ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်မဟာ (၆) နယ်မြေဖြစ်တဲ့ မြ၀တီမြို့အနီးရှိ စစ်ကောင်စီရဲ့ ဝေါလေနဲ့ ဥကရစ်ထ တပ်စခန်းတွေ အပြီးသတ် သိမ်းပိုက်နိုင်ရေးအတွက် ဝိုင်းဝန်းပိတ်ဆို့ကာ ဆက်လက် ထိုးစစ်ဆင်နေတယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်နဲ့ ထိုင်းသတင်းတွေအရ သိရပါတယ်။

ထိုင်း- မြန်မာ နယ်စပ်အနီး စစ်ကောင်စီရဲ့ ဝေါလေဗျူဟာစခန်းနဲ့ ဥကရစ်ထတပ်စခန်းတို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLAနဲ့ ပူးပေါင်းတပ်တွေက ဇူလိုင်လ ၂ ရက်မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ လက်ရှိအချိန်အထိ တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။

ဇူလိုင် ၁၁ ရက် မနေ့က စစ်ကောင်စီရဲ့ ဝေါလေဗျူဟာစခန်းအတွင်း တော်လှန်ရေးတပ်တွေရဲ့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကြီးမားတဲ့ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဒါဟာ ခဲယမ်းသိုလှောင်ရာနေရာကို တိုက်ခိုက်နိုင်ခဲ့တာ ဖြစ်နိုင်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။
ထိုင်း-မြန်မာနယ်စပ်က ဝေါလေဗျူဟာကုန်းနဲ့ ဥကရစ်ထစခန်းတွေမှာ တိုက်ပွဲတွေ ပြင်းထန်နေတာ​ကြောင့် ထိုင်းစစ်တပ်ကလည်း မြန်မာနိုင်ငံနယ်နိမိတ်အတွင်းက တိုက်ပွဲကို စောင့်ကြည့်နေပြီး စစ်ရေးအသင့်ပြင်ထားတယ်လို့ ထိုင်းသတင်းတွေရဲ့ ဖော်ပြမှုအရ သိရပါတယ်။

KNU ပူးပေါင်းတပ်ဖွဲ့ဟာ မြ၀တီမြို့နယ်ရှိ နယ်စပ်စခန်းတွေဖြစ်တဲ့ ဘလက်ဒိုစခန်း၊ ကနဲလေးစခန်း၊ ရွှေအေးမြိုင်စခန်း၊ ဘုရင့်နောင်စခန်း၊ မော်ခီးစခန်း၊သေ့ဘောဘိုးစခန်း၊ ထီးကပယ်စခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ထားပြီး အဆိုပါဒေသမှာ ဝေါလေဗျူဟာစခန်း၊ ဥကရစ်ထစခန်းနဲ့ တိသဲလယ် ကာကင်းစခန်းတို့ကိုသာ သိမ်းပိုက်ဖို့ ကျန်ရှိတော့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ – AEC Thailand
0 Shares:
You May Also Like
Read More

KNU တပ်မဟာ ၅ နယ်မြေ မူတြော်ခရိုင်အတွင်း ဝင်ရောက်ကျူးကျော်တပ်စွဲထားတဲ့ မာထော စစ်တပ်စခန်းကို (K.N.L.A) တပ်မဟာ (၅) နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်…

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅ နယ်မြေ မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ် အတွင်း ဝင်ရောက်ကျူးကျော်တပ်စွဲထားတဲ့ မာထော စစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (K.N.L.A) တပ်မဟာ (၅) နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
Read More

မြင်းခြံထောင်မှ နိုင်ကျဥ်း ၁ဦးကို ရောဂါပြင်းထန်မှ ပြင်ပဆေးရုံပို့ပေး၊ ဆေးရုံရောက်သည့်ရက်မှာပင် ကျဆုံး

မန္တလေးတိုင်း၊ မြင်းခြံအကျဥ်းထောင်မှာ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဥ်းသား ကိုချမ်းမင်းဟိန်းကို ရောဂါပြင်းထန်တဲ့ အခြေအနေရောက်မှ ပြင်ပဆေးရုံကို ပို့ပေးတာကြောင့် ပို့ဆောင်မှု နောက်ကျသွားတဲ့အတွက် ကျဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ပါတယ်။
Read More

အင်အားကြီးနိုင်ငံတွေက မြန်မာပြည်ပြိုကွဲအောင် သွေးခွဲနေတယ်လို့ အာဏာသိမ်း ဒုစစ်ခေါင်းဆောင် စိုးဝင်း ပြော

မြန်မာကို အင်အားကြီးနိုင်ငံတွေက နိုင်ငံပြိုကွဲအောင် သွေးခွဲမှုတွေကို အစီအစဉ်တကျ လုပ်ဆောင်နေတယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ဒုခေါင်းဆောင် စိုးဝင်းက ပြောကြားလိုက်ပါတယ်။
Read More

ရေတာရှည်မှာ PDF ၂ ယောက် အသတ်ခံရပြီး ၃ ယောက် အဖမ်းခံရ

ပဲခူးတိုင်း၊ ဇရစ်စမ်းကျေးရွာနားက ချောင်းမကျည်းဆည်အနီး တစ်နေရာမှာ PDF ရဲဘော်၂ယောက် အသတ်ခံရပြီး ၃ ယောက်ကတော့ စစ်ကောင်စီရဲ့ဖမ်းဆီးခြင်းခံလိုက်ရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

တိုက်ပွဲများ နီးကပ်နေသည့် ကျောက်ဖြူ၊ စစ်တွေမှာ တက္ကသိုလ်ဝင် စာမေးပွဲ ကျင်းပမည်၊ လာရောက်ဖြေဆိုသူများကို ဆိုလာမီးအိမ်ပေးမည် ဟု စစ်ကောင်စီ စည်ရုံး

ရခိုင်ပြည်နယ်မှာ ဒေသတစ်ခုလုံးရဲ့ ၈၀ ရာခိုင်နှုန်းကို လက်လွှတ်ထားရတဲ့ အာဏာသိမ်းစစ်ကောင်စီဟာ သူတို့ထိန်းချုပ်ထားနိုင်တဲ့ မြို့နယ် ၃ ခုမှာသာ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပနိုင်တော့မှာဖြစ်ကြောင်း အာဏာသိမ်းစစ်ကောင်စီထိန်းချုပ်ထားတဲ့ ပြည်နယ်အစိုးရက ထုတ်ပြန်ပါတယ်။
Read More

ပုလောမြို့နယ် ပြင်းဖြူရွာကို စစ်အုပ်စု ဝင်ရောက်မွှေနှောက်ပြီး PDF နေအိမ်လို့ထင်တဲ့ အိမ် ၁ လုံး မီးရှို့ဖျက်ဆီးခဲ့

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပြင်းဖြူရွာကို အကြမ်းဖက်စစ်အုပ်စုက ဝင်ရောက်မွှေနှောက်ခဲ့ပြီး PDF တွေရဲ့ နေအိမ်လို့ သူတို့ ယူဆတဲ့ အိမ်တစ်လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။