ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်ရဲ့ နံမည်ကြီး ဥကရစ်ထစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များက ဒီကနေ့နေ့လည်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

ယနေ့ ဇူလိုင်လ ၁၂ ရက်နေ့လယ်ပိုင်းက ဥကရစ်ထစခန်းကို တော်လှန်ရေးတပ်တွေက တက်ရောက်သိမ်း ပိုက်နိုင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သားတွေ ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးသွားကြတယ်လို့လည်း သိရပါတယ်။ စခန်းသိမ်းတိုက်ပွဲအပြီး စခန်းတွင်းအခြေအနေများကို အဆိုပါတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ကျားသစ်နက်စစ်ကြောင်းက ရုပ်သံဖိုင်အနေနဲ့ ထုတ်ပြန်ခဲ့ပါတယ်။

ဥကရစ်ထစခန်းကို လွန်ခဲ့တဲ့ ၃ နှစ်ခန့်က တော်လှန်ရေးတပ်များ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ သိမ်းပိုက်နိုင်ခြင်းမရှိခဲ့တဲ့အတွက် စစ်ကောင်စီက သက်ရှိစည်းရိုအမည်နဲ့ ဇာတ်ကားရိုက်ကာ ဝါဒဖြန့်ခဲ့ပါသေးတယ်။

ဥကရစ်ထဗျူဟာစခန်းကုန်းကို ကရင်အမျိုးသားတပ်မတော် (KNLA)၊ ကျားသစ်နက်စစ်ကြောင်း ဗျူဟာအမှတ် ၃၂ နဲ့ မဟာမိတ်ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

လမ်းမပေါ် ဆက်ကြေးကောက်နေတဲ့ စစ်သားတွေကို မိုင်းဆွဲပြီး စနိုက်ပါနဲ့ ပစ်ခတ်မှု ၄ ယောက်သေ၊ ၁ ယောက်ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ချောင်းဦး-မြင်းမူ ကားလမ်းပေါ်က သံလွင်မြန်မာဆီဆိုင်အနီး ခရီးသွားကားနဲ့ ဆိုင်ကယ်တွေကို ဆက်ကြေးကောက်နေတဲ့ အကြမ်းဖက်စစ်သားတွေကို နိုဝင်ဘာ ၁၇ ရက် မနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ပြီး စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၄ ယောက်သေပြီး ၁ ယောက် ဒဏ်ရာရရှိသွားတယ်လို့ လျှပ်စီးတပ်ခွဲ ၊ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း ၊ တပ်ခွဲ-၃ထံက သိရပါတယ်။
Read More

မူဆယ်မှာ အခွန်မပေးတဲ့ ကျားဖြန့်တွေကို ဝင်ဖမ်းတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပြည်သူ့စစ်တွေ ပစ်ခတ်မှုဖြစ်ပွား (ရုပ်/သံ)

ရှမ်းပြည်နယ် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ ဒီဇင်ဘာ ၁၆ ရက် နေ့လယ်ပိုင်းက (အွန်လိုင်းငွေလိမ်ဂိုဏ်း) ကျားဖြန့်လုပ်ကိုင်သူတွေကို ဝင်ရောက်ဖမ်းဆီးတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပြည်သူ့စစ်တွေ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

မုံရွာ-အရာတော်လမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကြားဖြတ်တိုက်ခိုက်မှု ယာဉ်ကြီး ၅ စီး သိမ်းဆည်းရရှိပြီး စစ်သား ၉ ယောက်သေ၊ ၇ ယောက် ဖမ်းဆီးရမိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်က ထွက်လာတဲ့ အကြမ်းဖက်စစ်တပ် ၁၀ စီးယာဉ်တန်းကို ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းက မုံရွာ-အရာတော်လမ်းပိုင်းမှာ ကြားဖြတ် တိုက်ခိုက်ခဲ့တယ်လို့ Brothers Revolution Force-Monywa အဖွဲ့ထံက သိရပါတယ်။
Read More

တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာမှ ထွက်လာသည့် စစ်တပ်ယာဉ်နှင့် ကာကင်းယူထားသည့် စစ်သားများကို တိုက်ခိုက်မှု ၃ ယောက် သေ (ရုပ်/သံ)

တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာမှ ချောင်းနှစ်ပေါက်ကျေးရွာဘက် ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်နဲ့ ကာကင်းယူထားတဲ့ အကြမ်းဖက်စစ်သားတွေကို မတ်လ ၈ ရက် မနေ့က မနက်ပိုင်းမှာ အလစ်အငိုက် တိုက်ခိုက်ခဲ့တယ်လို့  မြိတ်ခရိုင်တပ်ရင်း ၂ ထံက သိရပါတယ်။
Read More

နိုင်ငံပေါင်းစုံ ဆုတောင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပြီး မိသားစုနှင့် ပြန်လည်ဆုံဆည်းနိုင်ရန် ဖြူဖြူကျော်သိန်း ဆုတောင်း (ရုပ်/သံ)

ပြင်သစ်နိုင်ငံမှာ ပြုလုပ်တဲ့ နိုင်ငံပေါင်းစုံဆုတောင်းပွဲမှာ တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်းက ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပြီး လွတ်မြောက်ခြင်းနဲ့အတူ မိသားစုနဲ့ ပြန်လည်ဆုံဆည်းနိုင်စေဖို့ ဆုတောင်းပေးခဲ့ပါတယ်။