မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်ဟာ အာဆီယံရဲ့ ကာလရှည်ကြာ ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေးလမ်းပြမြေပုံကို တွန်းနှိုးတဲ့အနေနဲ့ လာမယ့် စက်တင်ဘာ သို့မဟုတ် အောက်တိုဘာအစောပိုင်းမှာ နေပြည်တော်ကို သွားရောက်မှာဖြစ်ပြီး သူစုစည်းထားတဲ့ “လိုလားချက်စာရင်း” နဲ့အတူ စစ်ကောင်စီနဲ့ ဆွေးနွေးမယ်လို့ Free Malaysia Today သတင်းမှာ ရေးသားထားပါတယ်။

လူမျိုးစုတွေနဲ့ အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်တွေအပါအဝင် အဓိကသက်ဆိုင်သူအားလုံးနဲ့ မလေးရှား အထူးသံတမန်တို့ လအတန်ကြာ စေ့စပ်ဆွေးနွေးပြီးနောက် သူတို့ရဲ့ လိုလားချက် “ဆန္ဒတွေ” ကို ဖော်ထုတ်တွေ့ရှိခဲ့တာဖြစ်ကြောင်း မိုဟာမက်က ဇူလိုင်လ ၁၁ ရက်မှာ ဆိုပါတယ်။

“အများစုက နိုင်ငံရေးအကျဉ်းသားတွေပြန်လွှတ်ပေးဖို့၊ အပစ်ရပ်ဖို့နဲ့ လူသားချင်းစာနာမှုအကူအညီတွေ အကန့်အသတ်မရှိပေးနိုင်ဖို့ လိုလားကြတယ်” လို့ ၅၈ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးအပြီး သောကြာနေ့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန် (ဓာတ်ပုံ Bernama)

အဲဒီ တောင်းဆိုချက်စာရင်းကို ကိုင်ပြီး စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး သန်းဆွေနဲ့ တွေ့ဆုံမှာဖြစ်ကြောင်း၊ အဲဒီနောက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့တွေ့ဆုံပြီး လက်ရှိအချိန်အထိ သူတို့ ပြုစုထားတဲ့ အကြောင်းအရာတွေကို ပြောဆိုဆွေးနွေးသွားမှာဖြစ်ကြောင်း မိုဟာမက်က ပြောပါတယ်။

“အဲဒီကနေပြီး မြန်မာပြည်သူပြည်သားတွေအတွက် အပြုသဘောဆောင်တဲ့ တစ်ခုခု ထွက်ပေါ်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ သူက ဆိုပါတယ်။

အာဆီယံအနေနဲ့ မြန်မာ့အရေး ကာလရှည်အကျပ်အတည်းမှာ ဘုံသဘောတူညီချက်ငါးရပ်က တဆင့် ထိတွေ့ဆက်ဆံဖို့ ကြိုးပမ်းနေပေမယ့် သူတို့ရဲ့ ဒေသတွင်းမှာ နိုင်ငံရေးအရ ဩဇာလွှမ်းမိုးမှုကို စစ်ကောင်စီက ကန့်သတ်ထားတာကြောင့် အာဆီယံရဲ့ ကြိုးပမ်းမှုတွေဟာ အရာမဝင် ဖြစ်နေလျက်ရှိပါတယ်။

မူရင်းသတင်း – Asean prepares to engage Myanmar junta with wishlist

0 Shares:
You May Also Like
Read More

တောင်တန်းဒေသထိုးစစ်တွေကို  ​မြေပြန့်ဆီ စစ်ရေးအတွေ့အကြုံတွေနဲ့အတူ ဝတ်မှုံကူးသယ်​​ဆောင်သွားမယ်လို့ ကျောင်းသားလက်ရုံးတပ်တော် (SAF) ပြော

၂၀၂၅ ခုနှစ်အတွင်း တောင်တန်းဒေသထိုးစစ်တွေကနေ မြန်မာပြည်အလယ်ပိုင်းကို ထိုးဖောက်ဝင်ရောက်နိုင်ဖို့ ၄နှစ်တာစစ်ရေးအတွေ့အကြုံတွေနဲ့ ဝတ်မှုံကူးသယ်ဆောင်လာဖို့ရှိကြောင်း ကျောင်းသားလက်ရုံးတပ်တော် (SAF) က ဆိုထားပါတယ်။
Read More

စစ်ကောင်စီတပ် ကပစ ၂၄ မှ ဒုတပ်ကြပ် ၁ ဦး လက်နက် ၂ လက်နှင့်အတူ အလင်းဝင်လာ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၄) က ဒုတပ်ကြပ်တစ်ယောက် လက်နက် ၂ လက်နဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင် အမှတ် (၅) တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ညောင်ဦးမှာ စစ်ကောင်စီ စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ယောက်သေပြီး ၉ ယောက်ဒဏ်ရာရ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်-ဇဂျမ်း လမ်းမှာ ဖြတ်သန်းသွားလာနေတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ယောက် သေဆုံးပြီး ၉ ယောက် ဒဏ်ရာရရှိသွားတယ်လို့ Myingyan Black Tiger (MBT) တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ရန်ကုန်မှာ စစ်ကောင်စီကို ILO မှ ပုဒ်မ ၃၃ ဖြင့် အရေးယူရေး သတင်းစကားမျှဝေမှု ဆက်တိုက်လုပ်ဆောင်နေ

ရန်ကုန်မြို့နေရာအနှံ့မှာ အကြမ်းဖက်စစ်ကောင်စီကို ILO က ပုဒ်မ ၃၃ နဲ့ အရေးယူဖို့ လိုအပ်တဲ့ အချက်တွေ ပါဝင်တဲ့ သတင်းစကား စာရွက်တွေကို ရန်ကုန်တော်လှန်‌ရေးသပိတ်အင်အားစုတွေက ဖြန့်ဝေခဲ့တယ်လို့ သိရပါတယ်။
Read More

မော်လိုက်ထောင်မှာ အင်အားသုံးဖြိုခွင်းခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားများ၏ (၃-၁၅) ထောင်တွင်းလှုပ်ရှားမှု အစီရင်ခံစာ ထွက်ပေါ်လာ

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်မှာ ထောင်အာဏာပိုင်တွေရဲ့လက်နက်သုံး​ဖြိုခွင်းမှုကြောင့် ကျဆုံးသွားခဲ့ရတဲ့ နိုင်ငံရေးအကျဥ်းသား၊ အချုပ်သားတွေရဲ့ (၃-၁၅) ထောင်တွင်းလှုပ်ရှားမှု ၃ နှစ်ပြည့် အစီရင်ခံစာတစ်ခုကို ကလေးမြို့ လူထုတိုက်ပွဲဦးဆောင်ကော်မတီ က မတ်လ ၁၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။