မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာ တော်လှန်ရေးတပ်တွေဘက်က တပ်စိတ်မှူးအပါဝင် တပ်ဖွဲ့ဝင် ၁၁ ယောက် ကျဆုံးခဲ့တယ်လို့ ညောင်ဦးမြို့နယ်​ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ ကိုဇီးက မောင်းသတင်းဌာနကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်ကနေ ဇူလိုင်လ ၂ ရက်အထိ ငါ့သရောက်မြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲတွေမှာ အကြမ်းဖက်စစ်အုပ်စုက ထိခိုက်သေဆုံးမှုတွေ ရှိခဲ့သလို တော်လှန်ရေးတပ်တွေဘက်ကလည်း ကျဆုံးမှုတွေ ရှိခဲ့တာဖြစ်ပါတယ်။

အဲ့ဒီတိုက်ပွဲတွေမှာ ပုဂံပြည်ဘီလူးတပ် ခေါ် ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တပ်စိတ်မှူးနဲ့ ဒုတပ်စိတ်မှူးအပါအဝင် တပ်ဖွဲ့ဝင် ၅ ယောက် ကျဆုံးခဲ့ပြီး ကျန်တပ်ဖွဲ့တွေနဲ့ဆိုရင် တော်လှန်ရေးတပ်ဖွဲ့ဝင် စုစုပေါင်း ၁၁ ယောက် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

“ရဲဘော်တွေ အကုန်လုံးကအားကိုးရတယ်။ အထူးသဖြင့် တပ်စိတ်မှူး ရဲဘော် ဒီပ နဲ့ ဒုတပ်စိတ်မှူး Joker တို့ ဆိုရင်တိုက်ပွဲ အတွေ့အကြုံတွေ အများကြီး ရှိတယ်။ စစ်ကိုင်းတိုင်းဘက်မှာကတည်းက အတူတူတိုက်လာတဲ့ ရဲဘော်တွေပါ။ ရဲဘော် ဒီပ ဆို တောင့်ခံထားတာ ဆေးရုံရောက်ပြီး ၂ ရက်လောက်နေမှ ကျတာပါ။ ရဲဘော်တွေရဲ့ရဲစွမ်းသတ္တိကို အစဥ်သတိရပြီး နွေဦးတော်လှန်ရေးပြီးတဲ့အထိ အဆုံးသတ်တိုက်ပွဲဝင်သွားမှာပါ “လို့ ညောင်ဦးမြို့နယ်​ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ ကိုဇီးက မောင်းသတင်းဌာနကို ပြောပါတယ်။

အကြမ်းဖက်စစ်ကြောင်းမှာ နေပြည်တော် အထူးကွန်မန်ဒိုရဲ့ စစ်ကြောင်းနဲ့ နယ်မြေခံပြည်သူ့စစ်တွေ ပါဝင်ပြီး ငါ့သရောက်ရဲစခန်းကနေ အင်အား ၁၀၀ နီးပါးနဲ့စစ်ကြောင်း ၂ ခု ခွဲထွက်လာခဲ့တာလို့ သိရပါတယ်။

ဇူလိုင်လ ၂ ရက်က စစ်အုပ်စုတွေ တောင်တောကျေးရွာကို မီးရှို့ဖျက်ဆီးနေချိန် တော်လှန်ရေးတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ရာမှာ ကင်းပုန်းစောင့်နေတဲ့ ကွန်မန်ဒိုကင်းပုန်းနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တာဖြစ်တယ်လို့ Popa Production & Guerilla Force-PPGF က ထုတ်ပြန်ပါတယ်။

” တောင်တောနဲ့ ဖလန်ကန်ကြားမှာဖြစ်တာ။ ကျွန်တော်တို့ဘက်က ကာကင်းလောက်တင်ဆိုတော့ အင်အားက ၃၀ ဝန်းကျင်လောက်ပဲ ပါတာ။ စကစက တောင်တောကနေ ဖလန်အကူး နောက်ဆုံးတပ်စိတ်ပေါ့။ အင်အားက ၂ ဆလောက်ကွာသလို သူတို့က နေရာကောင်းရသွားတဲ့အတွက်ကြောင့် ပွဲချိန်သိပ်မကြာလိုက်ပဲ ရဲဘော်တွေပေးလိုက်ရတာပါ။ ကျဆုံးခဲ့တဲ့ ရဲဘော်တွေကို အမိန့်ပြန်သင်္ဂြိလ်ပြီးပါပြီ။ သီးသန့် ကျဆုံးရဲဘော်တွေအတွက် ဂုဏ်ပြုထုတ်ပြန်သွားဦးမှာပါ။” လို့ တိုက်ပွဲအတွင်း တပ်ဖွဲ့ဝင် ၃ ယောက်ကျဆုံးခဲ့တဲ့ Popa Production & Guerilla Force-PPGF တပ်ဖွဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။

