ချင်းအမျိုးသားတပ်မတော်(CNA) နဲ့ ဒေသကာကွယ်ရေးတပ်(CDF) ပူးပေါင်းတပ်တို့ သိမ်းပိုက်ထိန်းချုပ်ခဲ့တဲ့ ရိဒ်ခေါ်ဒါရ်မြို့က‌နေ ချင်းညီနောင်အဖွဲ့ဝင်ဖြစ်တဲ့ CNO/CNDF တပ်များ ပြန်လည်ဆုတ်ခွာ‌သွားတယ်လို့ Chin National Front (CNF) ရဲ့ ပြောရေးဆိုခွင့်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။

ဇူလိုင်လ ၅ ရက်‌မှာ CNO/ CNDF တပ်များက ရိဒ်ခေါ်ဒါရ်မြို့ ဝင်ရောက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး၊ ဇူလိုင်လ ၁၁ ရက် မနေ့မနက်ပိုင်းလောက်မှာ CNO/CNDF ပူးပေါင်းတပ်များ ရိဒ်ခေါ်ဒါရ်မြို့ကနေ ဆုတ်ခွာသွားခဲ့တဲ့အတွက် မြို့ကိုအရင်ထိန်းချုပ်ခဲ့တဲ့ HPO/CDF-Hualngoram တပ်က ပြန်လည်ထိန်းချုပ်ထားတယ်လို့ သိရတာပါ။

” မြေပြင်စစ်ရေးဖိအားကြောင့် CNO/CNDF က ပြန်လည်ဆုတ်ခွါသွားတာပါ။ အခုလက်ရှိမှာတော့ မူလ ဒေသခံပြည်သူတွေ လက်ထဲ ပြန်ရောက်ပါပြီ။ Rihkhuadar စစ်ရှောင်တွေ ၈၀ ရာခိုင်နှုန်းလောက်တော့ ပြန်လာနေကြပြီ” လို့ CNF ရဲ့ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဗန် က မောင်းသတင်းဌာနကို ပြောပါတယ် ။
ရိဒ်ခေါ်ဒါရ်မြို့မှ ၎င်းတို့တပ်များ ဆုတ်ခွာခဲ့တာ မှန်ကန်ကြောင်း CNDF ပြောရေးဆိုခွင့်ရှိသူများက မီဒီယာများကို အတည်ပြုပြောကြားထားပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်များအကြား ပဋိပက္ခကို မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်ရဲ့ ဦးဆောင်မှုနဲ့ ဖွဲ့စည်းထားတဲ့ Advocacy group for Peace အဖွဲ့ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ နှစ်ဖက်တပ်ဖွဲ့များအကြားမှာ ညှိနှိုင်းဆွေးနွေးမှုတွေ ဆက်လက်ရှိနေဆဲဖြစ်တယ်လို့လည်း ချင်းတော်လှန်ရေး သတင်းရင်းမြစ်များရဲ့အဆိုအရ သိရပါတယ်။

ပုံစာ – ရိဒ်ခေါ်ဒါရ်မြို့ကို CNA တပ်ဖွဲ့များ အလံပြောင်းလဲ တပ်ဆင်နေစဥ်

အိန္ဒိယ-မြန်မာ အမှတ်(၂) နယ်စပ်ကုန်သွယ်ရေးစခန်း တည်ရှိရာ ရိဒ်ခေါ်ဒါရ်မြို့ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှာ CNA နဲ့ CDF ဟွာလ်ငိုးရမ်းပူးပေါင်းတပ်က စစ်အုပ်စုဆီကနေ သိမ်းပိုက်ခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါမြို့ကို သိမ်းပိုက်ထားချိန်မှာလည်း အုပ်ချုပ်ရေးကို အကောင်အထည်ဖော်ခဲ့သလို တရားဥပဒေစိုးမိုးရေးလည်း ရှိနေပြီးသားဖြစ်တဲ့နေရာဖြစ်တယ်လို့လည်း ဆလိုင်းဗန် ကဆိုတာပါ။

လက်ရှိ ချင်းပြည်နယ်အတွင်းက စစ်ရေးပဋိပက္ခများနှင့် ပတ်သက်ပြီး ငြိမ်းချမ်းစွာ ဖြေရှင်းကြဖို့ တော်လှန်ရေးမှာ ပါဝင်နေတဲ့ ၂၀၂၀ ရွေးကောက်ခံ ချင်းလွှတ်တော်ကိုယ်စားလှယ်များက ပြီးခဲ့တဲ့ရက်ပိုင်းတွင်းက ထုတ်ပြန်တောင်းဆိုခဲ့သလို၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ နဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) တို့ကလည်း ငြိမ်းချမ်းသောနည်းလမ်းနဲ့ ဆွေးနွေးအဖြေရှာကြဖို့ ဇူလိုင်လ ၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မင်းလှအတွင်း ကျေးရွာပေါင်း ၁၀ ရွာကျော်ကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးထား

