ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာအတွင်း ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး ပစ်ခတ်မှုကြောင့် လသားအရွယ် ကလေးငယ် တစ်ယောက်အပါအဝင် အပြစ်မဲ့ ကလေးငယ်(၄) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) – ဒူးပလာယာခရိုင်က မနေ့က ထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၁၀ ရက် ညနေပိုင်းမှာ စစ်ကောင်စီရဲ့ တပ်သစ်အမြောက်ကုန်းကနေ (၁၂၀)မမ လေကွဲ လက်နက်ကြီး ကျည်နဲ့ ပစ်ခတ်မှုကြောင့် ကျုံဒိုးမြို့နယ်၊‌ မြောက်ကြာအင်းကျေးရွာ၊ ကုန်းမြင့်သာယာရပ်ကွက်နေ ကလေးငယ် (၄) ယောက် ထိမှန် ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။

ဒဏ်ရာရ ကလေးငယ်တွေအနေနဲ့ အသက် (၁၀) နှစ်အရွယ် မိန်းကလေးက ညာဘက်နားထင်၊ ဘယ်ဘက်ဒူးခေါင်း ထိမှန်ပြီး နားထင်‌မှာ ကျည်စကျန်ရှိဒဏ်ရာ၊ အသက်(၄)နှစ်အရွယ် မိန်းကလေးငယ်က ညာဘက်နားထင် ကျည်စထိမှန်ဒဏ်ရာ၊ အသက် ၂နှစ်ခွဲကျော် ယောက်ျားလေးကတော့ ဘယ်ဘက်ကျောကုန်း၊ ဘယ်ဘက်လက် ယမ်းစထိမှန် ဒဏ်ရာနဲ့ အသက်(၁၀)လ အရွယ် ကလေးငယ်ကတော့ နဖူး ကျည်စထိမှန် ဒဏ်ရာ စတဲ့ ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်က အပြစ်မဲ့ပြည်သူတွေရဲ့ ‌နေအိမ်တွေ၊ ဘာသာရေးအဆောက်အဦးတွေ၊ ပြည်သူပိုင်အဆောက်အဦးတွေကို ပစ်မှတ်ထားကာ ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေတာဖြစ်တယ်လို့ KNU – ဒူးပလာယာခရိုင်က ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရ ကလေးငယ်များ (ဓာတ်ပုံ KNU – Dooplaya District)

0 Shares:
You May Also Like
Read More

ဗမာ့တပ်တော်၏ အခြေခံစစ်ပညာသင်တန်း၊ အမှတ်စဉ် (၃/၂၀၂၅) သင်တန်းနှင့် ကျမ်းသစ္စာကျိန်ဆိုခြင်းအခမ်းအနား… (ဓာတ်ပုံသတင်း)

အညာဒေသအခြေစိုက် ဗမာ့တပ်တော်၊ အမှတ် (၁) စစ်ဦးစီးကွပ်ကဲရေးဒေသ၊ အခြေခံစစ်ပညာသင်တန်း၊ အမှတ်စဉ် (၃/၂၀၂၅) သင်တန်း၊ ကျမ်းသစ္စာကျိန်ဆိုခြင်းနဲ့ သင်တန်းဆင်းပွဲအခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ ဗမာ့တပ်တော်က မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ဇွန်လ ၂၇ ရက် မနေ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

တိုက်ပွဲအတွင်း ဗိုလ်ကြီးသေပြီး ဦးဆောင်သူမရှိတော့တဲ့ စစ်သား ၃ ယောက် TNLA ထံ အလင်းဝင်

အာဏာသိမ်း စစ်တပ်ရဲ့ တပ်သား (၃) ယောက် တအာင်းတပ်မတော် TNLA တပ်ဖွဲ့ထံ လက်နက်ခဲယမ်းအပြည့်အစုံနဲ့ အလင်းဝင်ရောက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်အသိပေးပါတယ်။
Read More

ပြည်သူများ ထမင်းငတ်မယ့်အဖြစ် ရောက်စေသည့် နတ်ထမင်းရွာ ရာအိမ်မှူးကို နေအိမ်ထဲ ဝင်ရောက်ရှင်းလင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ နတ်ထမင်းကျေးရွာမှာ ပြည်သူတွေကို စစ်မှုထမ်းကြေး အတင်းကောက်ခံနတဲ့ ရာအိမ်မှူးဖြစ်သူကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၃) က ထုတ်ပြန်ပါတယ်။ 
Read More

မိုးဗြဲမြို့ မကျရေး ခုခံတိုက်ခိုက်နေသည့် တိုက်ပွဲအတွင်း မိုးဗြဲPDF ကျွဲချိုတပ်ခွဲမှ ၁၈ နှစ်နှင့် ၁၉ နှစ်အရွယ် ရဲဘော် ၂ ဦး ကျဆုံးခဲ့

ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် ၊ အမှတ် (၁၀၀၁)တပ်ရင်း ၊ တပ်ခွဲ-၃ ကျွဲချိုတပ်ခွဲရှိ ရဲဘော် မောင်ဒေးဗစ်နဲ့ ရဲဘော် မောင်ဝင်းကိုနိုင် တို့ (၂) ယောက်ဟာ အကြမ်းဖက်စစ်ကောင်စီတပ်ကို ရွပ်ရွပ်ချွန်ချွန် တိုက်ခိုက်ချေမှုန်းရင်း ဇွန်လ(၃၀)ရက်မှာ ကျဆုံးခဲ့တယ်လို့ ကျွဲချိုတပ်ခွဲက မနေ့က ထုတ်ပြန်ပါတယ်။
Read More

စစ်မှုထမ်းကိစ္စကို အောက်ခြေမှာ ဥပဒေကျော်လွန် လုပ်ဆောင်မှုများ ရှိနေသည်ဟု အာဏာသိမ်း ဒုစစ်ခေါင်းဆောင် စိုးဝင်း ဝန်ခံ

အောက်ခြေမှာ ဥပဒေကို ကျော်လွန်ပြီး စစ်မှုထမ်းဆင့်ခေါ်မှုတွေရှိနေလို့  ပြဿနာအမြောက်အမြားကို ဖြေရှင်းနေရတယ်လို့ အာဏာသိမ်း ဒုစစ်ခေါင်းဆောင် စိုးဝင်းက ပြောကြားလိုက်ပါတယ်။ 
Read More

မိတ္ထီလာမှာ စစ်ကောင်စီ လေတပ်စခန်းတိုက်ခိုက်ခံရပြီးတဲ့နောက်ပိုင်း အရပ်သားတွေပေါ်တာဆွဲ ငွေညှစ်ခံရမှု ပိုများလာ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်က ရှမ်းတဲလေတပ်စခန်းအပါအဝင် တပ်မ ၉၉ဌာနချုပ်တို့ တိုက်ခိုက်ခံရပြီးနောက်ပိုင်း စစ်ကောင်စီက  မြို့နယ်အတွင်းအရပ်သားတွေကို ပေါ်တာဆွဲဖမ်းဆီးတာတွေနဲ့ စစ်ဆေးတာတွေ ပိုမိုလုပ်ဆောင်လာကြောင်း ဒေသခံတွေဆီကသိရပါတယ်။