စစ်ကိုင်းတိုင်း၊ မုံရွာ-ချောင်းဦး လမ်းပိုင်းတစ်နေရာမှာ ရိက္ခာပို့ပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်ရဲ့ သံပြားကာကားတွေနဲ့ ကင်းပုန်းဝပ်နေတဲ့ ပျူစောထီးတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင်အမှတ် ၁၇ တပ်ရင်း တပ်ခွဲ ( ၃ ) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၁၀ ရက် ညပိုင်းက ‌ချောင်းဦးမြို့အတွင်း ရိက္ခာပို့ပြီး မုံရွာမြို့ဘက် ပြန်လာတဲ့ စစ်ကောင်စီတပ် သံပြားကာကား ၅ စီးအနက် ၄ စီးမြောက်ကားနဲ့ ၅ စီးမြောက် ကားတို့ကို မုံရွာ-ချောင်းဦး လမ်းပိုင်းတစ်နေရာမှာ အသင့်စောင့်စိုင်းပြီး လက်နက်ငယ်တွေနဲ့ လမ်းမပေါ်အထိ တက်ကာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုအတွင်း လမ်းဘေး ကင်းပုန်းဝပ်နေတဲ့ ပျူစောထီးတွေက ပြန်လည်ပစ်ခတ်ခဲ့တာကြောင့်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ကျည်အား မလုံလောက်မှုကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို GOLDEN PEOCOCK ATTACK FORCE ၊ မုံရွာခရိုင်အမှတ် ၂၃ တပ်ရင်း တပ်ခွဲ ( ၂ )၊ မုံရွာခရိုင်အမှတ် ၁၇ တပ်ရင်း တပ်ခွဲ ( ၃ )၊ TIGER FIGHTER M_21.2 ၊ AERA(71) – LOCAL PEOPLE DEFENCE FORCE တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။

ပုံစာ – မုံရွာခရိုင်အမှတ် ၁၇ တပ်ရင်း တပ်ခွဲ ( ၃ ) ရဲဘော်များ (ပုံဟောင်း)

0 Shares:
You May Also Like
Read More

ခင်ဦးမြို့နယ်မှာ တန်ဆောင်တိုင်အထိမ်းအမှတ် NUG အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေက ပကဖ ရဲဘော်တွေကို အခြေခံ နိုင်ငံရေးသဘောတရားတွေ၊ ဆုံးမသြဝါဒစကားတွေ ပြောကြားခဲ့

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ မြို့နယ်အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေက ပြည်သူ့ကာကွယ်ရေးအဖွဲ့ရှိ ရဲဘော်တွေကို တွေ့ဆုံပြီး အခြေခံ နိုင်ငံရေးသဘောတရားတွေ၊ ဆုံးမသြဝါဒစကားတွေ ပြောကြားခဲ့တယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။
Read More

စစ်အုပ်စု၏ အယောင်ပြလွတ်ငြိမ်း‌များတွင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အရေးပါသော နိုင်ငံရေးခေါင်းဆောင်များ မပါဝင်သည့်အတွက် နိုင်ငံတကာဖိအားများ ဆက်ရှိနေမည်

အကြမ်းဖက်စစ်တပ်ရဲ့ အယောင်ပြလွတ်ငြိမ်းချမ်းသာခွင့်အမိန့်တွေမှာ ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ အရေးပါတဲ့ မြန်မာ့နိုင်ငံရေးခေါင်းဆောင်တွေ မပါဝင်လာသေးတဲ့အတွက် နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်တာနဲ့ပတ်သက်လို့ အကြမ်းဖက်စစ်တပ်အပေါ် နိုင်ငံတကာဖိအားတွေ ဆက်ရှိနေဦးမှာဖြစ်တယ်လို့ ISP-Myanmar က ဆိုလိုက်ပါတယ်။ စစ်အာဏာသိမ်းမှု ငါးနှစ်တာကာလအတွင်း အကြမ်းဖက်စစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အရေးပါတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ အပါအဝင် အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပြည်သူပေါင်း ၃၀,၀၃၉ ကို ဖမ်းဆီးထားခဲ့တာဖြစ်ပြီး အဲဒီအနက် ၁၁,၄၂၄ ဦးဟာ ထောင်ဒဏ်ချမှတ်ခံထားရပြီး၊ ၂၂,၇၀၂ ဦးဟာ ထိန်းသိမ်းခံနေရဆဲဖြစ်တယ်လို့လည်း သိရပါတယ်။
Read More

ကန့်ဘလူမှာ (၇၆)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် လူထုလှုပ်ရှားမှု ပြုလုပ်… (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ နဲ့ လူ့အခွင့်ရေးရာတာ၀န်ခံတို့ ဦးဆောင်ပြီး ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းကာ (၇၆)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် လူထုလှုပ်ရှားမှုတစ်ရပ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မြင်းခြံမှာ စစ်ကောင်စီတပ်ကို ဒရုန်းနှင့် ဗုံးကြဲတိုက်ခိုက်၊ စစ်သား ၁ ဦး သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆိတ်ညံရေတင်ရုံးရှိ စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်သား ၁ ယောက် သေဆုံးခဲ့တယ်လို့ ရေစကြိုတပ်ပေါင်းစုက မနေ့က ထုတ်ပြန်ပါတယ်။
Read More

စစ်စခန်းများ၊ သုံ့ပန်းများနှင့် လက်နက်ခဲယမ်းအများအပြား ရရှိခဲ့သည့် “သိမ်းငှက်စစ်ဆင်ရေး” ထိုးစစ်ကို စပါးရိတ်သိမ်းရာသီနှင့် စစ်ရှောင်အခက်အခဲများကြောင့် ရပ်ဆိုင်းထား

အရပ်သားတွေ စစ်ရှောင်နေရမှုနဲ့ စပါးရိတ်သိမ်းရာသီ ရောက်ရှိလာတာကြောင့် မော်လိုက်ခရိုင်အတွင်းက  သိမ်းငှက်စစ်ဆင်ရေး ထိုးစစ်ကို ရက်အကန့်အသတ်မရှိ ရပ်နားထားကြောင်း မော်လိုက်တော်လှန်ရေးအင်အားစုတွေက နိုဝင်ဘာ ၂၄ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။
Read More

မန္တလေး ဦးလှသိန်းဗိမာန်အတွင်းမှာ ပိတ်မိနေတဲ့ သံဃာတော် အပါး ၁၀၀ ကျော်ကို ရှာဖွေကယ်ဆယ်ရေး တိုးမြှင့်လုပ်ဆောင်နေ

ယမန်နေ့က လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ မန္တလေးမြို့ ဦးလှသိန်းဗိမာန်အတွင်းက သံဃာအပါး (၁၀၀) ကျော်ကို ရှာဖွေကယ်ဆယ်ရေးတွေ တိုးမြှင့်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။