ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်းအမှတ် (၂၉) အနေနဲ့ တပ်ရင်းတည်ထောင်ခြင်း တစ်နှစ်ပြည့် အခမ်းအနားကို ဇူလိုင်လ (၁၀)ရက်က ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။

အခမ်းအနားမှာတော့ အလံ အလေးပြုခြင်း၊ ကျဆုံးသွားတဲ့ အာဇာနည် သူရဲကောင်းတွေကို အလေးပြုကာ အောက်မေ့သတိရတဲ့အနေနဲ့ တစ်မိနစ် ငြိမ်သက်ခြင်း၊ တစ်နှစ်ပြည့် အထိမ်းအမှတ် ကိတ်ခွဲခြင်း၊ တပ်ရင်းမှူးက အမှာစကားပြောကြားခြင်း စတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် တပ်ရင်း အမှတ် (၂၉) ကို တစ်နှစ်ပြည့်တဲ့အထိ ရပ်တည်နိုင်အောင် ကူညီထောက်ပံ့‌ပေးတဲ့ ပြည်သူလူထုကို ကျေးဇူးအထူး တင်တယ်လို့ ဆိုပါတယ်။

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် တပ်ရင်း အမှတ် (၂၉) အနေနဲ့ KNDF သစ္စာ အဓိဌာန် (၅)ချက်နဲ့အညီ အာဏာရှင်စနစ်ချုပ်ငြိမ်းတဲံအထိ ဆန့်ကျင်တော်လှန်သွားမယ်လို့ ကတိသစ္စာ အဓိဌာန်ပြုကြောင်း ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

တရုတ်-မြန်မာ လုံခြုံရေးကုမ္ပဏီ ထူထောင်ဖို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေး ကော်မတီကို စစ်ကောင်စီ စတင်ဖွဲ့စည်း

တရုတ်နဲ့ မြန်မာ လုံခြုံရေးကုမ္ပဏီ ပူးပေါင်းထူထောင်နိုင်ဖို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေး ကော်မတီကို ဖွဲ့စည်းပြီး တရုတ် လုံခြုံရေးအဖွဲ့တွေ မြန်မာနိုင်ငံထဲ ဝင်ရောက်လာနိုင်ဖို့ စစ်ကောင်စီက ပြင်ဆင်နေကြောင်း စစ်ကောင်စီ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

အုတ်ဖိုမှာ ပေါ်တာဆွဲဖို့ ရဲစခန်းထဲကနေ အရပ်ဝတ်တွေနဲ့ ထွက်လာတဲ့ အဖွဲ့ကို တိုက်ခိုက်ရာ စခန်းမှူးအပါအဝင် ၂ယောက်သေ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အေးမြသာယာမြို့ခံ ပြည်သူတွေကို ပေါ်တာဆွဲဖမ်းဆီးဖို့ အေးမြသာယာရဲစခန်းကနေ အရပ်ဝတ်နဲ့ ထွက်လာတဲ့ အင်အား၅ယောက်ပါအဖွဲ့ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာ စခန်းမှူးအပါအဝင် ၂ယောက် သေဆုံးသွားတယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရေကြီးမှုကြောင့် မယ်စဲ့တံတားကျိုးကျ

ကရင်နီဒေသ၊ မယ်စဲ့မြို့က မယ်စဲ့တံတား ရေကြီးနစ်မြုပ်မှုကြောင့် ကျိုးကျပျက်စီးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။ စက်တင်ဘာလ ၂၁ရက်၊ မနေ့က မနက်ပိုင်းမှာ တံတား ကျိုးကျသွားတာဖြစ်ပြီး လမ်းပိတ်ဆို့မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဘောလခဲ မြို့မရဲစခန်းက ရဲတပ်ကြပ်ကြီးနဲ့ ရဲတပ်ကြပ်တို့ လက်နက်ခဲယမ်းတွေနဲ့အတူ ဘောလခဲ PDF ထံ အလင်းဝင်လာ

ကရင်နီပြည်နယ်၊ ဘောလခဲမြို့မရဲစခန်းက ရဲတပ်ကြပ်ကြီး ၁ ယောက်နဲ့ ရဲတပ်ကြပ် ၁ ယောက်ဟာ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF) ဆီ ဒီဇင်ဘာလအတွင်း အလင်းဝင်ရောက် ခိုလှုံခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ပေါက်နယ်အရှေ့ခြမ်းကို စစ်အုပ်စုက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ ကလေးတစ်ဦးအပါ ၅ ဦး သေဆုံးပြီး ၃၀ ဝန်းကျင်ခန့် ဒဏ်ရာရ

မကွေးတိုင်း ၊ ပေါက်မြို့နယ်အရှေ့ခြမ်းကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ရှောင်ပြည်သူတစ်ချို့ ထိခိုက်သေဆုံးတာတွေ ရှိတယ်လို့ ပေါက်မြို့ဒေသခံဆီက သိရပါတယ်။
Read More

ဖားဆောင်း ခလရ ၁၃၅ မကျရေး စစ်တပ်ခုခံနေ

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်က ခလရ (၁၃၅) စစ်စခန်းမကျရေးကို စစ်တပ်က ခုခံနေဆဲဖြစ်ပြီး တိုက်ပွဲတွေလည်း ဆက်လက်ဖြစ်ပွားနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံမှ သိရပါတယ်။