ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူ ၁ ယောက် နှလုံးဖောက်သေဆုံးသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ ကျုံဒိုးမြို့ အခြေစိုက် ခမရ (၅၄၅)တပ်ရင်းက ဇူလိုင်လ ၉ ရက် ညပိုင်းအချိန်မှာ (၁၂၀)မမ လက်နက်ကြီးပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဟာ ကျုံဒိုးမြို့နယ်၊ သလွဲထော်‌ကျေးရွာအုပ်စု၊ အောင်ဗလကုန်းကျေးရွာမှာ ကျရောက်ပေါက်ကွဲပြီး အသက် (၅၅) နှစ်အရွယ် အမျိုးသမီးတစ်ယောက်က လက်နက်ကြီး ပေါက်ကွဲသံကြောင့် ကြောက်ရွံ့ထိတ်လန့်ပြီး နှလုံးဖောက် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ပုံစာ – စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နှလုံးဖောက်သေဆုံးခဲ့တဲ့ အမျိုးသမီး…
0 Shares:
You May Also Like
Read More

အတုယောင်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သူများကို အရေးယူသွားမယ်လို့ တမူးမြို့နယ် အရေးပေါ်အုပ်ချုပ်ရေး (ဗဟို)အဖွဲ့ ကသတိပေး

မကြာခင်ကျင်းပပြုလုပ်တော့မယ့် အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်သူများကို အရေးယူမှုတွေပြုလုပ်သွားမယ်လို့ တမူးမြို့နယ်အရေးပေါ်အုပ်ချုပ်ရေး (ဗဟို) အဖွဲ့က ထုတ်ပြန်ထားပါတယ်။ ဒီအတုအယောင်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ လူပုဂ္ဂိုလ်တွေ၊ နိုင်ငံရေးပါတီတွေနဲ့ ရွေးကောက်ပွဲ ဖြစ်မြောက်အောင် ပါဝင်ကူညီဆောင်ရွက်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ပြည်သူပိုင်အဖြစ်သိမ်းဆည်းသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားတာပါ။
Read More

အာသံအကျဉ်းထောင်အတွင်း ချင်းလူငယ်တွေ ရုပ်ပိုင်း၊ စိတ်ပိုင်း အခြေအနေတွေကြောင့် အစာငတ်ခံဆန္ဒပြမှုကို ရပ်နား

အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်မှာ ဖမ်းဆီးအကျဥ်းချခံထားရတဲ့ ချင်းလူငယ် ၃၂ယောက်ရဲ့ အစာငတ်ခံဆန္ဒပြမှုဟာ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေတွေကြောင့် ရပ်နားထားကြောင်း India For Myanmar တာဝန်ရှိသူ ဆလိုင်းဒိုရ်ခါက မောင်းကို ပြောပါတယ်။
Read More

ပဲခူးနဲ့ ကရင်အစပ်က တောင်ငူ-သံတောင်ကြီးလမ်းပိုင်းမှာ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၄ ယောက်ထက်မနည်း သေဆုံး

ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်အစပ် တောင်ငူ - သံတောင်ကြီးလမ်းပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ၃ကြိမ်ဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ KNLA တပ်မဟာ ၂ တပ်ရင်း ၅ Thawthikho အဖွဲ့ဆီက သိရပါတယ်။
Read More

မင်းအောင်လှိုင်က အာဆီယံ ဘုံသဘောတူညီချက်တွေကို လက်နက်သဖွယ်သုံးပြီး ရွေးကောက်ပွဲကို အသိအမှတ်ပြုဖို့ လုပ်ဆောင်ဖွယ်ရှိနေ

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က မကြာခင်မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲကို နိုင်ငံတကာက အသိအမှတ်ပြုဖို့ အာဆီယံ ဘုံသဘောတူညီချက်တွေကို အပေးအယူသဘောမျိုး လုပ်ဆောင်လာနိုင်ကြောင်း နိုင်ငံရေး လေ့လာသူတွေက သုံးသပ်ပြောကြားလိုက်ပါတယ်။
Read More

လောင်းလုံးနဲ့ ထားဝယ်မှာ စစ်ကောင်စီစခန်းတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်နဲ့ ထားဝယ်မြို့နယ်တို့က စစ်ကောင်စီစခန်းတွေနဲ့ ပြည်သူတွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ 
Read More

စစ်အုပ်စု ရှိနေသည့် အဆောက်အဦးကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ အကြမ်းဖက်စစ်သား ၈ ဦး သေဆုံး

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်က စစ်ကောင်စီတပ်သားတွေ အထိုင်ချတပ်စွဲနေတဲ့ အဆောက်အဦးကို ဒရုန်းနဲ့သွားရောက်ဗုံးကြဲတိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်သား ၈ ယောက် သေဆုံးခဲ့ကြောင်း တောကျီးကန်း (၇) ကောင် တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။