အဆိုပါတိုက်ပွဲတွေနဲ့ ပက်သက်ပြီးညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူ ကိုဇီးက ” အဓိက ရန်သူ ဘက်က လက်နက်ကြီး ပစ်အားနဲ့ ဒရုန်းတွေသာတယ်။ ကျွန်တော် တို့က စိတ်ဓတ် ရှိလို့သာ တိုက်နေတာ။ လက်နက်၊ ကျည်မပေါဘူးး။ ဖလန်ကန် တိုက်ပွဲ မှာ ဆို စကစ ဘက်က. လက်နက်ကြီး တအား သုံး တယ်။၆၀ မမ တွေ ဆို အလုံးရေ မနည်းဘူး။ ပြီးရင် ဒရုန်း နဲ့ ဗုံးတွေ ဆက်တိုက်ချတယ်။ ကျနော်တို့မှာ ထိခိုက် ဒဏ်ရာ ရရင်တောင် ကိုယ့်ဘာသာ အဆင်ပြေသလို အရင် ကုနေရတာပါ။ ဆရာဝန်မရှိပါဘူး။ ဒီကြားထဲ တပ်ဖွဲ့နာမည်ခံပြီး လိမ်လည်အလှူခံတာတွေ ရှိနေပါတယ်” လို့ မောင်းသတင်းဌာနကို ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ညောင်ဦးမြို့နယ်အတွင်း ချောင်းရှည်၊ ပွဲတန်း၊ ဇီစပြင်၊ ကျောက်ပြင်ကန်နဲ့ မြောင်စတဲ့ ကျေးရွာတွေကို ဆက်တိုက်မီးရှို့ခဲ့တဲ့အတွက် ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံတွေဟာ ဘေးလွတ်ရာတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ပုံစာ – ငါ့သရောက်မြို့နယ်တိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် ပုဂံပြည်ဘီလူးတပ်မှ တပ်ဖွဲ့ဝင်များ…
0 Shares:
You May Also Like
Read More

PDF လက်အောက်ရှိ တပ်ရင်းတပ်ဖွဲ့ ၃၀၀ ကျော်ကို ၄ နှစ်တာအတွင်း အမေရိကန်ဒေါ်လာ ၂၄.၉ သန်းခန့် တပ်ရင်းထောက်ပံ့စရိတ် ပေးအပ်ခဲ့

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) လက်အောက်ရှိ နိုင်ငံတစ်ဝန်းက တပ်ရင်းတပ်ဖွဲ့ ၃၀၀ ကျော်ကို အမေရိကန်ဒေါ်လာ ၂၄.၉ သန်းခန့် တပ်ရင်းထောက်ပံ့စရိတ် ပေးအပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက မနေ့က ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။
Read More

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် အမှတ် (၁၄) တပ်ရင်းမှ ကျဆုံးရဲဘော်(၁)ဦးအတွက် ဂုဏ်ပြုအခမ်းအနား ပြုလုပ်

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) အမှတ် (၁၄) တပ်ရင်းက ကျဆုံးခဲ့တဲ့ ရဲဘော်အတွက် ဂုဏ်ပြုပွဲအခမ်းအနားနဲ့ သင်္ဂြိုဟ်ပေးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီက လက်လွှတ်လိုက်ရသည့် ဒေသများကို ဦးစားပေး အရှိန်မြှင့်တိုက်ခိုက်နေ

စစ်ကောင်စီက သူတို့လက်လွှတ်လိုက်ရတဲ့ ဒေသတွေကို ဦးစားပေးပြီး အရှိန်မြှင့်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့  လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့  (HRW) က ထုတ်ပြန်လိုက်ပါတယ်။
Read More

ပေါက်ခေါင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ အခြေခံစစ်သင်တန်းဆင်းပွဲ…(ဓာတ်ပုံသတင်း)

ပဲခူးတိုင်း၊ ပြည်ခရိုင်အခြေစိုက် ပေါက်ခေါင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရဲဘော်တွေအတွက် အခြေခံစစ်ပညာသင်တန်းကို ၃ လကြာ သင်တန်းပေးခဲ့ပြီး ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာသည့် စစ်အမြန်ရေယာဥ်တစီး  ကြားဖြတ်တိိုက်ခိုက်ခံရပြီး နှစ်ဦး သေဆုံးကာ အများအပြား ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ အကြမ်းဖက်အမြန်ရေယာဥ်တစီးကို အသင့်စောင့်ကြိုတိုက်ခိုက်ရာ ၂ ယောက် သေဆုံးပြီး အများအပြားဒဏ်ရာရသွားတယ်လို့ ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေတပ် (Salingyi) တပ်ဖွဲ့ တာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

စစ်တောင်းမြစ်ရေ စိုးရိမ်ရေအမှတ်ထက် တိုးလာတာကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေ

ပဲခူးတိုင်းအတွင်း စစ်တောင်းမြစ်ရေဟာ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်မြင့်တက်လာတာကြောင့် စစ်တောင်းမြစ်ဘေးတလျှောက်ရှိ မြို့နယ်၊ ကျေးရွာတွေမှာ ရေကြီးမှုတွေ ဖြစ်ပွားနေပြီး လူသေဆုံးမှုတွေလည်း ရှိနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။