ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာအတွင်း ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး ပစ်ခတ်မှုကြောင့် လသားအရွယ် ကလေးငယ် တစ်ယောက်အပါအဝင် အပြစ်မဲ့ ကလေးငယ်(၄) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) – ဒူးပလာယာခရိုင်က မနေ့က ထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၁၀ ရက် ညနေပိုင်းမှာ စစ်ကောင်စီရဲ့ တပ်သစ်အမြောက်ကုန်းကနေ (၁၂၀)မမ လေကွဲ လက်နက်ကြီး ကျည်နဲ့ ပစ်ခတ်မှုကြောင့် ကျုံဒိုးမြို့နယ်၊‌ မြောက်ကြာအင်းကျေးရွာ၊ ကုန်းမြင့်သာယာရပ်ကွက်နေ ကလေးငယ် (၄) ယောက် ထိမှန် ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။

ဒဏ်ရာရ ကလေးငယ်တွေအနေနဲ့ အသက် (၁၀) နှစ်အရွယ် မိန်းကလေးက ညာဘက်နားထင်၊ ဘယ်ဘက်ဒူးခေါင်း ထိမှန်ပြီး နားထင်‌မှာ ကျည်စကျန်ရှိဒဏ်ရာ၊ အသက်(၄)နှစ်အရွယ် မိန်းကလေးငယ်က ညာဘက်နားထင် ကျည်စထိမှန်ဒဏ်ရာ၊ အသက် ၂နှစ်ခွဲကျော် ယောက်ျားလေးကတော့ ဘယ်ဘက်ကျောကုန်း၊ ဘယ်ဘက်လက် ယမ်းစထိမှန် ဒဏ်ရာနဲ့ အသက်(၁၀)လ အရွယ် ကလေးငယ်ကတော့ နဖူး ကျည်စထိမှန် ဒဏ်ရာ စတဲ့ ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်က အပြစ်မဲ့ပြည်သူတွေရဲ့ ‌နေအိမ်တွေ၊ ဘာသာရေးအဆောက်အဦးတွေ၊ ပြည်သူပိုင်အဆောက်အဦးတွေကို ပစ်မှတ်ထားကာ ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေတာဖြစ်တယ်လို့ KNU – ဒူးပလာယာခရိုင်က ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရ ကလေးငယ်များ (ဓာတ်ပုံ KNU – Dooplaya District)

0 Shares:
You May Also Like
Read More

ပင်လောင်းမြို့နယ်နှင့် ညောင်ရွှေမြို့နယ်မှာ စစ်တပ်နှင့် PNA အဖွဲ့က ဒရုန်း၊ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်၊ နေအိမ်များ ပျက်စီး…

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်နဲ့ ညောင်ရွှေမြို့နယ်ရှိ ကျေးရွာတွေကို အကြမ်းဖက် စစ်တပ်နဲ့ PNA အဖွဲ့က ဒရုန်း၊ လက်နက်ကြီးတွေ တိုက်ခိုက်ရာ နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ အင်းလေးဒေသ လူ့အခွင့်အရေးအဖွဲ့က ဒီနေ့မှာ သတင်းဖော်ပြထားပါတယ်။
Read More

NUG ဝန်ကြီး ဒေါက်တာဆာဆာနဲ့ အမေရိကန်ရောက် မြန်မာမိသားစုဝင်များ တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ-NUG၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာ ဟာ အမေရိကန်ပြည် ထောင်စု၊ တောင်ပိုင်းကယ်လီဖိုးနီးယားမှာ ပြည်ပရောက်မြန်မာတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
Read More

တောင်ငူမြို့ရှိ စစ်ကောင်စီ၏ ခလရ ၃၉ ကို ၁၀၇ မမရှော့ဒုံးများဖြင့် တိုက်ခိုက်၊ အရာရှိ ၂ ဦးအပါ ၅ ဦးပွဲချင်းပြီးသေဆုံးပြီး ၇ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ တောင်ငူမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ အမှတ် ၃၉ ခြေလျင်တပ်ရင်း(ခလရ) ကို ၁၀၇ မမ ရှော့ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ အရာရှိ ၂ ယောက်အပါအဝင် ၅ ယောက်သေဆုံးပြီး ၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ဖလမ်းမြို့တိုက်ပွဲအတွင်း CDF- Matupi မှ စစ်ဦးစီးဌာနမှူးကျဆုံး

"တိုက်ပွဲပြင်းထန်နေတဲ့အချိန်မှာ လက်နက်ငယ်ထိပြီး ကျသွားတာပါ၊ dead body ကို ချက်ချင်းကျနော်တို့မကောက်နိုင်ပေမဲ့ ၄၊ ၅ မိနစ်လောက်တော့ ပစ်ခတ်အပြီး၊ ရန်သူဘက်မှပြန်ဆုတ်အသွားမှာ ကျနော်တို့ပြန်ကောက်နိုင်တာ" လို့ Chinland Defense Force - Matupi မှ တာဝန်ရှိသူတစ်ယောက်က မောင်းကိုပြောပါတယ်။
Read More

လက်ပံတန်းတွင် အကြမ်းဖက်စစ်တပ် ဒရုန်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၂ ဦး သေဆုံး

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ သစ်ရောင်းပြင်ရွာကို အကြမ်းဖက်စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ အမျိုးသမီး ၂ ယောက် သေဆုံးပြီး ၂ ယောက် ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

NUG ဂုဏ်သိက္ခာကျဆင်းအောင် ရည်ရွယ် လုပ်ဆောင်မှုများ ရှိနေပြီး တော်လှန်ပြည်သူများ သတိပြုကြရန် လွတ်လပ်သော CDM အင်အားစု တိုက်တွန်း

တော်လှန်ရေးအစိုးရဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို နိုင်ငံရေး ရည်ရွယ်ချက်ရှိရှိ ဂုဏ်သိက္ခာကျဆင်းအောင် လုပ်ဆောင်မှုတွေ ရှိနေတဲ့အတွက် တော်လှန်ပြည်သူတွေ အသိ၊ သတိနဲ့ ဆင်ခြင်သုံးသပ်ကြဖို့ လွတ်လပ်သော CDM အင်အားစု (Independent CDM Alliance – ICA) က ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။