စစ်ကိုင်းတိုင်း၊ မုံရွာ-ချောင်းဦး လမ်းပိုင်းတစ်နေရာမှာ ရိက္ခာပို့ပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်ရဲ့ သံပြားကာကားတွေနဲ့ ကင်းပုန်းဝပ်နေတဲ့ ပျူစောထီးတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင်အမှတ် ၁၇ တပ်ရင်း တပ်ခွဲ ( ၃ ) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၁၀ ရက် ညပိုင်းက ‌ချောင်းဦးမြို့အတွင်း ရိက္ခာပို့ပြီး မုံရွာမြို့ဘက် ပြန်လာတဲ့ စစ်ကောင်စီတပ် သံပြားကာကား ၅ စီးအနက် ၄ စီးမြောက်ကားနဲ့ ၅ စီးမြောက် ကားတို့ကို မုံရွာ-ချောင်းဦး လမ်းပိုင်းတစ်နေရာမှာ အသင့်စောင့်စိုင်းပြီး လက်နက်ငယ်တွေနဲ့ လမ်းမပေါ်အထိ တက်ကာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုအတွင်း လမ်းဘေး ကင်းပုန်းဝပ်နေတဲ့ ပျူစောထီးတွေက ပြန်လည်ပစ်ခတ်ခဲ့တာကြောင့်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ကျည်အား မလုံလောက်မှုကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို GOLDEN PEOCOCK ATTACK FORCE ၊ မုံရွာခရိုင်အမှတ် ၂၃ တပ်ရင်း တပ်ခွဲ ( ၂ )၊ မုံရွာခရိုင်အမှတ် ၁၇ တပ်ရင်း တပ်ခွဲ ( ၃ )၊ TIGER FIGHTER M_21.2 ၊ AERA(71) – LOCAL PEOPLE DEFENCE FORCE တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။

ပုံစာ – မုံရွာခရိုင်အမှတ် ၁၇ တပ်ရင်း တပ်ခွဲ ( ၃ ) ရဲဘော်များ (ပုံဟောင်း)

0 Shares:
You May Also Like
Read More

NUG နိုင်ငံခြားရေးဝန်ကြီးက ၇၅ နှစ်မြောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားနေ့ စိန်ရတုအထိမ်းအမှတ် သဝဏ်လွှာပေးပို့

အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အောက်တိုဘာလ ၁ ရက်မှာ ကျရောက်တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ၇၅ နှစ်မြောက် အမျိုးသားနေ့စိန်ရတုအထိမ်းအမှတ် သဝဏ်လွှာကို ပေးပို့ခဲ့တယ်လို့ သိရပါတယ်။
Read More

မြင်းခြံမြို့နယ် ကျောက်ကုန်းပျူစခန်းကို တော်လှန်ရေးတပ်များ ဝင်ရောက်စီးနင်းရာ စစ်ကော်မရှင်တပ်သား ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကျောက်ကုန်းပျူစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်သား ၂ ဦးသေဆုံးပြီး ၅ ဦး ထိခိုက် ဒဏ်ရာရရှိသွားတယ်လို့ မြင်းခြံခရိုင် အမှတ် (၂) တပ်ရင်းက သတင်းထုတ်ပြန်လာပါတယ်။ 
Read More

စစ်ကိုင်းငလျင်ကြီးအပြီး လက်ရှိအချိန်ထိ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ၅၅၂ ကြိမ်ပြုလုပ်ခဲ့၊ လူပေါင်း ၄၇၁ ဦး သေဆုံးပြီး ၉၃၁ ဦး ဒဏ်ရာရရှိခဲ့

မြန်မာနိုင်ငံမှာ လူပေါင်း ထောင်နဲ့ချီ သေဆုံးပြီး သန်းနဲ့ချီ ငလျင်ဒဏ်သင့်ခဲ့ရတဲ့ မတ်လ ၂၈ ရက် စစ်ကိုင်းငလျင်အပြီး အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှု ၅၅၂ ကြိမ်အထိ ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အောက်တိုဘာလလယ်ကစလို့ မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သား ၇ သိန်းအတွက် အွန်လိုင်းကတဆင့် အလုပ်လုပ်ခွင့် (ဝေါ့ပါမစ်) လျှောက်ထားနိုင်ပြီဟု ထိုင်း ဆို

ထိုင်းနိုင်ငံမှာ တရားမဝင် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ် ရွှေ့ပြောင်းတွေအတွက် လာမယ့် အောက်တိုဘာလ ၁၅ ရက်ကနေ (၂၉) ရက်အထိ အွန်လိုင်းကနေ တရားဝင်ခွင့်နဲ့ နေထိုင်ခွင့် မှတ်ပုံတင်နိုင်ပြီလို့ ထိုင်းအစိုးရက ကြေညာလိုက်ပါတယ်။
Read More

ဖားဆောင်းမြို့ ခလရ ၁၃၅ တပ်ရင်းစခန်းသိမ်းတိုက်ပွဲတွင် ၁၉ နှစ်နှင့် ၂၀ နှစ်အရွယ် တော်လှန်ရေးရဲဘော် ၂ ဦး ကျဆုံးခဲ့

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့အခြေစိုက် အကြမ်းဖက်စစ်တပ်ရဲ့ ခလရ ၁၃၅ တပ်ရင်းစခန်းသိမ်းတိုက်ပွဲမှာ ရဲဘော် ၂ ယောက် ကျဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ် (အမှတ်-၁၁၀၈ တပ်ရင်း)က ထုတ်ပြန်ပါတယ်။