အလားတူ ဇွန်လ ၂၂ ရက်နေ့မှာလည်း စစ်ကောင်စီရဲ့ မီးရှို့မှုကြောင့် ရွေးကုန်းရွာမှ အိမ်ခြေ ၅လုံး ၊ ဦးတိုကညင်ပင်အုပ်စု၊ ဦးတိုကျွဲလမ်းစုရွာမှ အိမ်ခြေ ၄လုံးအပြင် ဇွန်လ ၂၃ ရက်နေ့မှာလည်း ဂန့်ဂေါ်ပင်အုပ်စု၊ ဗိုလ်တထောင်ရွာမှ အိမ်ခြေ အလုံး ၂၀လုံးခန့်၊ ထောက်ကြန့်အုပ်စု၊ ဆားချောင်းရွာမှ အိမ်ခြေ၈လုံး၊ ဆင်အိုင်ချောင်းပေါက်ရွာမှ အိမ်ခြေ ၈လုံး၊ ဂန့်ဂေါ်ပင်မှ အိမ်ခြေ ၅လုံး၊ ငလှစမ်းရွာမှ အိမ်ခြေ အလုံး ၅၀ ခန့် မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
Read More

NUG ကာကွယ်ရေးဝန်ကြီးဌာနက ကလလတ စစ်ဦးစီးချုပ်ထံ သေနတ်အလက် ၅၀ ပေးအပ်

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာနဟာ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) စစ်ဦးစီးချုပ်ထံ သေနတ်အလက် ၅၀ ကို ဒီနေ့ ဇန်နဝါရီ ၂၁ ရက်မှာ ပေးအပ်ခဲ့တယ်လို့ Karenni People’s Voice က သတင်းဖော်ပြထားပါတယ်။
Read More

နတ်တလင်းတွင် အကြမ်းဖက် ရဲစခန်းမှူးနေအိမ်နှင့် ဗိုလ်တဲအား မီးရှို့ပြီး ပျူစခန်းကို ဒရုန်းဖြင့်ဗုံးကြဲ၊ စစ်ကူတပ်ကိုလည်း မိုင်းဆွဲတိုက်ခိုက်

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စု အထိုင်ချရာနေရာကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရင်း ရဲစခန်းမှူးနေအိမ်နဲ့ ဗိုလ်တဲစခန်းတွေကိုပါ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ရခိုင်ပြည်နယ်ရှိ တစ်နိုင်တစ်ပိုင် ဝမ်းစာရှာထွက်သည့် ရေလုပ်သားများကို စစ်အုပ်စု ဖမ်းဆီးသတ်ဖြတ်နေကြောင်း AA ထုတ်ပြန်

ရခိုင်ပင်လယ်ပြင်ရှိ အကြမ်းဖက်စစ်အုပ်စုရဲ့ သင်္ဘောတွေက တစ်နိုင်တစ်ပိုင် ဝမ်းစာရှာထွက်တဲ့ ရေလုပ်သားတွေကို ဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေ ရှိနေတယ်လို့ အာရက္ခတပ်တော် AA က မနေ့က ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ကရင်နီ နယ်လှည့်ကျန်းမာရေးကော်မတီ၏ ဆေးခန်းတာဝန်ခံ ကျဆုံး

ကရင်နီ နယ်လှည့်ကျန်းမာရေးကော်မတီ - Karenni Mobile Health Committee (KnMHC) ရဲ့ ဆေးခန်းတာဝန်ခံ (Clinic In-Charge) တစ်ယောက်ဖြစ်သူ အသက် ၂၆ နှစ်အရွယ် Soe Reh ဟာ စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

ကြို့ပင်ကောက်မှာ စစ်ကောင်စီခန့် ရာအိမ်မှူး နေအိမ်ကို ဝင်ရောက်တိုက်ခိုက်ရာ သန်းခေါင်စာရင်း စာရွက်တွေနဲ့ လေသေနတ် ၁ လက် သိမ်းဆည်းရမိ

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီခန့် ရာအိမ်မှူး နေအိမ်ကို ဝင်ရောက်တိုက်ခိုက်ရာ သန်းခေါင်စာရင်းစာရွက်တွေနဲ့ လေသေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သာယာဝတီခရိုင် ၊ တပ်ရင်း ၃၈ဝ၂ ၊ တပ်ခွဲ ၁ (Dragon Brothers GBK) က ထုတ်ပြန်ထားပါတယ်။