ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်ခရိုင်ရှိ ကော်ဇွန်းထုတ်လုပ်တဲ့ စက်ရုံက အလုပ်သမား(၁၂၀)ကျော်ကို လုပ်အားခတွေ မရှင်းပေးတာကြောင့် တောင်းဆိုခဲ့တဲ့ အလုပ်သမားတွေကို ဖိနှိပ်နေမှုအပေါ် NUG အလုပ်သမားဝန်ကြီးဌာနနဲ့ မဟာမိတ်အဖွဲ့က ကူညီဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်ခရိုင်ရှိ Pa Siam Industry Co,Ltd ကော်ဇွန်းထုတ်လုပ်တဲ့ စက်ရုံက အလုပ်သမား (၁၂၀) ကျော်ကို လုပ်အားခတွေ မရှင်းပေးတာကြောင့် စက်ရုံကို လုပ်အားခပေးဖို့ တောင်းဆိုရာ အပြည့်အဝ မရှင်းပေးဘဲ တောင်းဆိုတဲ့ အလုပ်သမားတွေကို လုပ်ငန်းခွင်အတွင်း ဖိနှိပ်မှုတွေ ဆောင်ရွက်လာခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဖိနှိပ်ခံရတဲ့ အလုပ်သမားတွေက ထိုင်းရောက် မြန်မာလုပ်သားအရေး ကူညီပေးနေတဲ့ MHAC မဟာမိတ်အဖွဲ့ကို တိုင်ကြားလာရာ NUG အလုပ်သမားဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ MHAC မဟာမိတ်အဖွဲ့က အဖွဲ့ဝင်တွေဟာ ဇူလိုင်လ ၂ ရက်က စက်ရုံပြင်ပမှာ အလုပ်သမားတွေနဲ့ တတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် NUG အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ MHAC မဟာမိတ်အဖွဲ့တို့ ပူပေါင်းပြီး ဇူလိုင်လ ၈ ရက်မှာတော့ နစ်နာသူ အလုပ်သမားတွေထဲက အယောက် (၅၀) အတွက် စမွတ်ဆာခွန်ခရိုင် ဆာဝါဒီကန်ရုံးမှာ အမှုဖွင့်တိုင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်တပ် အာဏာသိမ်းပြီးနောက် ပြည်သူ ၆၈၀၀ ကျော် သေဆုံးကာ ၂၂၀၀၀ ကျော် အကြောင်းပြချက်မရှိ ဖမ်းဆီးခံထားရဟု NUG ဝန်ကြီးဒေါ်ဇင်မာအောင် ပြော

(၁၅၁) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များ (IPU) ညီလာခံမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီးနောက် ပြည်သူ ၆၈၀၀ ကျော်သေဆုံးပြီး ပြည်သူ ၂၂၀၀၀ ကျော် အကြောင်းပြချက်မရှိ ဖမ်းဆီးခံထားရတယ်လို့ ပြောဆိုခဲ့ကြောင်း NUG က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

TNLA ဖမ်းမိသည့် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၁၆ ဦးအား တရုတ်အစိုးရထံ လွှဲပြောင်းပေး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်မှာ ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသား ကျားဖြန့်လုပ်ကိုင်သူ ၁၆ယောက်ကို တရုတ်အစိုးရထံ ဒီနေ့မနက်မှာ လွှဲပြောင်းပေးခဲ့ကြောင်း တအာင်းတပ် TNLA က ထုတ်ပြန်ပါတယ်။
Read More

မြန်မာဘက်ပို့မည့် Starlink ၂၁ လုံး သယ်ဆောင်လာသူ မြန်မာတစ်ဦးကို ထိုင်းအာဏာပိုင်များ ဖမ်းဆီး

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ ဆန်ခလဘူရီ အကောက်ခွန်ဂိတ်မှာ မြန်မာနိုင်ငံကို ပို့မယ့် Starlink ဂြိုလ်တုအင်တာနက် ဆက်သွယ်ရေး စက် ၂၁ လုံး သယ်ဆောင်လာတဲ့ မြန်မာနိုင်ငံသားကို တားမြစ်ပစ္စည်းတွေ တရားမဝင် လက်ဝယ်ထားရှိမှုနဲ့ ဖမ်းဆီးလိုက်တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြထားပါတယ်။
Read More

ထိုင်းအာဏာပိုင်များက မြန်မာနိုင်ငံသား ၃,၅၀၀ ဦးကို အဓမ္မပြန်ပို့မှုက လူကုန်ကူးမှုကျူးလွန်ခြင်းဟု Fortify Rights ထုတ်ပြန်

ထိုင်းအာဏာပိုင်တွေက အကြမ်းဖက် မြန်မာစစ်အုပ်စုအရာရှိတွေနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံသား ၃,၅၀၀ ကျော်ကို အဓမ္မပြန်ပို့မှုဟာ လူကုန်ကူးမှုကျူးလွန်ခြင်းဖြစ်တယ်လို့ Fortify Rights အဖွဲ့က မနေ့က ထုတ်ပြန်လိုက်ပါတယ်။ အစီရင်ခံစာအရ ပြီးခဲ့တဲ့၂၀၂၄ ခုနှစ် ဖေဖော်ဝါရီမှ ၂၀၂၅ ခုနှစ် နိုဝင်ဘာလအတွင်းမှာ ထိုင်းအရာရှိနဲ့ အကြမ်းဖက်စစ်အုပ်စုအရာရှိတွေ ပူးပေါင်းပြီး ရနောင်း - ကော့သောင်း နယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာနိုင်ငံသား ၃,၅၀၀ ဦးကို အတင်းအဓမ္မပြန်ပို့ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Read More

ထိုင်း-ကမ္ဘောဒီးယား စစ်ပွဲနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံသားများ ဂရုစိုက်နေထိုင်ကြဖို့ NUG နိုင်ငံခြားရေးဝန်ကြီး သတိပေး

နှစ်နိုင်ငံ နယ်စပ်အငြင်းပွားမှု ပြဿနာ ပိုမိုကြီးထွားလာပြီးနောက် ဒီနေ့မနက်ပိုင်းကစလို့ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားနေတာကြောင့် ထိုင်းဘက်ခြမ်းမှာ ပြည်သူတွေ ထိခိုက်သေဆုံးမှု ရှိနေပါတယ်။
Read More

စစ်အာဏာသိမ်းမှုကြောင့် နျူကလီးယားတားမြစ်ရေးဆိုင်ရာ လုပ်ငန်းများတွင် မြန်မာ ပါဝင်ဖို့ နှောင့်နှေးပျက်ပြယ်ခဲ့ရ

မြန်မာနိုင်ငံဟာ နိုင်ငံတကာနဲ့အတူ နျူကလီးယားလက်နက်များ တားမြစ်ရေးဆိုင်ရာ လုပ်ငန်းစဉ်တွေမှာ အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်ခဲ့ပြီးမှ တရားမဝင် စစ်အာဏာသိမ်းမှုကြောင့် လုပ်ငန်းစဉ်တွေ နှောင့်နှေး ပျက်ပြယ်ခဲ့ရတယ်လို့  ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။