မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း မော့ကနင်ကျေးရွာ၊ ကွမ်ကျိုက်တပ်စခန်းအနီးက စစ်ကောင်စီရဲ့ ကင်းပုန်းစခန်းကို တိုက်ခိုက်ရာ စစ်သား ၃ ဦး သေဆုံးခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) ထံက သိရပါတယ်။

ဒီနေ့ ဇူလိုင်လ ၁၁ ရက်၊ မနက် ၁၀ နာရီဝန်းကျင်အချိန်မှာ အဆိုပါ တိုက်ခိုက်မှုကို ဖော်ဆောင်ခဲ့တာဖြစ်ပြီး ထိတွေ့တိုက်ပွဲ နာရီဝက်ခန့် ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။

“ကွမ်ကျိုက်စခန်းမှာက အင်အား ၃၀လောက်ရှိတယ်။ အခု ကင်းပုန်းစခန်းမှာကတော့ ၁၅ ယောက်လောက်နဲ့ ကင်းပုန်းဝပ်နေတဲ့ အနေအထား။ တိုက်ပွဲအတွင်းမှာ ရန်သူဘက်ကနေ အင်အားထပ်ပို့လာတာမျိုးမရှိဘူး။ ပြီးတော့ ပြောက်ကျားစစ်ဆင်းရေးဆိုတော့ တိုက်ပြီး ချက်ချင်းပြန်ဆုတ်လာခဲ့တာပါ” လို့ MSRF ပြောရေးဆိုခွင့်ရှိသူ မိတလဉာဏ်က မောင်းကို ပြောပါတယ်။

အဆိုပါ တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ၃‌‌ယောက် သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရရှိကာ တော်လှန်ရေးမဟာမိတ် ပူးပေါင်းတပ်ဖွဲ့ဝင်တွေကတော့ တစုံတရာထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ခွာစစ်ဆင်နိုင်ခဲ့တယ်လို့ သိရပါတယ်။


ဒီတိုက်ခိုက်မှုကို မွန်ပြည်‌‌ဖက်ဒရယ်ကောင်စီ (MSFC) ရဲ့ တပ်တွေဖြစ်တဲ့ မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) နဲ့အတူ မဟာမိတ်ဖြစ်တဲ့ KNLA တပ်ရင်း(၂၇) ၊ တပ်ခွဲ (၁) တို့က ပူးပေါင်းဖော်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၈ ရက်နေ့၊ နေ့လယ် ၁၂ နာရီ ဝန်းကျင်အချိန်မှာလည်း မွန်ပြည်နယ်၊ ရေး-ထားဝယ်လမ်းပိုင်းက ရေးမြို့အခြေစိုက် စကခ (၁၉) လက်အောက်ခံ ကလော့ကျေးရွာအနီးရှိ အမတ (၃၁၆) အမြောက်တပ်ကို MSRF နဲ့ စစ်ရေးမဟာမိတ်ဖြစ်‌တဲ့ ဒေါနတပ်ရင်းတို့ကနေ ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။

အဲဒီဖြစ်စဉ်မှာတော့ ဗုံးကြဲခဲ့တဲ့ ဗဟိုကင်းမှာ လူစုလူဝေးလုပ်နေတဲ့ အချိန်ဖြစ်တာကြောင့် စစ်ကောင်စီတပ်သား တပ်သား ၁၅ ယောက် သေဆုံးခဲ့ကြောင်း စစ်ကောင်စီတပ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်ထံကနေ သိရတယ်လို့ MSRF က‌ ဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

မုံရွာမှာ ပေါ်တာဆွဲဖို့လုပ်နေတဲ့ စစ်​အုပ်စုလှည့်ကင်းကား ပစ်ခတ်တိုက်ခိုက်ခံရ၊ ရဲနဲ့ စစ်သား ၄ ယောက် သေပြီး ၁ ယောက် ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ပေါ်တာဆွဲဖို့ကင်းလှည့်နေတဲ့ စစ်အုပ်စုကားတွေကို ပစ်ခတ်တိုက်ခိုက်ရာ ရဲနဲ့စစ်သား ၄ယောက် သေဆုံးသွားတယ်လို့ မုံရွာခရိုင် အမှတ် ၂၂ နတ်ဆိုးတပ်ရင်း တာဝန်ရှိသူ ကိုနတ်ဆိုးက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

KNDF တပ်ရင်းအမှတ် (၃) နှင့် တပ်ရင်းအမှတ် (၃၁) ရှိ တပ်သားများနှင့် မိသားစုဝင်များ တွေ့ဆုံခြင်းအခမ်းအနား

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၊ တပ်ရင်းအမှတ် (၃) နဲ့ တပ်ရင်းအမှတ် (၃၁) ရှိ တပ်သားတွေနဲ့ မိသားစုဝင်တွေ တွေ့ဆုံခြင်းအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မြောင်မြို့နယ်၊ ပန်းညိုရွာက စာသင်ကျောင်းနှင့် နေအိမ် ၅၀ ကျော်ကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး၊ မြေတော်ရွာကို မီးဆက်ရှို့နေ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ပန်းညိုရွာရှိ စာသင်ကျောင်းနဲ့ အရပ်သားနေအိမ် အလုံး ၅၀ ကျော်ကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေး အဖွဲ့ - CDSOM က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

မိုးကုတ်မြို့ကို စစ်တပ် ပေါင် ၅၀၀ ဗုံး ကြဲချလို့ ပြည်သူ (၈) ဦး သေဆုံး၊ (၇) ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းမှာ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၈) ယောက် သေဆုံးပြီး (၇) ယောက် ဗုံးစထိမှန် ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပုသိမ်-မုံရွာ လမ်းပိုင်းကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် မိုင်းဆွဲခံရပြီး ၄ ဦး သေ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်း ပုသိမ်-မုံရွာလမ်းပိုင်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ယင်းမာပင်ခရိုင် ပကဖထံက သိရပါတယ်။
Read More

မတ္တရာမြို့နယ်ကို စစ်ကော်မရှင်တပ် လေကြောင်းဗုံးကြဲမှုကြောင့် ဒေသခံ ၃ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ကို အကြမ်းဖက်စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ Voice Of Mandalay အဖွဲ့ထံက သိရပါတယ်။