ကချင်ပြည်နယ်၊ မြစ်ကြီးနား-တနိုင်းလမ်းရှိ ခွန်စိုင်ယာန်စစ်တပ်ဂိတ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ယောက်သေဆုံးပြီး ၃ ယောက် အရှင်ဖမ်းမိခဲ့တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။

ဇူလိုင် ၁၀ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ မင်းဇေသန့်ပြည်သူ့စစ်တွေ ပူးပေါင်းအထိုင်ချထားတဲ့ ခွန်စိုင်ယာန်စစ်တပ်ဂိတ်ကို KIA နဲ့ ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ၇ ယောက်သေဆုံးပြီး ၃ ယောက်ကို အရှင်းဖမ်းမိကာ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ပုံစာ – ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက်
ဓာတ်ပုံ – လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

စစ်ကောင်စီ၏ တပ်မ ၉၉ မှ စစ်မှုထမ်းဆင်း စစ်သား ၃ ဦး လက်နက်များနှင့်အတူ မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းဆီ အလင်းဝင်

အကြမ်ဖက်စစ်ကောင်စီရဲ့ ခြေမြန်တပ်မဌာနချုပ် အမှတ် ၉၉ လက်အောက်ရှိ စစ်မှုထမ်းသင်တန်းဆင်း စစ်သား ၃ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အတုအယောင် ရွေးကောက်ပွဲ ဖန်တီးခြင်းသည် ပြည်သူ့အချုပ်အခြာအာဏာကို မတရားရယူရန် ကြိုးစားခြင်းဟု NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ပြော

ပြည်သူ့ဆန္ဒနဲ့ ဆန့်ကျင်ပြီး တရားမဝင် အတုအယောင် ရွေးကောက်ပွဲ ဖန်တီးပြုလုပ်တာဟာ ဒီမိုကရေစီကျင့်စဥ်ကို ချိုးဖောက်ပြီး ပြည်သူလူထုရဲ့ အချုပ်အခြာအာဏာကို မတရားရယူဖို့ ကြိုးစားတာဖြစ်တယ်လို့ “ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်း(Press Briefing)အစီအစဉ် - ၁၃/၂၀၂၅" မှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောဆိုလိုက်ပါတယ်။
Read More

ရှေ့တန်းမှာ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေတဲ့ 96 Soldiers PDF (တောင်ပိုင်းတိုင်းစစ်ဒေသ) က တော်လှန်ရဲဘော်များ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ 96 Soldiers PDF (တောင်ပိုင်းတိုင်းစစ်ဒေသ) က တော်လှန်ရဲဘော်တွေရဲ့ ရှေ့တန်းရောက်ပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

AA ထိုးစစ်နှင့်အတူ စစ်ကောင်စီအတွက် စိုးရိမ်ရေမှတ် ရောက်ရှိလာသည့် မြို့တော် စစ်တွေ

ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေကို အာရက္ခတပ်တော် AA က ဖေဖော်ဝါရီလဆန်းပိုင်းမှာ စတင်ထိုးစစ်တိုက်ခိုက်ခဲ့တာဟာ မြို့တော်နဲ့ မိုင်အနည်းငယ်အကွာကို ရောက်ရှိလာပြီဖြစ်ပါတယ်။
Read More

စစ်ကောင်စီ၏ မော်ဖို့းကေစခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်

ထိုင်း-မြန်မာနယ်စပ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ မော်ဖိုးကေစစ်တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက စတင်တိုက်ခိုက်နေတယ်လို့ ၁၀၀ ဝန်းကျင် ထိုင်းနိုင်ငံဘက်သို့ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ထိုင်းသတင်းတွေဖော်ပြချက်အရ သိရပါတယ်။
Read More

ပုလဲတွင် စစ်ကြောင်းအန္တရာယ်ကြောင့် ကျေးရွာပေါင်း ၂၅ ရွာမှ အရပ်သား ၂ သောင်းကျော် စစ်ရှောင်နေရ၊ အကူအညီများ လိုအပ်နေ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်မှာ စစ်​ကြောင်းထိုးဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကြောင့် ကျေးရွာပေါင်း ၂၅ ရွာက အရပ်သား ၂သောင်းကျော် စစ်ဘေးတိမ်းရှောင်နေရပြီး အခက်အခဲတွေရှိနေတယ်လို့ စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်က သတင်းဖော်ပြပါတယ်။