ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်းက စစ်ကောင်စီရဲ့ ဝေါလေဗျူဟာစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များက ဆက်လက်အရှိန်မြှင့်တင်တိုက်ခိုက်နေတယ်လို့ တော်လှန်ရေးရှေ့တန်းသတင်းရင်းမြစ်ရဲ့ ပြောကြားချက်များအရ သိရပါတယ်။

ဝေါလေဗျူဟာကို ဇူလိုင်လ ၂ ရက်နေ့ကစပြီး တော်လှန်ရေပူးပေါင်းတပ်များက စတင်တိုကိခိုက်နေတာဖြစ်ပြီး၊ ဇူလိုင်လ ၁၁ရက်မှာတော့ ဝေါလေဗျူဟာစခန်းအတွင်းက လက်နက်တိုက်ကို ဒရုန်းနဲ့  တိုက်ခိုက်ဖောက်ခွဲခဲ့တယ်လို့ Force for Federal Democracy(FFD) က ဒီကနေ့ ဇူလိုင် ၁၃ရက်မှာ ရုပ်သံမှတ်တမ်းအဖြစ် ထုတ်ပြန်လာပါတယ်။’

“KNU/KNLA တပ်မဟာ ၆ နယ်မြေအတွင်းရှိ အကြမ်းဖက်စစ်တပ်၏ ဝေါလေစခန်း လက်နက်တိုက်ကို FFD Drone တပ်ဖွဲ့ နှင့် တပ်မဟာ ၆ Drone တပ်ဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက် ဖောက်ခွဲနိုင်ခဲ့သည်” လို့ FFD က ၄င်းတို့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားတာပါ။

အဆိုပါ လက်နက်တိုက် ပေါက်ကွဲအပြီး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA)နဲ့ ပူးပေါင်းအဖွဲ့တွေက  စစ်တပ်ရဲ့ ဝေါလေဗျူဟာကုန်းကို ဆက်လက်အရှိန်မြှင့်တင် တိုက်ခိုက်နေတယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

နတ်မောက်-စိုင်းကောင်းလမ်းပိုင်းတွင် ကင်းပုန်းလာဝပ်သည့် အကြမ်းဖက်စစ်သားများကို လိုက်လံတိုက်ခိုက်ရာ စစ်သား ၅ ဦး သေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ နတ်မောက်-စိုင်းကောင်းလမ်းပိုင်းမှာ ကင်းပုန်းလာဝပ်တဲ့ အကြမ်းဖက်စစ်သားတွေကို လိုက်လံတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ယောက် သေဆုံးခဲ့တယ်လို့ ငါးပြေမပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်ကြောင်းထိုးမယ့် စစ်တပ်ယာဉ်တန်းကို ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် မုံရွာ-အရာတော်လမ်းပိုင်းက ရသေ့ကျောင်းအနီး စစ်ကြောင်းထိုးဖို့ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ တောင်ပံနီ အထူးပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ကျောမြို့နယ် ရွှေပင်ရွာကို အကြမ်းဖက်စစ်တပ် မီးရှို့ဖျက်ဆီး (ရုပ်/သံ)

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ကျောမြို့နယ် ရွှေပင်ရွာကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ယောကာကွယ်ရေးတပ် မြေပြင်စစ်ဒေသရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
Read More

စလင်းမှာ လှည့်ပတ်စစ်ကြောင်းထိုးနေတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်၊ စစ်သား ၁ ယောက်သေပြီး အများအပြား ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေကို တော်လှန်‌ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ ၁ ယောက်သေပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဗမာ့တပ်တော် - Bamar Army ထံက သိရပါတယ်။
Read More

စစ်ကောင်စီ၏ သေ့ဘောဘိုးစခန်းမှ ၁၂၀ မမ လက်နက်ကြီးများ အပါအဝင် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့အနီးရှိ စစ်ကောင်စီတပ်ရဲ့ သေ့ဘောဘိုးစစ်စခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ၁၂၀ မမ လက်နက်ကြီးတွေအပါအဝင် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ရဲကား ၁ စီး၊ အိမ်စီးကား ၂ စီးနဲ့ ကင်းပတ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို အလစ်အငိုက်တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၅ ယောက်သေ (ရုပ်/သံ)

ရန်ကုန်-မန္တလေးအမြန်လမ်းမိုင်တိုင် ၃၁၉ မှာ မတ်လ ၁၉ ရက် မနေ့နံနက်ပိုင်းက ရဲကား ၁စီး၊ အိမ် စီးကား ၂ စီးနဲ့ ကင်းပတ်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို အလစ်အငိုက်တိုက်ခိုက် ခဲ့ရာ ၅ ဘောက်သေခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် (၄-၁၀) တပ်ရင်းမှ ထုတ်ပြန်ထားပါတယ်။