ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၁၃ ရက် ဒီနေ့မနက်ပိုင်းက ကျောက်မဲမြို့နယ်အတွင်း စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပိန္နဲကုန်းကျေးရွာမှာ ဗုံး (၃) လုံး၊ အ.မ.က (၁၃) စာသင်ကျောင်းမှာ ဗုံး (၁) လုံးတို့ကို လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် အသက် (၆၀) နှစ်အရွယ် အမျိုးသမီး (၁) ယောက် ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် (၂) လုံးနဲ့ ဇလပ်ဝါအချိုခြောက်စက်ရုံလည်း ဗုံးစထိမှန်ခဲ့ပြီး ကား (၃) စီးနဲ့ ဆိိုင်ကယ် (၅) စီး ထိမှန်ပျက်စီးသွားခဲ့တယ်လို့ TNLA က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် (၁၁) ရက်ကလည်း ကျောက်မဲမြို့မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ယောက် သေဆုံးခဲ့ပြီး (၅) ယောက် ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် (၄) လုံးလည်း ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ (၂၉) ရက်ကနေ ဇူလိုင်လ (၁၂) ရက်အထိ စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ပွဲမဖြစ်ပွားရာဒေသတွေဖြစ်တဲ့ ကျောက်မဲမြို့မှာ (၅) ကြိမ်၊ နောင်ချိုမြို့နယ် သုံးဆယ်ကျေးရွာမှာ (၁)ကြိမ်၊ မိုးကုတ်မြို့မှာ (၁) ကြိမ်နဲ့ သီပေါမြို့မှာ (၁) ကြိမ် စုစုပေါင်း (၇) ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ကလေးငယ်အပါအဝင် အရပ်သားပြည်သူ (၇) ယောက် သေဆုံးခဲ့ပြီး ကလေးငယ် (၂) ယောက်နဲ့ အရပ်သားပြည်သူ (၃၃) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၅၄) လုံး၊  စာသင်ကျောင်း (၁) ကျောင်း၊ ဘုန်းကြီးကျောင်း (၄) ကျောင်းတို့လည်း ဗုံးစထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ညောင်ကျိုးတိုက်ပွဲ စစ်ကောင်စီတပ် တင်းခံနေပြီး AA ထိုးစစ် ပြင်းထန်နေ

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးက စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

တောင်သာမြို့နယ်က ဝဲလောင်တိုက်နယ်ရဲစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်က ရဲ ၃ ယောက် သေ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်က ဝဲလောင်တိုက်နယ်ရဲစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်က ရဲ ၃ ယောက် သေဆုံးခဲ့တယ်လို့ တောင်သာ ပကဖ (TTA - PDF) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မိုးဗြဲမြို့မှာ ၄ ရက်ဆက် တိုက်ပွဲပြင်းထန်နေ၊ စစ်ကောင်စီတပ်က လေကြောင်းပါ အသုံးပြုတိုက်ခိုက်နေ

ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ ဇန်နဝါရီ ၁၉ ရက်ကစလို့ ဒီနေ့အထိ ၄ ရက်ဆက် တိုက်ပွဲပြင်းထန်နေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗျူဟာအမှတ်-၂ က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ဒေသစွဲ စိတ်ကိုဖျောက်ပြီး နိုင်ငံရဲ့ ဘယ်နေရာမှာမဆို တော်လှန်ရေးအတွက် ထမ်းဆောင်ဖို့ အသင့်ရှိရမယ်လို့  NUG ယာယီသမ္မတ ပြော

တစ်နိုင်ငံလုံး စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ဖို့  မိမိတို့ဒေသ စွဲစိတ်ကို ဖျောက်ပြီး နိုင်ငံရဲ့ ဘယ်နေရာမှာမဆို တာဝန်ထမ်းဆောင်ဖို့ တော်လှန်ရေးတပ်တွေ အသင့်ရှိရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ယာယီသမ္မတ ဒူဝါလရှီးလ က ပြောကြားလိုက်ပါတယ်။
Read More

ဖလမ်းမြို့သိမ်းတိုက်ပွဲဲအတွင်း Myingyan Black Tiger တပ်ဖွဲ့ဝင် ၇ ဦး ကျဆုံး၊ အယောက် ၃၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းစစ်ဆင်ရေးအတွင်း Myingyan Black Tiger (MBT)တပ်ဖွဲ့က တပ်ဖွဲ့ဝင် ၇ယောက် ကျဆုံးကာ ခြေလက်င်္အဂါဆုံးရှုံးခဲ့သူတွေအပါအဝင် ရဲဘော်အယောက် ၃၀ ကျော်အထိ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။
Read More

တီးတိန်မြို့ ခလရ ၂၆၈ က စစ်ကောင်စီတပ်သား လက်နက်နဲ့အတူ အလင်း၀င်ရောက်လာ

ချင်းပြည်နယ်၊ တီးတိန်မြို့ အခြေစိုက် ခလရ ၂၆၈ တပ်ရင်းက တပ်သား ၁ ယောက်ဟာ လက်နက်တွေ ယူဆောင်လာပြီး အလင်းဝင်လာလို့ ငွေကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့ကြောင်း ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။