ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်မှာ ပေါ်တာဆွဲနေတဲ့ စစ်အုပ်စုနဲ့ ကင်းပတ်နေတဲ့ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက်သေဆုံးပြီး ၃ ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း (၃၈၀၁) တပ်ထောက်ဌာန၊ Simple PDF တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက် ညနေပိုင်းက လက်ပံတန်းမြို့နယ်အတွင်း အရပ်သား ၁ ယောက်ကို ပေါ်တာဆွဲပြီး ပြန်လာတဲ့ စစ်အုပ်စုကို ထောက်ကြံ့ကွင်းနဲ့ ကြို့ပင်စခန်းကြားမှာ သာယာဝတီခရိုင် တပ်ရင်း(၁) လက်အောက်ခံ၊ တပ်ထောက်ဌာန Simple PDF တပ်ဖွဲ့ဝင်တွေကပဒေသာမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“ဒီကောင်တွေ ပြည်သူတစ်ယောက်ကို ပေါ်တာဆွဲပြီး လက်ပံတန်းရဲစခန်းကို ပြန်လာကြတာပါ။ ဘယ်ရွာထဲဆိုတာကတော့ ပြောလို့မရဘူး။ ဒလန် သတင်းပေး အန္တရာယ် ရှိလို့ပါ။ ဒီလိုနဲ့ ပေါ်တာဆွဲခံရတဲ့သူကို ရှေ့ကကောင်တွေက ကားနဲ့ အရင်ခေါ်သွားတယ်။ ကျန်ခဲ့တဲ့ကောင်တွေက ဝါးပင်အောက် ၅ ယောက်လောက် စုပြီး ကျနော်တို့ထောင်ထားတဲ့ ပဒေသာမိုင်းတွေအပေါ် လာရပ်တော့ အချိန်ကိုက်ဆွဲလိုက်တာပါ။ မိုင်းက ၁ လုံးပဲ ကွဲလိုက်ပါတယ်။ မျက်စိရှေ့တင် ထိခိုက်လဲကျကုန်ပါတယ်။ ” လို့ တပ်ရင်း (၃၈၀၁) တပ်ထောက်ဌာန ၊ Simple PDF တာဝန်ရှိသူက မောင်းသတင်းဌာနကိုပြောပါတယ်။

ပုံစာ – တပ်ရင်း ၃၈၀၁ ရဲဘော်များ (ပုံဟောင်း)

ဒါ့အပြင် ဇူလိုင်လ ၇ ရက် မနက်ပိုင်းကလည်း အင်အား ၃၀ နီးပါးနဲ့ ကင်းပတ်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လက်ပံတန်းမြို့နယ်၊ လွှစင်ကုန်းမှော်အင်းလမ်းဆုံအရောက်မှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုမှာတော့ စစ်ကောင်စီတပ်သား ၂ ယောက်သေဆုံးပြီး ၃ ယောက် အပြင်းအထန် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

“ဒီကောင်တွေက သတင်းတခုရလို့ ကင်းပတ်လာချောင်းတဲ့သဘောပါ။ ဒါပေမယ့် ကျနော်တို့က အတွင်းသတင်းရတော့ သူတို့ကံဆိုးသွားတာပါ။ မိုင်းဆွဲရတာက ရန်သူနဲ့အနီးအနားကနေ စောင့်ကြည့် အသက်နဲ့ရင်းဆွဲကြရတာ။ စခ ထိခိုက်သေဆုံးမှုတွေ​က မျက်မြင်ပါပဲ။ ကျနော်တို့ကတော့ အလျင်းသင့်ရင်သင့်သလို အခြေအနေပေါ် မူတည်ပြီး ဆောင်ရွက်သွားမှာပါ။”လို့ တပ်ရင်း၊ (၃၈၀၁) တပ်ထောက်ဌာန၊ Simple PDF တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။

0 Shares:
You May Also Like
Read More

တပ်သားသစ် လိုအပ်နေသည့် စစ်ကော်မရှင်တပ် နိုင်ငံတဝန်း လူငယ်များကို ဖမ်းဆီးစုဆောင်းမှုများ ပိုမိုလုပ်ဆောင်လာ

နိုင်ငံတဝန်းက စစ်မျက်နှာပြင်တွေအတွက် အရပ်သားစစ်မှုထမ်းလိုအပ်ချက် မြင့်မားလာတဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်ဟာ အရင်ကထက် တပ်သားသစ် စုဆောင်းတာတွေ ပိုပြီး ဆိုးဆိုးဝါးဝါးလုပ်ဆောင်လာနေတယ်လို့ သိရပါတယ်။
Read More

ရခိုင်မှာ စစ်အာဏာရှင်အလုံးစုံပပျောက်ရေး ဆောင်ရွက်နေတဲ့ AA ကို ပအိုဝ်းနဲ့ မွန် အဖွဲ့အစည်း ၄ ခုက ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

အာရက္ခတပ်တော် AA အနေနဲ့ အမ်းက  နပခ တိုင်းစစ်ဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်း အပါအဝင် ရခိုင်ပြည်နယ်တစ်ခွင်လုံး စစ်ကောင်စီကင်းစင် ပပျောက်ရေး လုပ်ဆောင်နေမှုအပေါ် အထူးပင် ဝမ်းမြောက်ဂုဏ်ယူကြောင်း ပအိုဝ်းနဲ့ မွန် အဖွဲ့အစည်း ၄ ခုက သဝဏ်လွှာပေးပို့လိုက်ပါတယ်။ 
Read More

လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၁၂ ယောက်သေပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိ 

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို ပြီးခဲ့တဲ့ မတ်လ ၁၃ ရက် မနက်ပိုင်းမှာ တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ ဒူရကစစ်ကြောင်းထံက သိရပါတယ်။
Read More

စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ရေး မွန်ပြည်ဖက်ဒရယ်ကောင်စီနှင့် လူထုတော်လှန်ရေးမဟာမိတ်အင်အားစုတို့ ဘုံသဘောတူညီချက် ထုတ်ပြန်

အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ရေးအတွက် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) နဲ့ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA – Magway) တို့ ဘုံသဘောတူညီချက်ကို ဒီနေ့မှာ ပူးတွဲ ထုတ်ပြန်ထားပါတယ်။
Read More

ရေးပြောက်ကျားတပ် (YGF) ရဲဘော် ၂ ဦး တိုက်ပွဲအတွင်း ကျဆုံး

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနတပ်ရင်း၊ ဒေါနစစ်ကြောင်း(၂) ၊ ရေးပြောက်ကျားတပ် (YGF) က ရဲဘော် ၂ ယောက် တိုက်ပွဲအတွင်း ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လက်ပံတန်းတွင် စစ်အုပ်စုက နေအိမ်များကို မီးရှို့ဖျက်ဆီးနေသလို ဒေသခံများကိုလည်း ဖမ်းဆီးထား

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ စီတုန်းရွာက နေအိမ်တွေကို အကြမ်းဖက်စစ်အုပ်စုက မီးရှို့ဖျက်ဆီးနေသလို ဒေသခံတွေကိုလည်း ဖမ်းဆီးထားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။