ထိုင်း-မြန်မာနယ်စပ်အနီး စစ်ကောင်စီရဲ့ ဝေါလေဗျူဟာကုန်းစခန်းမှာ မနေ့ဇူလိုင် ၁၁ ရက်က ကြီး မားတဲ့ ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်များထံက သိရပါတယ်။

ဇူလိုင်လက စတင်ပြီး ဝေါလေဗျူဟာကုန်းစခန်းကို တော်လှန်ရေးတပ်တွေ ပိတ်ဆို့တိုက်ခိုက်နေပြီး အဲဒီပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်သားတွေ ထိခိုက်မှုများနိုင်တယ်လို့ သိရပါတယ်။

ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်လျက်ရှိရာ ​ဝေါလဗျူဟာကုန်း၊ ဥကရစ်ထစခန်း နဲ့ တိသဲလယ်ကာကင်းစခန်းတို့သာ ကျန်ရှိတော့ပြီး အဆိုပါစခန်းတွေကို သိမ်းပိုက်နိုင်ပါက နယ်စပ်တစ်လျှောက် စစ်ကောင်စီတပ် စခန်းကင်းစင်သွားမှာဖြစ်တယ်လို့ သိပါတယ်။

Video-Saw Kaw/လူမှုကွန်ရက်
0 Shares:
You May Also Like
Read More

ပေါက်မြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်သားတွေ တိုက်ခိုက်ခံရပြီး ၅ ဦး သေဆုံးကာ ၈ ဦး ထိခိုက်ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူခရိုင် ပေါက်မြို့နယ်မြောက်ပိုင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ် သားတွေ တိုက်ခိုက်ခံရပြီး ၅ ဦး သေဆုံးကာ ၈ ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ပြည်သူ့တော်လှန်ရေးတပ်ဦး - PRF မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဘုတလင်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု စစ်သား ၆ ဦး သေပြီး အများအပြား ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ယောက်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

ထိုင်းနိုင်ငံတောင်ပိုင်း နရသီဝပ်ပြည်နယ် စစ်ဆေးရေးဂိတ်တွင် ထိုင်းစစ်သား ၁ ဦး အနီးကပ်ပစ်ခတ်ခံရ (ရုပ်/သံ)

ထိုင်းနိုင်ငံတောင်ပိုင်း နရသီဝပ်ပြည်နယ် စစ်ဆေးရေးဂိတ်မှာ ထိုင်းစစ်သားကို ဆိုင်ကယ် စီးနင်းလာတဲ့ သူက သေနတ်နဲ့ အနီးကပ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။
Read More

ရေစကြိုမြို့မှလာသည့် စစ်တပ်သံပြားကာယာဉ် ၁ စီးကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၁ ယောက်သေ၊ ၆ ယောက်ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့ကလာတဲ့ အကြမ်းဖက်စစ်တပ် သံပြားကာယာဉ် ၁ စီးကို မတ်လ ၃ ရက် ည ၁၂ နာရီဝန်းကျင်ခန့်မှာ တိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုမြို့နယ် ပကဖ ထံက သိရပါတယ်။
Read More

ရေစကြိုမှာ ပျူစခန်းကို ရိက္ခာလာပို့တဲ့ စစ်တပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ၅ ယောက် သေ (ရုပ်/သံ)

မကွေးတိုင်း ရေစကြိုမြို့နယ်ထဲက ပျူစခန်းကို ရိက္ခာလာပို့တဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဒီဇင်ဘာ ၂၃ ရက်က ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၅ ယောက် သေခဲ့တယ်လို့ YOUNG WOLF LOCAL PDF အဖွဲ့ထံက သိရပါတယ်။
Read More

MBT နှင့် RBDF တပ်ဖွဲ့တို့ ပူးပေါင်းပြီး ချေမှုန်းရေးရိုင်ဖယ်သေနတ် ထုတ်လုပ်အောင်မြင် (ရုပ်/သံ)

BT-16 လို့ နာမည်ပေးထားတဲ့ ချေမှုန်းရေးရိုင်ဖယ်သေနတ်ကို Myingyan Black Tiger (MBT)တပ်ဖွဲ့နဲ့ Royal Brother Defence Force (RBDF)တပ်ဖွဲ့တို့ ပူးပေါင်းထုတ်လုပ်မှု အောင်မြင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။