ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ ရွှေပြည်ညွန့်၊ ကျောက်တော၊ ကုန်းစံ၊ ပန်လန်းနဲ့ ကျောက်ကြမ်းကျေးရွာတို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေရာ စစ်ကောင်စီတပ်က လက်နက်ကြီး (၁၈၂)လုံး၊ ဒရုန်းနဲ့ ဗုံး (၅၇)လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ TNLA က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဇူလိုင်လ (၁၂)ရက်က ကုန်းစံကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ TNLAတို့ တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး (၁၀၅)လုံး၊ ဒရုန်းနဲ့ ဗုံးအလုံး (၂၀) တို့ကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ပန်လန်းကျေးရွာမှာလည်း စစ်ကောင်စီတပ်နဲ့ TNLAတို့ တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်က လက်နက်ကြီး (၇၂)လုံး၊ ဒရုန်းနဲ့ ဗုံးအလုံး (၂၀) ပစ်ခတ်ခဲ့ပြီး ကျောက်ကြမ်းကျေးရွာမှာလည်း စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံး (၁၇)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် တိုက်ပွဲမဖြစ်ပွါးတဲ့ ကျောက်တောနဲ့ နမ့်ဆောင်ဟူးကျေးရွာကြားမှာလည်း စစ်ကောင်စီတပ်က လက်နက်ကြီး  (၅)လုံး ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ (၁၁)ရက်ကလည်း နောင်ချိုမြို့နယ်ရှိ ရွှေပြည်ညွန့် ၊ ကျောက်ပြုတ်နဲ့ ကုန်းစံကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ TNLA တို့ တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး (၁၆၉)လုံး၊ ဒရုန်းနဲ့ ဗုံး (၅၄)လုံး၊ လေကြောင်းကနေ ဗုံး (၆)လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

တိုင်းပြည်တစ်ခုလုံး မငြိမ်သက်အောင် လုပ်နေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ငြိမ်းချမ်းရေးအတွက် လက်မလျှော့သေးဘူးဟု ပြော

တွေ့ဆုံဆွေးနွေးရေးအတွက် အမြဲတမ်း တံခါးဖွင့်ထားသလို ငြိမ်းချမ်းရေးအတွက် လက်မလျှော့သေးဘူးလို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

စစ်မှုထမ်းအပတ်စဉ် ၄ သင်တန်းဆင်း စစ်သား ၁ ဦး လက်နက်ခဲယမ်းများနှင့်အတူ Loikaw Local PDF ထံ အလင်းဝင်

အကြမ်းဖက်စစ်တပ်ရဲ့ အဓမ္မစစ်သားစုဆောင်းခံရပြီး စစ်မှုထမ်းသင်တန်းတက်ခဲ့ရတဲ့ စစ်သား ၁ ယောက် လက်နက်ခဲယမ်းတွေ ယူဆောင်ပြီး အလင်းဝင်ရောက်လာတယ်လို့ လွိုင်ကော် မြို့နယ်ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - Loikaw Local PDF က ထုတ်ပြန်ထားပါတယ်။
Read More

လောင်းလုံးမြို့နယ် ပကဖရဲ့ မွမ်းမံစစ်ပညာသင်တန်းဆင်း ရဲဘော်တွေကို ဂုဏ်ပြုခြင်းနဲ့ ကျည်ကာဦးထုပ်တွေ တပ်ဆင်ခြင်း

တနင်္သာရီတိုင်းအခြေစိုက် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မွမ်းမံစစ်ပညာသင်တန်းဆင်း လောင်းလုံးမြို့နယ်(ပကဖ)ရဲဘော်တွေကို ဂုဏ်ပြုခြင်းနဲဲ့ ကျည်ကာဦးထုပ်တွေ တပ်ဆင်ခြင်းအခမ်းအနားကို ဒီဇင်ဘာ ၁၀ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ လောင်းလုံး ပကဖ က ဒီနေ့ ထုတ်ပြန်ထားပါတယ်။ 
Read More

သင်တန်းသား၊ သင်တန်းသူ ၈၂၂ ဦး တက်ရောက်ခဲ့သည့် TNLA ၏ အပတ်စဉ် (၆၇) စစ်ရေးသင်တန်း၏ သင်တန်းဆင်းပွဲ

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ရဲ့ အပတ်စဉ် (၆၇) စစ်ရေးသင်တန်းဆင်းပွဲအခမ်းအနားကို တအာင်းဒေသတစ်နေရာမှာ ပြီးခဲ့တဲ့ ဇွန်လ (၆) ရက်က ပြုလုပ်ခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကရင်ပြည်နယ်က အကြမ်းဖက်စစ်တပ်ရဲ့ ဥကရစ်ထ စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ ဒရုန်းနဲ့ဗုံးချခဲ့လို့ စစ်သား ၄ ယောက်ထက်မနည်း သေဆုံး

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်အထိုင်ချထားတဲ့ ဥကရစ်ထ စခန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက အောက်တိုဘာလ ၅ရက်နေ့မှာ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့လို့ အကြမ်းဖက်စစ်သား ၄ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

သဲကုန်းမြို့နယ် ကျေးရွာများကို စစ်ကော်မရှင်တပ် မီးရှို့မှုကြောင့် ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရ 

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်က ကျေးရွာတွေကို အကြမ်းဖက် စစ်ကော်မရှင်တပ်တွေက စစ်ကြောင်းထိုးလာပြီး မီးရှို့ဖျက်ဆီးမှုတွေ လုပ်ဆောင်နေတာကြောင့် ဒေသခံတွေ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။