စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ် အထိုင်စခန်းတွေဖြစ်တဲ့ ဟင်္သာကြီးပျူရွာ၊ ဘိုးနတ်တောင်စခန်းကုန်း၊ တောင်လှဗျူဟာစခန်းကုန်းနဲ့ ဘိုးထွန်းကျော် ဗျူဟာစခန်းကုန်းတွေကို ဇူလိုင် ၄ ရက်၊ ၅ ရက်နဲ့ ၇ ရက်တို့မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင် အမှတ် ၁၈-တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။

သိမ်းပိုက်ရရှိထားတဲ့ စခန်းကုန်းမှာလည်း ရွှေဘိုခရိုင် အမှတ် ၁၈-တပ်ရင်း ဒုတပ်ရင်းမှူးက PDF အလံကို လွှင့်ထူခဲ့ပါတယ်။

စစ်ကောင်စီရဲ့ အထိုင်စခန်း ၄ ခု တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ တိုက်ပွဲမှာ စစ်တပ်ရဲ့ ဒုတပ်ရင်းမှူး ဗိုလ်မှူးချမ်းလွင်မောင်ကို အရှင်ဖမ်းဆီးနိုင်ခဲ့ပြီး စစ်သား ၉ ယောက် သေဆုံးခဲ့ကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

Video – ရွှေဘိုခရိုင် အမှတ် ၁၈-တပ်ရင်း နယ်စည်းမခြား တော်လှန်ရေးအင်အားစု

0 Shares:
You May Also Like
Read More

သာစည်မြို့နယ် ရန်ကုန်-မန္တလေးလမ်း‌ဟောင်းတွင် ဆီဘောက်ဆာကား မီးလောင်မှုဖြစ်ပွား (ရုပ်/သံ)

မန္တလေးတိုင်း၊ သာစည်မြို့နယ်၊ ရန်ကုန်-မန္တလေးလမ်း‌ဟောင်းမှာ ဒီဇင်ဘာ ၃ ရက် ဒီနေ့ နေ့လယ်ပိုင်းက ဆီဘောက်ဆာကား မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပိတောက်ကုန်းကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ ၂ ရက်တာ တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ပိတောက်ကုန်း‌ကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ ဒီဇင်ဘာ ၁၂ ရက်နဲ့ ၁၃ ရက်မှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ကီးကူးစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

ငသရောက်မြို့ရဲစခန်း ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း ညောင်ဦးခရိုင် ငသရောက်မြို့ ရဲစခန်းမှ ထွက်လာတဲ့ အင်အား ၁၀ ယောက်ခန့်ရှိအကြမ်းဖက်စစ်သားနဲ့ ရဲတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ManBaKhaing People Defence Force ထံက သိရပါတယ်။
Read More

ဖိလစ်ပိုင်တွင် ပြင်းအား ၆.၉ ငလျင်လှုပ်ခတ်မှု လူအများအပြား ထိခိုက် သေဆုံး (ရုပ်/သံ)

ဖိလစ်ပိုင်နိုင်ငံမှာ မနေ့ညပိုင်းက ပြင်းအား ၆.၉ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် လူအများအပြား ထိခိုက်သေဆုံးခဲ့ရပါတယ်။
Read More

တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ)ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅လုံး အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်က စစ်ကောင်စီရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်မှုမှာ တပခ ဝန်းထဲ ထိရောက်ပေါက်ကွဲခဲ့တယ်လို့  Brave Warriors For Myanmar (BWM) က ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။
Read More

မြိုင်မြို့နယ်အတွင်း စစ်ကောင်စီ တပ်သားသစ်များကို သင်တန်ပေးနေသည့်စခန်းအား လက်နက်ကြီး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့နယ်အတွင်း စစ်ကောင်စီရဲ့ တပ်သားသစ်တွေကို သင်တန်းပေးနေတဲ့ စခန်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပွဲတိုင်းကျော် လက်နက်ကြီးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။