စစ်တပ်က ရာနှုန်းပြည့်နီးပါး စိုးမိုးထားနိုင်နေတဲ့ မွန်ပြည်နယ်၊ မုဒုံမြို့က ရွှေဆိုင်ကို လုယက်စဉ်မှာ ဆိုင်ရှင်အမျိုးသားဖြစ်သူ သေဆုံးခဲ့ပြီး တရားခံကို အခုအချိန်ထိ မဖမ်းမိသေးတာကြောင့် ဒေသခံတွေကြားမှာ ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

ဇူလိုင်လ ၁၁ ရက် မနေ့က နေ့လယ် ၁၁ နာရီအချိန်၊ မုဒုံမြို့ရဲ့ ရွှေဟင်္သာဈေးရုံ ၁ အတွင်းမှာ အဆိုပါလုယက်မှု ဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။

ဖြစ်စဉ်မှာ အဆိုပါ ရွှေရတနာဦးရွှေဆိုင်ကို အမျိုးသား ၁ ယောက် ရောက်ရှိလာပြီး ရွှေဝယ်ဟန်ဆောင်ကာ ရွှေဆိုင်ပိုင်ရှင်ရဲ့ သမီးဖြစ်သူကို သေနတ်ပြ ရိုက်နှက်ပြီး ရွှေတွေကို လုယူဖို့ ကြိုးစားခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက်မှာတော့ ဖခင်ဖြစ်သူ ရွှေဆိုင်ပိုင်ရှင်က သေနတ်သမားကို ပြန်လည်တိုက်ခိုက်ရာမှာ သေနတ်သမားက ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ပုံစာ – ထိခိုက်ဒဏ်ရာရသူ ဒေါ်ပပဖြိုး

“သေနတ်သမားက ၁ ယောက်ထဲပဲ။ ဦးထုပ်အမဲ မျက်မှန်အမဲနဲ့၊ သေနတ်က ၃ချက်ပစ်လိုက်တာ… ရွှေတွေတော့ မပါသွားဘူးလို့ သိရပါတယ်” လို့ အမည်မဖော်လိုတဲ့ မုဒုံမြို့ခံ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။

သေနတ်ပစ်ခတ်ခံရတဲ့ ရွှေဆိုင်ပိုင်ရှင် ဦးပန်းလာနဲ့ သမီးဖြစ်သူ ဒေါ်ပပဖြိုးတို့ ၂ ယောက်ထဲက ဦးပန်းလာကတော့ ဆေးရုံအရောက်မှာ သေဆုံးသွားပြီး ဒေါ်ပပဖြိုးမှာလည်း စိုးရိမ်ဖွယ်အခြေအနေ ဖြစ်နေတယ်လို့ သိရပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး မြို့ခံတွေကတော့ မုဒုံမြို့မှာ စစ်ကောင်စီတပ်တွေ ရာခိုင်နှုန်းအပြည်စိုးမိုးထားပြီး မြို့အနှံ့မှာလည်း CCTV များစွာရှိပေမယ့် လက်ရှိအချိန်ထိ တရားခံ ဖမ်းမမိသေးတာကြောင့် ဝေဖန်မှုတွေ မြင့်တက်နေတာပဲ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ရှမ်းတောင်-ကရင်နီ တိုင်းစစ်ဌာန၊ ဗျူဟာ ၁၁ ၏ စစ်မြေပြင်တပ်မှူးများသင်တန်း အောင်မြင်စွာကျင်းပပြီးစီး

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)၊ ရှမ်းတောင်၊ ကရင်နီတိုင်းစစ်ဌာန နည်းဗျူဟာ အမှတ် (၁၁) မြေပြင်တပ်မှူးများ သင်တန်းဆင်းပွဲကို ကရင်နီပြည်တနေရာမှာ ဇွန် ၁၆ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီစခန်းကုန်းတွေဆီ ရောက်လာမယ့် FW (Hercules)

လက်ရှိတော်လှန်ရေးမှာ မြေပြင်ရဲဘော်တွေရဲ့ တိုက်ခိုက်နိုင်စွမ်းနဲ့အတူ ဒရုန်းစစ်ဆင်ရေးတွေကလည်း မရှိမဖြစ် အရေးပါလှပါတယ်။
Read More

မတ္တရာတွင် စိတ်ကျန်းမာရေးချို့တဲ့သူ စစ်ရှောင်အမျိုးသမီးတစ်ဦးကို စစ်အုပ်စု မုဒိန်းကျင့်စွန့်ပစ်ခဲ့

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ခြမ်းမှာ စိတ်ကျန်းမာရေးချို့တဲ့သူ စစ်ဘေးရှောင် အမျိုးသမီး ၁ ယောက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မုဒိန်းကျင့်စွန့်ပစ်ထားခဲ့ကြောင်း Voice Of Mandalay တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

CDM အမျိုးသမီး ဆရာဝန်တစ်ဦးကို မင်းကင်း ပလဖ အင်အားသုံး လက်ထိပ်ခတ်ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်က CDM ဆရာဝန် ဒေါက်တာ ဒေါ်ခင်သူသူလွင်ကို မင်းကင်းမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က လက်ထိပ်ခတ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

တောင်ခမ်းတိုက်ပွဲတစ်ခုအတွင်း ပြန်ဆုံတဲ့ ဆန့်ကျင်ဘက် ယူနီဖောင်းဝတ် ညီအစ်ကိုအရင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် ၊ တောင်ခမ်းဒေသမှာ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေရာ ဖေဖော်ဝါရီ ၄ ရက် ဒီနေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက်ကို ဖမ်းမိခဲ့တယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLF/DPLA) က သတင်းဖော်ပြထားပါတယ်။
Read More

စစ်ကော်မရှင်၏ ရွေးကောက်ပွဲအတုတွင် ဝင်ပြိုင်သူများကို ကရင်နီအမျိုးသား သစ္စာဖောက်အဖြစ် သတ်မှတ်မည်ဟု ဆို 

ကရင်နီပြည်မှာ အာဏာသိမ်း စစ်ကော်မရှင် ကျင်းပတဲ့ အတုအယောင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကို ကရင်နီအမျိုးသား သစ္စာဖောက်အဖြစ် သတ်မှတ်သွားမယ်လို့ ကရင်နီပြည်လူငယ်ထုတွေက ဆိုလာပါတယ်။