အာဆီယံအနေနဲ့ မြန်မာ့အရေးဖြေရှင်းရာမှာ ရွေးကောက်ပွဲက ဦးစားပေး မဟုတ်ဘဲ၊ စစ်ကောင်စီအနေနဲ့ ငြိမ်းချမ်းရေးကတိကဝတ်တွေကို လိုက်နာဖို့ တိုက်တွန်းတယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက သောကြာနေ့မှာ ပြောပါတယ်။

စစ်ကောင်စီက အခုနှစ်ကုန်ပိုင်းမှာ ပြုလုပ်မယ်ဆိုတဲ့ အထွေထွေရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတိုင်းနဲ့ သက်ဆိုင်သူတိုင်း ပါဝင်ယှဉ်ပြိုင်ခွင့်ရဖို့ လိုအပ်ပြီး နိုင်ငံရေးသဘောတူညီချက် မရှိဘဲ ရွေးကောက်ပွဲကျင်းပရင် ပဋိပက္ခတွေ ပိုမိုဆိုးရွားလာဖို့သာရှိကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်က မြန်မာကိုယ်စားလှယ်အဖွဲ့ကို ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

အရပ်သားအစိုးရထံကနေ အာဏာသိမ်းပြီးနောက် မြန်မာစစ်ကောင်စီက သဘောတူထားခဲ့တဲ့ “ဘုံသဘောတူညီချက်ငါးရပ်” ငြိမ်းချမ်းရေး အစီအစဉ်ကိုလည်း အလေးထားစေလိုကြောင်း မလေးရှားဝန်ကြီး မိုဟာမက်ဟာဆန်က ပြောတာပါ။

အာဆီယံရဲ့ ငြိမ်းချမ်းရေးအစီအစဉ်ဟာ ၄ နှစ်ကျော်ကြာသည့်တိုင် စစ်ကောင်စီက အလေးထား လိုက်နာခြင်းမပြုတာကြောင့် မအောင်မြင်ဘဲရှိနေပြီး လက်ရှိ စစ်ကောင်စီက စိုင်းပြင်းလုပ်ဆောင်နေတဲ့ ရွေးကောက်ပွဲဟာလည်း အတိုက်အခံတွေကို လွတ်လပ်စွာ ပါဝင်ခွင့်မပြုထားတဲ့ အတုအယောင် ရွေးကောက်ပွဲအဖြစ် ရှုတ်ချခံထားရတာဖြစ်ပါတယ်။

“ရွေးကောက်ပွဲဟာ ဘုံသဘောတူညီချက်ငါးရပ်ထဲ မပါဝင်ပါဘူး၊ ရွေးကောက်ပွဲက အခုလောလောဆယ် ဦးစားပေးမဟုတ်ဘူး၊ ဦးစားပေးက အကြမ်းဖက်မှုတွေ ရပ်စဲရေးပဲ… ဒါမှပဲ အစုအဖွဲ့အားလုံး အတူတူ ထိုင်နိုင်မှာပါ” လို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ မလေးရှားဝန်ကြီးက သတင်းထောက်တွေကို ပြောပါတယ်။

စစ်ကောင်စီဟာ အာဆီယံနဲ့ထားရှိတဲ့ ၎င်းရဲ့ ငြိမ်းချမ်းရေးကတိကဝတ်တွေကို ပျက်ကွက်ခဲ့တာကြောင့် အာဆီယံအဓိက အစည်းအဝေးတွေကို တက်ရောက်ခွင့် ပိတ်ပင်ထားခံထားရတာဖြစ်ပါတယ်။ “တစိတ်တပိုင်း ရွေးကောက်ပွဲလုပ်တာက အဓိပ္ပာယ်မရှိဘူး။ အဲဒါကြောင့် ပြဿနာဖြေရှင်းနိုင်မှာ မဟုတ်တဲ့အပြင် အခြေအနေတွေ ပိုဆိုးလာလိမ့်မယ်” လို့ သူက ပြောပါသေးတယ်။
စစ်ကောင်စီက ပြုလုပ်သွားမယ်ဆိုတဲ့ ရွေးကောက်ပွဲဟာ လက်ရှိဖြစ်ပွားနေတဲ့ အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင်တော်လှန်ရေးကို တန်ပြန်တဲ့၊ စစ်အုပ်စုရဲ့ နိုင်ငံရေးအကြပ်အတည်းကို ထွက်ပေါက်အဖြစ် အသုံးချမယ့် အတုအယောင် ရွေးကောက်ပွဲလို့ လူအများဝေဖန်နေကြသလို၊ စစ်ကောင်စီက ဒါကို မဖြစ်မနေ အင်အားသုံးကျင်းပခဲ့မယ်ဆိုရင်လည်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူထုထောက်ခံမှုများတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားဒေသတွေက လူထုထောက်ခံမှုများတဲ့ တိုင်းရင်းသားပါတီတွေ ပါဝင်လာမှာ မဟုတ်ပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း ရဲ့ အချက်အလက်တွေအရ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ ၎င်းရဲ့ လက်ဝေခံတွေကြောင့် အရပ်သားပြည်သူ ၆,၈၀၀ ကျော် သေဆုံးခဲ့ရပါတယ်။ ကုလသမဂ္ဂကလည်း လက်ရှိ မြန်မာ့ ပဋိပက္ခအတွင်း အနည်းဆုံး လူပေါင်း ၃.၅ သန်း အိုးအိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

