မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့မှာ အမှတ်(၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံကို ဦးတည်စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ၃ ရက်ဆက် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က ​မောင်းသတင်းဌာနကို ပြောပါတယ်။

ပြီးခဲ့တဲ့ မေလကုန်ပိုင်းလောက်ကစပြီး ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ ကနေ ထွက်ခွာလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ပခုက္ကူ-ပေါက်လမ်းပိုင်းအတိုင်း ပေါက်မြို့နယ်အခြေစိုက် ကပစ (၂၄) အထိ စစ်ကြောင်းထိုးဝင်ရောက်နေတာ ဖြစ်ပါတယ်။

အဆိုပါစစ်ကြောင်းမှာ ကားအစီးရေ ၁၂၀နီးပါးနဲ့ လူအင်အား ၁၀၀၀ ဝန်းကျင်အထိ ပါဝင်ပြီး တပ်မ (၁၀၁) လက်အောက်ခံ ခြေလျင်တပ်ရင်းတွေ ဖြစ်တဲ့ ခလရ (၂၅၁၊ ၁၅၂၊၂၅၄၊၂၅၇၊၂၅၈၊၂၅၉၊ ၂၃၅) စတဲ့တပ်ရင်းတွေနဲ့အတူ ပျုစောထီးသင်တန်းဆင်းတွေလည်းပါဝင်တယ်လို့ အညာမြေတပ်ပေါင်းစုက ဆိုပါတယ်။

အဆိုပါစစ်အုပ်စုဟာ ပခုက္ကူတပ်မ (၁၀၁)ကနေ စစ်ကြောင်း၂ ခု ခွဲထွက်လာခဲ့တာလို့ သိရပြီး စစ်ကြောင်းတစ်ခုက ကမ္မမြို့အတွင်း ဝင်ရောက်တပ်စွဲရင်း ကင်းပတ်​နေချိန်မှာ တော်လှန်ရေးအင်အားစုတွေက ဒရုန်းနဲ့ ၃ ရက်ဆက်တိုက် ဗုံး​ကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

“ဇွန်လ ၂၁ ရက်နောက်ပိုင်းလုပ်ခဲ့တဲ့ မစ်ရှင်တွေပါ။ ကင်းပတ်တဲ့အချိန် တိုက်ခိုက်ခဲ့တာပေါ့။ စခ ၁၀ ကောင်​လောက် ထိခိုက်မှုရှိပါတယ်။” လို့ အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က ​မောင်းသတင်းဌာနကို ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို အညာမြေ တပ်ပေါင်းစုနဲ့အတူ ဂဠုန်ပြောက်ကျားတပ်(Garuda Secret Force)Black Cheetah၊ ဒေါင်းသွေးနီပြောက်ကျား၊ မြိုင်ပကဖ၊ ဗိုလ်အောင်ကျော် (RG)၊ ကိုရေခဲနဲ့ ကိုဗလ ဦးဆောင်တဲ့ လူငယ်ပြောက်ကျားတပ်ဖွဲ့နဲ့ ဂျင်လေး (Pl PDf) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
စစ်အုပ်စုတွေဟာ ကမ္မမြို့ကို ဝင်ရောက်ရာမှာလည်း အရပ်သားနေအိမ်တွေကို ဝင်ရောက်မွှေနှောက်ဖျက်ဆီးခဲ့သလို တန်ဖိုးရှိပစ္စည်းတွေကိုလည်း ခိုးယူသယ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ အကြမ်းဖက်စစ်ကြောင်းတွေဟာ ပခုက္ကူ-ပေါက်လမ်းပိုင်းပေါ် ပေါက်မြို့နယ် ရေပြာနဲ့ ကမ္မမြို့ကြားလမ်းပိုင်းတစ်ကြောအပြင် တက်မတောင်ဘက်တွေမှာပါ ပြန့်ကြဲရောက်ရှိနေတယ်လို့ သိရပါတယ်။

“အခုထိလည်း ကမ္မထဲကနေ သူတို့(စစ်အုပ်စု) အကုန်မထွက်သေးပါဘူး။ နောက်ပြီး သတင်းနောက်ကျမှ ထုတ်ပြန်တယ်ဆိုတာကလည်း ပြည်သူ​တွေကိို မဲမှာစိုးလို့ပါ။ သူတို့တွေ အခုရောက်နေတဲ့နေရာကနေ ရှေ့ဆက်တက်ဖို့လည်း ခက်နေပါတယ်။ ဒါကြောင့် အင်အားအသုံးချပြီးဆက်ထိုးနေတာပေါ့။” လို့ အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က ​မောင်းသတင်းဌာနကိုပြောပါတယ်။

