မကွေးတိုင်း မြိုင်မြို့နယ်အတွင်း စစ်ကောင်စီက ဂျက်ဖိုက်တာတွေ၊ စက်တပ်လေထီးယာဉ်တွေ နဲ့ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၁ ယောက်အပါအဝင် ၂ ယောက် သေဆုံးကာ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုမှ သတင်းထုတ်ပြန် ထားပါတယ်။

ဇူလိုင် ၉ ရက်က မြိုင်နယ် သနပ်ရင်းကျေးရွာကို လေကြောင်းကနေ ပေါင် ၃၀၀ ဗုံး ၂ ကြဲချခဲ့တဲ့အတွက် ကလေး ငယ် ၁ ယောက်၊ သက်လတ်ပိုင်းအရွယ် ၁ သေဆုံးခဲ့ရပြီး ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင် ၁၁ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်ခန့်ကလည်း မြိုင်မြို့နယ်ဝန်းကျင်ကို စစ်ကောင်စီက ဂျက်ဖိုက်တာတွေ၊ စက် တပ်လေထီးယာဉ်တွေနဲ့ လေကြောင်းကနေ အကြိမ်ကြိမ်တိုက်ခိုက်လျက်ရှိတယ်လို့ သိရပါ တယ်။

စစ်ကောင်စီတပ်ဟာ ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင် နေတဲ့အတွက် လေကြောင်းရန် အထူးဂရုစိုက်ကြပါရန် အညာမြေတပ်ပေါင်းစုမှ အသိပေးထုတ်ပြန် ထားပါတယ်။

Video-အညာမြေတပ်ပေါင်းစု
0 Shares:
You May Also Like
Read More

ပခုက္ကူမြို့နယ်အတွင်း အကြမ်းဖက်စစ်သားတွေကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်း အင်အား ၁၀၀ ခန့်နဲ့ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်သားတွေကို နိုဝင်ဘာ ၂ ရက် မနက်ပိုင်းက ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ COBRA ONE အဖွဲ့ထံက သိရပါတယ်။
Read More

ရေဦးတွင် စစ်ကြောင်းထိုးဖို့ စုဖွဲ့နေသည့် စစ်အုပ်စု ဗုံးကြဲခံရပြီး ဗိုလ်အပါအဝင် ၆ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်းရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးဖို့ စုဖွဲ့နေတဲ့ စစ်ကော်မရှင်တပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ စစ်ဗိုလ်အပါအဝင် ၆ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် - ရေဦးက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကြွယ်ပုံပျူစခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ပြီး လက်နက်ငယ်တွေနဲ့ အနီးကပ်ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် ကြွယ်ပုံပျုစခန်းရှိ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို နိုဝင် ဘာ ၂၉ ရက်ကနေ ဒီဇင်ဘာ ၁ ရက်အထိ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ပြီး လက်နက်ငယ်တွေနဲ့ အနီးကပ်သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Young Wolf. (P.D.F) ထံက သိရပါတယ်။
Read More

ယင်းမာပင်မြို့ပေါ် အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တပ်စွဲထားနေရာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့ပေါ်က အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ စခန်း၊ အမျိုးသားဥယျာဉ်၊ ခရိုင်စုပေါင်းရုံး၊ ရေအရင်းမြစ်ဂိတ်နဲ့ ယင်းမာပင်ဆေးရုံကြီးတို့ကို လက်နက် ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်‌ ရေးတပ်ဖွဲ့ (Salingyi) က ထုတ်ပြန်ထားပါတယ်။
Read More

တိုက်ပွဲအတွင်း ကျည်ကာမလုံလောက်မှုကြောင့် တစ်လှည့်စီဝတ်ကာ တိုက်ပွဲဝင်နေကြသည့် တော်လှန်ရေးရဲဘော်များ (ရုပ်/သံ)

ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ တိုက်ပွဲဝင်နေကြတဲ့ ရဲဘော်တွေဟာ ကျည်ကာမလုံလောက်တဲ့အတွက် ရှိတဲ့ကျည်ကာကို တစ်လှည့်စီဝတ်ကာ တိုက်ပွဲဝင်နေကြရပါတယ်။
Read More

ခရစ္စမတ်နေ့မှာ မိုးဗြဲမြို့ပေါ် စစ်တပ် ဒရုန်းနဲ့ ဗုံးကြဲလို့ နေအိမ်အလုံး ၅၀ ကျော် ပျက်စီး (ရုပ်/သံ)

ရှမ်းပြည်နယ်နဲ့ ကရင်နီပြည်နယ်အစပ် မိုးဗြဲမြို့ပေါ် ရပ်ကွက်ကို ဒီနေ့ ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်နေ့ မနက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားပြည်သူ နေအိမ်အလုံး ၅၀ ကျော် ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။