ပြည်သူ စုစုပေါင်း (၈၁၆) ယောက် ရှိပြီး နောင်ချိုမြို့နယ် မဲပုပ်ကျေးရွာအုပ်စု ၊ ရွှေမုဋ္ဌော ကျေးရွာအုပ်စု၊ ကံကြီးကျေးရွာအုပ်စု၊ လုံဝယ် ကျေးရွာအုပ်စု၊ မျက်ချင်းနုကျေးရွာအုပ်စုနဲ့ ညဏ်တော ကျေးရွာအုပ်စု စတဲ့နေရာတွေက ဒေသခံပြည်သူတွေ ဖြစ်တယ်လို့ SSPP/SSA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဆင်ဖြူကျွန်းမြို့ ထွေအုပ်ရုံးအပါအဝင် ဌာနဆိုင်ရာရုံးများအား တော်လှန်ရေးတပ်များမီးရှို့ဖျက်ဆီး

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအပါအဝင် အကြမ်းဖက်စစ်တပ်ရုံးတွေကို တော်လှန်ရေးတပ်တွေက စီးနင်းမီးရှို့ခဲ့ပြီး မြို့ကို ရရှိဖို့အတွက် ဆက်လက်ပိတ်ဆို့ထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၂ရက်နေ့ကစလို့ စလင်းနဲ့ ဆင်ဖြူကျွန်းမြို့နယ်အတွင်းက စစ်အုပ်စုစခန်းတွေကို တော်လှန်ရေးတပ်တွေ စတင်တိုက်ခိုက်နေတာဖြစ်ပြီး ဒီဇင်ဘာလ ၂၅ရက်နေ့မှာတော့ မြို့ကို အပြီးသတ်တိုက်ခိုက်သွားဖို့ရှိတယ်လိုဆိုပါတယ်။
Read More

ရှမ်းမြောက်ပြန် အောင်ပွဲရ PLA ရဲဘော်တွေရဲ့ အိမ်အပြန်လမ်းမှာ ဒေသခံလူထုက သောင်းသောင်းဖြဖြ ကြိုဆို

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၊ အမှတ် ၁ စစ်ဒေသ တစ်နေရာမှာ ရှမ်းပြည်နယ်မြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးအတွင်း အောင်ပွဲတွေ ရယူနိုင်ခဲ့တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သားတွေကို အညာဒေသခံပြည်သူလူထုက သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုခဲ့တယ်လို့ PLA က ထုတ်ပြန်ထားပါတယ်။
Read More

အတုအယောင် ရွေးကောက်ပွဲလွန် ကာလတွေအထိ အတူရပ်တည်ပေးဖို့ နိုင်ငံတကာကို NUCC တိုက်တွန်း

အကြမ်းဖက်စစ်အုပ်စုရဲ့အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်မပြုတဲ့အတွက် ဝမ်းသာကြောင်းနဲ့ အဆိုပါအတုအယောင် ရွေးကောက်ပွဲရလဒ်နဲ့ အတုအယောင် အုပ်ချုပ်ရေးအဖွဲ့ကိုလည်း ဆက်လက်အသိအမှတ်မပြုဖို့ NUCC က နိုင်ငံတကာကို ဒီကနေ့မှာ တောင်းဆိုလိုက်ပါတယ်။ ကုလသမဂ္ဂ၊ အာဆီယံ၊ ဥရောပပါလီမန်အပါအဝင် နိုင်ငံတကာအဖွဲ့တွေနဲ့ နိုင်ငံအများစုဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ ရွေးကောက်ပွဲအတုကို အသိအမှတ်မပြုတဲ့အတွက် မြန်မာပြည်သူတွေကိုယ်စား ကျေးဇူးတင်ပါတယ်လို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီက ထုတ်ပြန်ခဲ့တာပါ။
Read More

တရုတ်ထိန်းချုပ် ဆိုရှယ်မီဒီယာဟု လူသိများ‌သော Tiktok က မြန်မာစစ်တပ်ပိုင် MWD News (မြဝတီသတင်း) စာမျက်နှာကို ဖယ်ရှားဖြုတ်ချ

တရုတ်ထိန်းချုပ် ဆိုရှယ်မီဒီယာလို့ လူသိများ‌တဲ့ Tiktok က မြန်မာစစ်တပ်ပိုင် MWD News (မြဝတီသတင်း) စာမျက်နှာကို ဖယ်ရှားဖြုတ်ချလိုက်တယ်လို့ သိရပါတယ်။
Read More

ငလျင်လှုပ်ချိန် စားပွဲအောက်မှာ ဝင်ပုန်းခဲ့ရတယ်လို့ မင်းအောင်လှိုင် ဝန်ခံ

နေပြည်တော်မှာ ငလျင်လှုပ်ခတ်နေချိန် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်တစ်ယောက် စားပွဲအောက် ဝင်ရောက်ပုန်းခိုခဲ့ရတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
Read More

နောင်ချိုနှင့် မိုးကုတ်မြို့နယ်ကို စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲချမှုကြောင့် အရပ်သားပြည်သူ (၁) ဦး သေပြီး (၂) ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မန္တလေးတိုင်းက ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်နေတဲ့ နောင်ချိုနဲ့ မိုးကုတ်မြို့နယ်ရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲချမှုကြောင့် အရပ်သားပြည်သူ (၁) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။