အကြမ်းဖက်စစ်ကြောင်းရွေ့လျားရာ ကျေးရွာအသီးသီးက ဒေသခံအရပ်သား ရာပေါင်းများစွာဟာလည်း စစ်ဘေး ကင်းလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ပုံစာ – ပခုက္ကူတပ်မ ၁၀၁ စစ်ကြောင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ သိမ်းဆည်းရရှိတဲ့ စစ်ကောင်စီယူနီ​ဖောင်းတစ်ခု
0 Shares:
You May Also Like
Read More

ရခိုင်မှာ လူဦးရေ ၂ သန်းကျော် အငတ်ဘေးကြုံနိုင်ကြောင်း UNDP ထုတ်ပြန်

ပြင်းထန်တဲ့ တိုက်ပွဲတွေနဲ့အတူ ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်ဆို့ခံထားရတာကြောင့်  ရခိုင်ပြည်နယ်မှာ လူဦးရေ ၂ သန်းကျော် အငတ်ဘေးကြုံနိုင်ကြောင်း ကုလဖွံ့ဖြိုးမှုအစီအစဉ် UNDP ရဲ့ အစီရင်ခံစာက ဆိုပါတယ်။
Read More

စလင်းမှာ စစ်ကောင်စီတပ်သား ၂ ယောက် LPDF ဆီ လက်နက်မဲ့ အလင်းဝင်

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ စစ်ကောင်စီတပ်သား ၂ ယောက် လက်နက်မဲ့ အလင်းဝင်လာတယ်လို့ ဒေါင်းစစ်အောင် ဒေသကာကွယ်ရေးတပ်ဖွဲ့ (LPDF) က ထုတ်ပြန်ထားပါတယ်။
Read More

မြန်မာနိုင်ငံတစ်ဝန်းမှာ ရေဘေးကြောင့် သေဆုံးရသူ ၃၆၀ ကျော်သွားပြီလို့ ကုလ ထုတ်ပြန်


စက်တင်ဘာလ အစောပိုင်းကာလကစတင်ကာ မြန်မာနိုင်ငံတစ်ဝန်း ရေကြီးမြေပြိုမှုတွေကြောင့်  သေဆုံးရသူ ၃၆၀ ကျော်သွားပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ပါတယ်။
Read More

နွားထိုးကြီးမြို့မရဲစခန်းက ရဲတပ်ကြပ်တစ်ဦး အလင်းဝင်လာ

မန္တလေးတိုင်းရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ နွားထိုးကြီးမြို့မရဲစခန်းက ရဲတပ်ကြပ်တစ်ယောက် အလင်းဝင်ရောက်လာတယ်လို့ မြင်းခြံခရိုင် အမှတ်(၈) တပ်ရင်းဆီက သိရပါတယ်။
Read More

ရန်-မန်း စစ်ဆင်ရေးအတွက် မန္တလေးက အလယ်ပိုင်းတိုင်းစစ်ဌာချုပ်ကို ရှော့တိုက်ဒုံး ပစ်ခတ်တိုက်ခိုက်

မန္တလေးမြို့က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရန်-မန်းစစ်ဆင်ရေးအဖြစ် ရှော့တိုက်ဒုံးတွေနဲ့ သွားရောက် ပစ်ခတ်တိုက်ခိုက်မှုမှာ ထိခိုက်ပေါက်ကွဲတာတွေရှိနိုင်ကြောင်း Operation Flame (OF) အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

တအာင်းပြည်မှာ TNLA ဖော်ဆောင်မယ့် ပြည်သူ့အစိုးရတစ်ရပ်ကို ကြိုဆိုကြောင်း MDY- PDF သဝဏ်လွှာပေးပို့

တအာင်းဒေသမှာ TNLA ဦးစီးဖော်ဆောင်မယ့် ပြည်သူ့အစိုးရတစ်ရပ်ကို ထောက်ခံကြိုဆိုကြောင်း မန္တလေး PDF က ဒီနေ့ ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။