စစ်ကိုင်းတိုင်း ချောင်းဦးမြို့ရှိ စစ်ကောင်စီတပ်ကို ရိက္ခာလာပို့တဲ့ စစ်ယာဉ်တန်းကို ကြားဖြတ်တိုက် ခိုက်ခဲ့တယ်လို့ Monywa Youth Attack Force -MYF မှ သတင်းထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၁၀ ရက် ညပိုင်းက မုံရွာဘက်ကနေ ချောင်းဦးမြို့အတွင်းသို့ သံပြားကာယာဉ် ၅ စီးနဲ့ ရိက္ခာ လာပို့တဲ့ စစ်ကောင်စီတပ်သားတွေကို မုံရွာ-ချောင်းဦးလမ်းပိုင်းတစ်နေရာမှာ အသင့်စောင့်ဆိုင်း တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း လမ်းပိုင်းမှာ ကင်းပုန်းဝပ်နေတဲ့ ပျူစောထီးတွေကလည်း ပြန်လည်ပစ်ခတ်ခဲ့ ပြီး အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို GOLDEN PEOCOCK ATTACK FORCE ၊မုံရွာခရိုင်အမှတ် ၂၃ တပ်ရင်း တပ်ခွဲ (၂)၊ မုံရွာခရိုင်အမှတ် ၁၇ တပ်ရင်း တပ်ခွဲ (၃)၊ TIGER FIGHTER M_21.2နဲ့ AERA(71)LOCAL PEOPLE DEFENCE FORCEတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။
Video-Area71Local People Defense Force Monywa

0 Shares:
You May Also Like
Read More

ပခုက္ကူခရိုင် Localတပ်ရင်း အပတ်စဥ် (၁) သင်တန်းဆင်းပွဲ ကျင်းပပြုလုပ် (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူခရိုင် စိုးမိုးနယ်မြေတစ်နေရာမှာ ပခုက္ကူခရိုင် Localတပ်ရင်း အပတ်စဥ် (၁) သင်တန်းဆင်းပွဲကျင်းပပြုလုပ်ခဲ့တယ်လို့ 𝐉𝐮𝐬𝐭𝐢𝐜𝐞 𝐑𝐞𝐯𝐨𝐥𝐮𝐭𝐢𝐨𝐧 𝐅𝐨𝐫𝐜𝐞 မှ မေ ၁ ရက်က ထုတ်ပြန်ထားပါတယ်။
Read More

ကျရာတာဝန် ကျေပွန်နေကြတဲ့ အမျိုးသမီးရဲဘော်လေးများ (ရုပ်/သံ)

ကျရာတာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်နေကြတဲ့ အမျိုးသမီးရဲဘော်လေးတွေရဲ့ တစ်နေ့တာ တာဝန်တွေကို မုံရွာခရိုင်တပ်ရင်း(၄) Monywa The Boys က ထုတ်ပြန်လိုက်ပါတယ်။
Read More

လှိုင်သာယာ ချန်းရိ Adidas ဖိနပ်စက်ရုံမှာ လုပ်ခလစာတိုးမြှင့်ပေးရေး လုပ်သားများ ဆန္ဒပြ (ရုပ်/သံ)

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် ချန်းရိ Adidas ဖိနပ်စက်ရုံမှာ မေလ ၁၄ ရက်ကစတင်ပြီး လုပ်ခလ စာတိုးမြှင့်ပေးရေး လုပ်သားတွေဆန္ဒပြလျက်ရှိတယ်လို့ ဒေသသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ချောင်းမတိုက်ပွဲအတွင်း ဖမ်းမိသည့် စစ်သုံ့ပန်းများအနက် ဆေးကြောင်နေသည့် စစ်သားများ ပါဝင်လာ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမရွာတိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေထဲမှာ ဆေးကြောင်နေတဲ့ စစ်သားတွေပါဝင်လာပြီး အဆိုပါ သုံ့ပန်းတွေကို တော်လှန်ရေးရဲဘော်တွေ ဆေးကုသပေးနေတဲ့ ရုပ်သံဖိုင်တွေကို BLDF ရဲဘော်တွေက လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။
Read More

မြဝတီမြို့ ကျောက်ခက်မှာ နေရပ်ပြန်လိုတဲ့ နိုင်ငံခြားသားတွေနဲ့ DKBA တို့ ပဋိပက္ခဖြစ်ပွား (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ ကျောက်ခတ်မှာ ဧပြီ ၁၃ ရက် မနေ့က ကျားဖြန့်လုပ်ငန်းနဲ့ ဆက် စပ်မှုရှိတဲ့ နိုင်ငံခြားသားတွေကို ထိန်းသိမ်းထားရာမှာ နေရပ်ပြန်လိုတဲ့အတွက် ဆန္ဒပြခဲ့ရာကနေ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) နဲ့ ပဋိပက္ခဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

အာယုတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို ရေးဘီလူးအဖွဲ့ ဝင်ရောက်တိုက်ခိုက် (ရုပ်/သံ)

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို မနေ့ကနိုဝင်ဘာ ၂၃ ရက်မှာ ရေးဘီလူးအဖွဲ့က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ တိုက်ခိုက်မှုအတွင်း ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာရှိတဲ့ ပျူစောထီးခေါင်းဆောင် ဗိုလ်ကြီးဟောင်း ၁ ယောက်နဲ့ အုပ်ချုပ်ရေးမှူးအပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။