မတ်လငလျင်အပြီး စစ်ကောင်စီက ကြေညာခဲ့တဲ့ ယာယီအပစ်အခတ်ရပ်စဲရေးကို သက်သမ်းတိုးဖို့ အာဆီယံအနေနဲ့ လိုလားကြောင်း မိုဟာမက် က ပြောဆိုထားပါသေးတယ်။ စစ်ကောင်စီကတော့ ၎င်းအပစ်ရပ်ကြေညာခဲ့ပြီး နောက်ပိုင်းမှာလည်း ငလျင်ဖြစ်ပွားရာ နေရာတွေအပါအဝင် တော်လှန်ရေးထိန်းချုပ်နယ်မြေတွေ၊ အရပ်သားပစ်မှတ်တွေကို လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်ပြီး အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်လျက်ရှိနေပါတယ်။
News-Reuters

0 Shares:
You May Also Like
Read More

AA ဟာ ရိုဟင်ဂျာမွတ်ဆလင်များကို ဖိနှိပ်နေတယ်လို့ HRW ထပ်မံစွပ်စွဲထား

မြန်မာပြည်အနောက်ပိုင်း ရခိုင်ပြည်နယ်က အာရက္ခတပ်တော် (AA) ဟာ ရိုဟင်ဂျာတွေအပေါ် ပြင်းထန်တဲ့ ကန့်သတ်မှုတွေချမှတ်ထားပြီး အနိုင်ကျင့်မှုတွေ ကျူးလွန်နေတယ်လို့ လူ့အခွင့်အရေးအဖွဲ့ (HRW) က ဇူလိုင်လ ၂၈ ရက်မှာ စွပ်စွဲထားပါတယ်။
Read More

တရုတ်လုပ်ငန်းရှင်က မြန်မာလုပ်သားတွေကို လုပ်ခလစာမပေးလို့ ထိုင်းမှာ ဆန္ဒပြ

တရုတ်လုပ်ငန်းရှင်တွေပိုင်ဆိုင်တဲ့ ထိုင်းနိုင်ငံ ပရာချင်ဘူရီ ခရိုင်ထဲက ရိုဂျာနာစက်မှုဇုန်မှာ မြန်မာအလုပ်သမား ၇၀၀ လောက် လုပ်ခလစာမရလို့ ဆန္ဒပြခဲ့ကြောင်း ထိုင်းအခြေစိုက် မီဒီယာတချို့မှာ ဖော်ပြလာပါတယ်။
Read More

စစ်ကောင်စီကို ထောက်ပံ့နေတဲ့ တရုတ်ကုမ္ပဏီ AVIC နဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေကို Airbus ဘက်က ရပ်တန့်ဖို့ ဥရောပလေးနိုင်ငံ အစိုးရတွေကို တိုက်တွန်းတောင်းဆို

နယ်သာလန်၊ ပြင်သစ်၊ ဂျာမနီ၊ စပိန် အစိုးရတွေအနေနဲ့  တရုတ်အစိုးရပိုင် Aviation Industry Corporation of China (AVIC) ကုမ္ပဏီကနေ မြန်မာစစ်အုပ်စုကို စစ်လေယာဉ်တွေနဲ့ ဆက်စပ်ပစ္စည်းတွေ လွှဲပြောင်းရောင်းချနေမှုကို ရပ်တန့်စေဖို့  ပြည်တွင်းပြည်ပ တော်လှန်ရေးအင်အားစုတွေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

ငလျင်ဒဏ်သင့် မြန်မာအတွက် ဒေါ်လာ ၂ သန်း အမေရိကန် ကူညီမည်

ပြင်းထန်တဲ့ ငလျင်ဘေးဒဏ်သင့် မြန်မာနိုင်ငံအတွက် အမေရိကန်အစိုးရက ဒေါ်လာ ၂ သန်းထောက်ပံ့ကူညီသွားမယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အမေရိကန် အကြီးတန်းသံအမတ် မြန်မာ့အရေးကို ထိုင်းမှာ လာရောက် ဆွေးနွေးမယ်

မြန်မာနိုင်ငံက စစ်ရာဇဝတ်မှုကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေမှာ တာဝန်ခံမှုရှိစေဖို့ အမေရိကန် အကြီးတန်း သံအမတ်ကြီးဖြစ်သူ Beth Van Schaack ဟာ ထိုင်းနိုင်ငံကို လာရောက်ဆွေးနွေးမယ်လို့ အမေရိကန်အစိုးရက တရားဝင် ထုတ်ပြန်ပါတယ်။ စစ်ကောင်စီရဲ့…
Read More

မလေးရှားတွင် ကျင်းပခဲ့သည့် မွန်းအောင် “တစိတ်ထဲလား” စစ်ဘေးရှောင် ရန်ပုံငွေဂီတပွဲ

တေးသံရှင် မွန်းအောင်ရဲ့ “တစိတ်ထဲလား” စစ်ဘေးရှောင် ရန်ပုံငွေဂီတပွဲကို ဒီဇင်ဘာ ၂၁ရက်က မလေးရှားနိုင်ငံ ပီနန်းမြို့မှာ ကျင်းပခဲ့ကြောင်း NLD OC International Malaysia က ထုတ်ပြန်ပါတယ်။