စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အရှ့ခြမ်းက ရေလည်မော်ရွာမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၅၀ အရွယ် အမျိုးသား ၁ ယောက် သေဆုံးပြီး ကလေးငယ်တွေလည်း ထိခိုက်ထားကြောင်း သိရပါတယ်။

ဇူလိုင်လ ၁၁ ရက်၊ ဒီနေ့မနက် ၉ နာရီအချိန်မှာ ရေလည်မော်ရွာဆိပ်ကမ်းရှိရာကို စစ်ကောင်စီရဲ့ တံတားဦးလေဆိပ်တက် ဂျက်ဖိုက်တာက လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ်လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း Wetlet Informational Network တာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီ ဂျက်ဖိုက်တာက ရေလည်မော်ရွာ မြစ်ကမ်းနဖူးကို ဗုံးသီး ၆လုံး ကြဲချကာ စက်လက် ၁ကြိမ်ပစ်ခတ်ခဲ့တဲ့အတွက် အရပ်သားတွေ ထိခိုက်သေဆုံးခဲ့တာ ဖြစ်ပါတယ်။

“ရွာက မြစ်ကမ်းဘေးရှိတာ။ ဆိပ်ကမ်းပါ။ အဲ့အပေါ်ဒဲ့ကျတော့ ပြည်သူတွေထိခိုက်တာပါ။ တိုက်ပွဲမရှိဘဲ အလွတ်ကြီးလာပစ်သွားတာပါ။” လို့ Wetlet Informational Network တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအတွင်း အသက် ၇ နှစ်နဲ့ ၉ နှစ်အရွယ် ကလေးငယ် ၃ ယောက်၊ ၁၄ နှစ်အရွယ် လူငယ် ၁ ယောက် အပါအဝင် ထိခိုက်ဒဏ်ရာရသူ ၆ ယောက်ထက်မနည်း ရှိကြောင်း သိရပါတယ်။

ဒါ့အပြင် ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်ကိုင်းမြို့၊ လင်းတလူးကျေးရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ရှောင်အရပ်သား ၃၀နီးပါး သေဆုံးခဲ့တယ်လို့လည်း ကနဦး သိထားရပါသေးတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်း အကြမ်းဖက်စစ်ကောင်စီက စစ်ကိုင်းတိုင်းကို လေကြောင်းတိုက်ခိုက်မှု ၃၂ ကြိမ်လုပ်ဆောင်ထားရာမှာ အရပ်သား ၁၄ ယောက်သေဆုံးခဲ့သလို နေအိမ် ၂၉ လုံး ၊ စာသင်ကျောင်း ၄ ကျောင်းနဲ့ ဘာသာရေးအဆောက်အအုံ ၂ လုံးလည်း ပျက်စီးခဲ့ရတယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ဝက်လက်မြို့နယ် ရေလည်မော်ကျေးရွာမှ ထိခိုက်သေဆုံးခဲ့သူများ (ဓာတ်ပုံ Wetlet Informational Network)

0 Shares:
You May Also Like
Read More

ပုလောအခြေစိုက် အကြမ်းဖက်စစ်တပ် ခလရ ၁၀၁ တပ်ရင်းမှ တပ်ဖွဲ့ဝင်တပ်သား(၁)ဦး K.N.L.A တပ်မဟာ(၄) ထံ လက်နက်ဖြင့် အလင်းဝင်ဘက်ပြောင်းခိုလှုံ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်တပ်ရဲ့ ခလရ ၁၀၁ တပ်ရင်းမှ တပ်ဖွဲ့ဝင်တပ်သား (၁) ယောက် လက်နက်နဲ့အတူ အလင်းဝင်ဘက်ပြောင်းခိုလှုံလာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်ထားဝယ်ခရိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ထီးလင်းမြို့နယ်ဘက် စစ်တပ် စစ်ကြောင်းထိုးရင်း ဒေသခံ ၁၀ ဦးဝန်းကျင်ကို ဖမ်းဆီးသွား

မကွေးတိုင်း၊ ထီးလင်းမြို့နယ်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုဟာ ဒေသခံတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားတယ်လို့ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
Read More

တပ်သားသစ်တွေ ထွက်ပြေးလို့ လိုက်ရှာတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရ၊ စစ်သား ၂ ဦး သေဆုံး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မှာ စစ်ကောင်စီတပ်တွေဟာ တပ်သားသစ် ၃ ယောက် ထွက်ပြေးတာကို လိုက်ရှာစဉ်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားပြီး ၂ ယောက်သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ က သတင်းထုတ်ပြန်လာပါတယ်။ 
Read More

ကျိုက်ထိုမြို့နယ်အတွင်း တပ်မ ၂ ခုနဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ် ကြားဖြတ်တိုက်ခိုက်ခံရလို့ ပြန်လည်ဆုတ်ခွာထွက်ပြေး

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်းကို အကြမ်းဖက်စစ်တပ်ရဲ့ တပ်မ နှစ်ခု ဖြစ်တဲ့ တပ်မ ၇၇ နဲ့ တပ်မ ၄၄ တို့ စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ပြီး တော်လှန်ရေးတပ်တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့် ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။
Read More

အရာတော် အထက်တန်းကျောင်းရှေ့ စစ်တပ်ဂိတ် တိုက်ခိုက်ခံရပြီး စစ်သားများ ထွက်ပြေး၊ ဆိုင်ကယ် ၃ စီး၊ ခဲယမ်းအချို့နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်မှာ အထက်တန်းကျောင်းရှေ့ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ဂိတ်ကို ပကဖ နဲ့ LDF ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ရာ စစ်အုပ်စု ထိခိုက်သေဆုံးပြီး စခန်းစွန့်ခွာ ထွက်ပြေးကုန်ကြတယ်လို့ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ငလျင်လှုပ်ခဲ့ပေမယ့် မြန်မာမှာ နျူကလီးယားဓာတ်အားပေးစက်ရုံ ဆောက်လုပ်ရေးအစီအစဉ်ကို ဆက်လုပ်သွားမည်ဟု ရုရှား ဆို

ငလျင်နဲ့ စစ်ဒဏ်သင့် မြန်မာနိုင်ငံမှာ နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်မယ့်အစီအစဉ်ကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ စီမံကိန်းကို ဦးဆောင်နေတဲ့ ရုရှားအစိုးရပိုင်ကုမ္ပဏီက Reuters ကို ပြောပါတယ်။